Sunday, July 25, 2021

နီပိန်း​တွေတော်သင့်ပြီ


    လွန်ခဲ့တဲ့ ၁နှစ်ကျော် အမေရိကန်မှာ လူမဲဂျော့ဖလိုက် လူဖြူရဲတွေကြောင့် သေတော့ ပြည်သူတွေ လမ်းပေါ်ထွက်ကြ ဆူပူသောင်းကြမ်း ကုန်တိုက်တွေဖောက် ပစ္စည်းလု မီးတွေရှို့လုပ် ကြပါတယ်။ ပစ္စည်းလုတာမှ အဝတ်အထည် အကောင်းစားတွေ၊ HD TV တွေလုတာနော်။ သူတို့လည်း လူမဲရပ်ကွက်တွေမှာ လမ်းတွေပိတ်ပြီး ကင်းစောင့် ပါတယ် (သေနတ်အစစ် ကိုင်းပြီး ကင်းစောင့် တာနော် မြန်မာတွေလို ဒုတ်ကိုင်ပြီး ကင်းစောင့်တာ မဟုတ်ဘူး)။

    အမေရိကန် ပြည်သူတွေ သေနတ်လွယ်လွယ် ဝယ်လို့ရပေမဲ့ ဘယ်ရဲဘယ်တပ် ကိုမှ ပြန်မပစ်ဘူး လူမသတ်ကြဘူး သူတို့ ကိုယ့်စိတ်ကိုယ် ထိန်းနှိုင်ကြတယ်။ ဒါတောင် အမေရိကန် စစ်တပ်နဲ့ ရဲက ပြင်းပြင်းထန်ထန် ဖြိုခွင်းပါတယ်။
 
    အခုမြန်မာပြည်မှာ ဆူပူမှုတွေ ၃လကျော်ပြီ ခေါင်းကွက်ကြားရိပ်၊ မျက်နှာတက်တူးထိုး၊ လမ်းပေါ် ထမိန်တန်း လုပ် ဘုန်းကြီးပုံကို ထမိန်မှာကပ်၊ ခလေးငယ်တွေကို ဆန္ဒပြပွဲတွေမှာ လူသားဒိုင်း အနေနဲ့အသုံးချ၊ လူသတ်၊ လမ်းပိတ်၊ မီးရှို့၊ အခုနောက်ဆုံး ဘာမှလုပ်မရတော့ ဗုန်းတွေခွဲနေပြန်တယ်။

    တပ်မတော် အာဏာထိန်းတာ မဲခိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပါ တကယ်လည်း မဲခိုထားတဲ့ video တွေ ဓာတ်ပုံ တွေ သက်သေရှိပါတယ်။ ဒါတွေတင်မက ဒေါ်စုကြည်နဲ့ NLDအစိုးရအဖွဲ့ ရဲ့ လဘ်စားမှု အာဏာအလွဲသုံးစား ပြုမှုတွေ တပုံတပင်ပေါ် လာပြီ။ ဒါတောင် နီပိန်းတွေက ဘာကို တော်လှန်လို့ တော်လှန်မှ မသိ မပြီးနှိုင်ဘူး။

    ဒီမိုကရေစီ ရမှာသေခြာတယ် NLDပါတီကတော့ ပြန်ပါလာမှာ မဟုတ်ဘူး။ ပြည်သူတွေ အနေနဲ့ လုပ်သင့်တာ ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ်ထမင်းကိုယ်စား အစိုးရ ကျင်းပပေးတဲ့ ရွေးကောက်ပွဲကို အေးအေးဆေးဆေး မဲပေးဖို့ပဲရှိတယ်။ နီပိန်းတွေ ပြည်သူကို အားနာသင့်ပြီ ပေါက်ကရတွေ လုပ်တာ ရပ်တန်းကရပ် လိုက်တော့။
 
    ဘဦး (၆.၅.၂၀၂၁)