Saturday, July 24, 2021

စစ်ဆင်ရေး ၊ သတင်းမှန် နဲ့ အောင်မြင်မှု


         ကျနော်တို့ အမုန်းခံရကျိုး နပ်စပြုလာပါပြီ ။ မိတိဆွေတွေအားလုံး fb ကနေ ဝိုင်းဝန်းတောင်းဆိုမှုတွေ အကောင်အထည်ပေါ်လာနေပါပြီ ။

      စီးပွားကူးသန်းကို ပြစ်ပြစ်နှစ်နှစ် ဝေဖန်ခဲ့ကြလို့ ယခုဆိုရင် ဆေးဆိုင်များရဲ့ ဆေးဝါးလက်ကျန် နဲ့ ဆေးစျေးနှုံးတွေကို မြေပြင်မှာ မေးမြန်းစုံစမ်းပြီး ဝန်ကြီးဌာနသို့ သတင်းပေးပို့ရန် 23-7-2021 နေ့စွဲ နဲ့ ညွှန်ကြားစာ ထွက်လာပါ ပြီ ။ 

      "ဟာ'' ဆိုပြီး ဝမ်းသာသွားသလား ခဏ နေအုံး ဒီလိုတွေ ရှိပါသေးတယ် ။ 

     တချို့မြို့နယ်တွေ မှာ စီးပွားကူးသန်းက မြေပြင်ဝန်ထမ်း တဦးထဲပဲ ရှိပါတယ် ။ ဒီတော့ သူက ဆေးဆိုင်တွေစုံအောင် သွားပြီးတော့ မြေပြင်လက်ကျန် နဲ့ စျေးနှုံးမှန်ကို စာရင်းကောက်ယူဖို့ အခက်အခဲ တွေ့နေရကြပါတယ် ။

        မိမိဌာနမှာ အင်အားမရှိလို့ မိတ်ဖက်ဌာန ကျန်းမာရေး ဝန်ထမ်းတွေကလည်း သူ့ဘာသာ Covid နဲ့ ဖင်ဒါးရမ်း နေရတော့ မလွယ်ပါဖူး ။ 

        နစက အနေနဲ့ မြေပြင် သတင်းမှန် ရရှိမှာသာ လက်တွေ့ အကျိုးရှိမယ့် မူဝါဒကို မြန်ဆန်စွာ ဆုံးဖြတ်ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ် ။ 

       စီးပွားကူးသန်း ကိစ္စကို သူ့ဘာသာ သူ့အင်အားနဲ့ လုပ်ပါစေ ဆိုပြီး ပစ်ထားရင် သတင်းမှန် အချက်အလက် အမှန် မရနိုင်ပါဘူး ။ 

     ယခုကိစ္စမှာ စီးပွားကူးသန်း ပေါင်းပြီး လုပ်နေရတာ ​​မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းနဲ့ ဖြစ်ပါတယ် ။ အခုလို ဆေးဝါး အခက်အခဲ ဖြစ်နေတာ အဲဒီလုပ်ငန်းရှင်တွေ မရိုးဖြောင့်မှုက ၈၀ % ပါနေတာ သိဖို့ လိုပါတယ် ။ 

       ဒီတော့ ​မြေပြင် ဆေးဝါး သတင်း တိတိကျကျ သိရဖို့ အတွက် ကွင်းဆင်းရမယ့် ဒေသခံ စီးပွားကူးသန်း ဝန်ထမ်းတွေကို ကူညီဖို့ အင်အား လိုနေပါတယ် ။

         မြေပြင်ဝန်ထမ်းရဲ့ အခက်အခဲက....

၁ ။ ဝန်ထမ်း အင်အား မလုံလောက်ခြင်း

၂ ။ PDF GZ တို့၏ ရန်မှ စိုးရိမ်ကြောက်ရွံ့နေကြရခြင်း

၃ ။ ဆေးဆိုင်ပိုင်ရှင်များရဲ့ လေးစားကြောက်ရွံ့ကင်းမဲ့စွာ နဲ့ သတင်းမှန် ရရှိရန် မကူညီကြခြင်း
        
     ဆိုတဲ့ အဓိက အခက်အခဲ သုံးချက်တွေ့ရပါတယ် ။ 

        အဲဒီအတွက် ဝန်ထမ်းအင်အား ဖြည့်ဆီးပေးရန် ခက်ခဲပါက ယာယီနေ့စား ခန့်ထားခြင်း သို့မဟုတ် နီးစပ်ရာ မြို့နယ်အချင်းချင်း ဝန်ထမ်းများ အပြန်အလှန် ပူးပေါင်း ဆေယင်ရွက်စေခြင်းဖြင့် ဖြည့်တင်းပေးရန် ။

       မြို့မိ မြို့ဖ နှင့် သင့်တော်သော လုံခြုံရေးများ ပူးပေါင်းပါဝင်ပေးရန် အနည်းဆုံး အရံမီးသတ် တပ်ဖွဲ့ ပူးပေါင်းပေးရန် ။ 

       ဒေသခံဝန်ထမ်းအား လုပ်ပိုင်ခွင့် ဆုံးဖြတ်နိုင်ရန် (လိုင်စင်ရုတ်သိမ်းခြင်းထက် ယာယီ ဆိုင်ပိတ်ခွင့်) အခွင့်အာဏာတိုးမြှင့်ပေးရန်

       အစရှိတဲ့ လုပ်ငန်းစဥ်များ ချမှတ်ကူညီမှသာ မြေပြင်သတင်းမှန် ရရှိကြမှာ ဖြစ်ပါတယ် ။ 

     မနေ့က စာရင်းတွေ တင်ကြပါတယ် ။ တင်ပြကြတဲ့ စာရင်းကောက်ယူမှု ပုံစံဟာ မြေပြင်ဝန်ထမ်းက ဆိုင်တွေဆီကို ဖုန်းဆက် ပြီး စျေးနှုံးမေးပါတယ် ။ လက်ကျန်မေးပါတယ် ။ ဆိုင်ရှင်တွေ ဖြေတဲ့အတိုင်း ဝန်ကြီးဌာနကို တင်ပြကြပါတယ် ။ 

    အဲဒီစာရင်းတွေ မှန် နိုင်မလား တွေးကြည့်ပါ ။ အထက်ပါအချက်များအား ပြုပြင်မှသာ စာရင်းမှန်ရရှိပြီး လုပ်ဖွာ်ရှိသည်များကို မှန်ကန်စွာ ဆုံးဖြတ်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ် ။

     စစ်ဆင်ရေးတခု အောင်မြင်ဖို့ဆိုတာ သတင်းမှန် ရရှိဖို့ အလွန်အရေးကြီးလှပါတယ် ။ ဒါကြောင့် ပညာရှိသတိဖြစ်ခဲ ဖြစ်နေမှာ စိုးရိမ်လို့ သတင်းပေးတင်ပြလိုက်ရပါတယ် ။ 

        မျိုးဝင်း