Friday, July 16, 2021

🪀 ရလဒ် ဘာထွက်ခဲ့သလဲ ?


အမေရိကန်သမ္မတနဲ့ ဂျာမန် အဓိပတိတို့ တွေ့ကြတယ်၊
အလွန်နွေးထွေးတဲ့ တွေ့ဆုံမှုဖြစ်ပေမဲ့
နှစ်ဖက်လုံးက ကိုယ့်ရပ်တည်ချက်တွေကို
ဆုပ်ကိုင်ထားကြတယ်၊ ပြောရရင်တော့
ကိုယ့်နိုင်ငံ အကျိုးစီးပွားအရေးကိုသာ ဦးစားပေးကြပြီး
အရင်တုန်းကလို ....
" လစ်ဘရယ် ယောင်" တာမျိုး
" မဟာမိတ်ယောင် " တာမျိုး
" သံယောင်လိုက်ယောင် " တာမျိုး မတွေရတော့တာ
ထူးခြားနေတယ်၊

.............

မနက္စာ breakfast ကို
ဒုသမ္မတ ကင်မလာဟဲရစ်ကိုယ်တိုင်ကျွေးပြီး
ဘိုင်ဒင် ကိုယ်တိုင်က 
" ပုဂ္ဂိုလ်ရေးမိတ်ဆွေ "
" နိုင်ငံရဲ့မိတ်ဆွေ " ဆိုပြီး
အနွေးထွေးဆုံး နဲ့ခရီးဦးကြိုပြု ဆွေးနွေးပွဲစခဲ့တယ်။

မာကဲလ်ဆိုတာ
ဂျာမဏီကို ဦးဆောင်လာတာ (၁၅) နှစ်
အမေရိကန်သမ္မတ (၄) ဆက်နဲ့ ဆက်ဆံလာခဲ့သူ
ဘိုင်ဒင့် ဝမ်းထဲမှာ အူဘယ်ခွေဆိုတာ သိနေသူ
ဘာကိုလိုလို့ ဒီကကွက်ကရတာလဲကိုလဲသိနေသူ၊

ထရမ့်နဲ့တုန်းက
" ဂျာမန်တွေအနေနဲ့ အမေရိကန်ကားတွေကို
   á€Ąá€›á€„á€şá€‘á€€á€şá€•á€­á€Żá€á€šá€şá€•á€ąá€¸á€•á€Ť " လို့တောင်းဆိုခဲ့တဲ့အပေါ်...

" အမေရိကန်ကားတွေကိုသာ ပိုကောင်းအောင်လုပ်ထားပါ
   á€‚ဝဏမန်တွ္က  ဝယ်ပေးဖို့ အသင့်ပါပဲ "... လို့
လှလှပပ.. အငြင်းစကားမပါပဲ ဖြေသွားနိုင်သူ။

................

ပြောရရင်
ဂျာမဏီအပါအဝင် အနောက်ဥရောပ တွေ
ရုရှားဆီက စွမ်းအင်ဝယ်ယူတဲ့ ဓါတ်ငွေ့ပိုက်လိုင်း
ကိစ္စတခု ပါလာတယ်၊ ရုရှားက နိုင်ငံရေးလက်နက်
တခုအနေနဲ့ အသုံးပြုသွားမှာကို စိုးရိမ်သလို ဘိုင်ဒင်က
ဆိုတယ်၊

မြင်ကွင်းက
မကြာခင်နန်းကျတော့မဲ့ဘုရင်တပါး
ဂယောင်ခြောက်ခြားဖြစ်နေသလိုမျိုး၊

အိုဘားမား၊ ဟီလာရီကလင်တန်တို့ ကုလားကာ
နောက်ကွယ်မှာ ငွေယူပြီး၊ နိုင်ငံရေးမျက်နှာစာမှာ
" လူသားချင်း စာနာထောက်ထား " တာတွေ
" ဒုက္ခသယ် လက္ခံရေး" တွေ
..... စတဲ့ မာယာအောက်မှာ မာကဲလ် တချက်အမိခံ
လိုက်ရသေးတာက်ု မှတ်မိနေသေးတယ်၊

ဂျာမာန်ပြည်သူအများကလက်မခံလို့
သူမရဲ့ထောက်ခံမှု အတော်ကျသွားခဲ့တယ်၊
ဒါပေမဲ့ မာကဲလ်က လူတော်တဦး၊ ချက်ခြင်းပြန်ပြင်တယ်
ရွေးကောက်ပွဲမှာ ပြန်အနိုင်ရတယ်၊

လာမဲ့အောက်တိုဘာလမှာ
အနားယူတော့မဲ့ မာကဲလ်ကို
ဘိုင်ဒင် ဘယ်လောက်နားချနိုင်မလဲ ?
အမေရိကန်သမ္မတ (၄) ဆက်နဲ့ ဆက်ဆံပြီးသူနော်

အနောက်ဥရောပတခုလုံးရဲ့ခေါင်းဆောင်
အမေရိကန်ရဲ့ အခြေအနေအမှန်ကိုရော မသိရှိပါ့မလား ?

ဒါဆိုရင်
သူတို့တွေ့ကြတဲ့အစည်းအဝေးရဲ့နောက်ဆုံးရလဒ်က
ဘာဖြစ်လာမလဲ ?
မျက်လုံး မွဲမွဲနဲ့ဆိုတော့
ဘမောင်ကတော့ ဆက်မဖတ်ဖြစ်တော့ဘူး
ပေးထားတဲ့ အခြေအနေတွေက်ုသိနေလို့။

#Ba Maung



Related Posts: