Tuesday, July 27, 2021

အမြဲပြုံးထားပါ___အမေ


  လက်နက်ဆိုလို့ အပ်တို တစ်ချောင်းလောက်သာ ကိုင်ခဲ့ဘူးတဲ့___ဒီအမေ

ဘိုးစဉ်ဘောင်ဆက်ချမ်းသာလာပြီး လူငယ်ဘဝမှာကတည်းက ခုခေတ်cele တွေလို ဟော့ဟော့ရမ်းရမ်း မနေခဲ့တဲ့___ဒီအမေ

အခြားနိုင်ငံရေးသမားဝန်ကြီးတွေလို နိုင်ငံရေးလုပ်မှ ချမ်းသာလာတာမဟုတ်ဘဲ ဝန်ကြီးမဖြစ်ခင် ကတည်းက ချမ်းသာလာတဲ့___ဒီအမေ

ပြည်သူတွေဆင်းရဲနေချိန်မှာ  ကားအကောင်းစားကြီးစီးရမှာ ကျမရှက်တယ်လို့
ညာတာပါတေးနဲ့ လက်သီးလက်မောင်းတန်းပြီ
ကြွားလုံးမထုတ်ခဲ့တဲ့___ဒီအမေ

ဗုဒ္ဓဘုရားဟာ သာမာန်တိုက်ငယ်လေးက မွေးဖွားလာတာ မဟုတ်ဘူးလို့
ဗုဒ္ဓဘုရားကို မစော်ကားခဲ့တဲ့အပြင်
အခြားဘာသာတွေကိုလည်း မထေမဲ့မြင် ဘယ်တော့မှ မလုပ်ခဲ့ဘူးတဲ့___ဒီအမေ

နိုလ်ဘယ်ဆုရှင် ဒီမိုကရေစီအိုင်ကွန် ကြီးလို
ကိုယ်ရာထူးမရခင်က တစ်မျိုး
ရပီသွားလို့လည်း တစ်မျိုး
ဘယ်တော့မှ ဗလောင်းဗလဲ မပြောတက်ခဲ့တဲ့___ဒီအမေ

သူများတွေ ဘယ်လိုပဲ တိုက်ခိုက်တိုက်ခိုက် အမြဲပြုံးနေတဲ့___ဒီအမေ

_____________
အမြဲပြုံးထားပေးပါ
အမေပြုံးနေသ၍ သားတို့သမီးတို့ ပြည်သူတွေလည်း
ဘယ်တော့မှ မရှုံးစေရဘူး___အမေ

အမေသက်ကျန်းမာပါစေ။
#Thu Zar

🤘🤘🤘🤘🤘