Sunday, July 25, 2021

လေအိုး 🍁


ဇော်ဝေစိုးအင်တာဗျူးဆိုရင် အမြဲတမ်းအစဆုံးကြည့်ဖြစ်တယ်။ဒီလူကအင်မတန် ဟာသညဏ်ရွှင်တယ်။NLDကိုထောက်ခံသူတွေက ဘယ်တော့မှကိုဗစ်မကူးဘူးဆိုပြီး သိပ္ပံနည်းကျရှင်းပြသွားခဲ့ဖူးတယ်။မကြာဘူး ဦးဉာဏ်၀င်းကိုဗစ်နဲ့ဆုံးခဲ့တယ်။အခုလဲ ဒီလမကုန်မှီ ပြည်သူတွေကို နည်းလမ်းနှစ်သွယ်နဲ့ကိုဗစ်ကာကွယ်ဆေးထိုးတော့မယ်တဲ့။ကျွန်တော်အထင်ပြောရရင်တော့ တရုတ်နဲ့ အိန္ဒိယရဲ့ ကိုဗစ်ကာကွယ်ဆေးနဲ့အထောက်အကူပြုပစ္စည်းတွေ မြန်မာနိုင်ငံကိုရောက်လာတော့ မီဒီယာတွေအနေနဲ့ ခါတော်မှီအကြွားလုံးထုတ်ဖို့ NUGကတာ၀န်ရှိသူတစ်ယောက်ကိုဆွဲထုတ်ပြီး ပြည်သူအနေနဲ့SACအပေါ်ကိုကာကွယ်‌ေဆးနဲ့ပက်သက်ပြီးအားကိုးမူ့လျော့သွားအောင်ပြုလုပ်ခြင်းလို့မြင်တယ်။
ပြည်သူတွေအနေနဲ့ မည်သို့ပင်ဆိုစေကာမူSACအပေါ်ကိုအားကိုးလာကြတာတော့အမြင်ပါပဲ။ပြည်သူကအစိုးရကိုအားကိုခြင်းဟာ အစိုးရကပြည်သူကိုပြန်အားကိုးနေခြင်းထက်စာရင်အဆပေါင်းများစွာသာပါတယ်။
ဒီတော့ကျွန်တော်စိတ်၀င်စားတာက NUGကသူတို့ပြောသလို ကာကွယ်ဆေးကိုခုလအတွင်းပြည်သူကိုထိုးပေးနိုင် မထိုးပေးနိုင်ဆိုတဲ့ကိစ္စမဟုက်ပါဘူး။
တကယ်တမ်းကိုဗစ်နဲ့ပက်ပြီး ကုသရေးနဲ့ကာကွယ်ဆေးကိစ္စကိုလက်တွေ့ဆောင်ရွက်နေတဲ့SACရဲ့လုပ်ဆောင်မူ့တွေကို NUGအနေနဲ့လော်ဘီအားကောင်းကောင်း၊ပြီးတော့သူတို့သဘာ၀အတိုင်းဖျတ်လိုဖျတ်စီးလုပ်ပြီး ပြည်သူတွေကိုသေတွင်းထဲဆွဲချမှာကိုပါပဲ။SACတာ၀န်ယူပေးထားတဲ့ ကာကွယ်ဆေးထိုးသူတွေကို ဒလံလိုတံဆိပ်ကပ်ပြီးသက်ဖြတ်လာမှာတွေ၊ပြီးရင် ကိုဗစ်နဲ့ပက်သက်တဲ့စီရင်ချက်တွေကိုအခုထက်စာ ပိုပြီးထည်ထည်၀င်၀င်ဖျက်စီးလာမှာတွေ ဒါတွေကိုတော့စိတ်ပူမိပါတယ်။
ဟာသညဏ်ရွှင်တဲ့ ဇော်ဝေစိုးရဲ့နောက်ကွယ်မှာမတရားတဲ့ရက်စက်ယုတ်မာမူ့အပေါင်းများစွာရှိတယ်။ပြီး‌ေတာ့NUGဆိုတာကိုဗစ်နဲ့ပက်သက်ပြီးလေထွားနေတတ်သလို ကိုယ့်နေရာကိုယ်နားမလည်တဲ့အဖွဲ့အစည်းပါ။ကိုယ့်အတွက်အစိုးရနဲ့ပက်သက်တဲ့အင်္ဂါရပ်နဲ့ လုပ်ပိုင်ခွင့်တွေမရှိပေမဲ့ တကယ်တာ၀န်ယူလုပ်‌ကိုင်နေတဲ့ အစိုးရတစ်ရပ်ကိုNUGအနေနဲ့လော်ဘီအားကိုးပြီးလေလုံးထွားတက်သလို ပြည်သူနဲ့တပ်မတော်ကြားအမြဲသွေးခွဲနေတာက သူတို့ရဲ့လားရားပဲမဟုက်ပါလား။SACအနေနဲ့လဲ ‌NUGရဲ့တစ်ခန်းရပ်ဟာသတွေကိုအထင်မသေးမိပါစေနဲ့။အထင်သေးမိရင် တစ်ခန်းရပ်ဟာသနောက်ကွယ်ကနှစ်ပါးသွားကကွက်တွေကို လက်လွှတ်လိုက်ရပါလိမ့်မယ်....။

ငြိမ်းချမ်းပါစေ မြန်မာပြည်။

#Ax Min
25.7.2021