Thursday, July 22, 2021

ဘုရား တရား ပိုလုပ်ကြ


ဖတ်ကြည့်နော်…

ကပ်ဆိုက်တယ် ဆိုတာ…
သာမန်အကုသိုလ် မဟုတ်ပါဘူး။

သတၱဝါအားလုံးရဲ့
တူညီတဲ့ အကုသိုလ်ကံကြောင့်
ကပ်ဘေးဖြစ်တာပါ။

ကပ်သုံးပါးဘေးဖြစ်တဲ့
ရောဂါပိုးမွှား ဘေး
လက်နက် ဘေး
ငတ်မွတ်ခေါင်းပါး ဘေး
ဒီသုံးခုလုံး
အကုန်ဖြစ်တတ်ပါတယ်။

သံသရာမှာ ပြုလုပ်ခဲ့ဖူးတဲ့
အကြီးစား အကုသိုလ်ကြီးတွေ
ဝင်ရောက် အကျိုးပေးတတ်တာမို့
သာမန်ကုသိုလ်နဲ့တောင်
မရလောက်ပါဘူး။

ဘုရား တရားလုပ်လို့ ပြောတာဟာ
အကြောင်းမဲ့ မဟုတ်ပါဘူး။

အခုဖြစ်နေတဲ့ ကပ်သုံးပါးဘေးဟာ
နေရာမျိုးစုံမှာ
ပုံသဏ္ဌာန်မျိုးစုံနဲ့ ရှိနေနိုင်ပါတယ်။

ဘယ်နေရာမှာ ပိုးရှိပြီး
ဘယ်သူ့ဆီကနေ ကူးမယ်
ဘယ်နေရာမှာ
မထင်မှတ်တဲ့ အန္တရာယ်
ပေါ်လာနိုင်တယ် ဆိုတာ
ဘယ်သူမှ ကြိုပြီး မသိနိုင်ကြဘူး။

လူတွေ
ဘုရား တရား လုပ်ပြီဆိုရင်
ကိုယ်စောင့်နတ် နဲ့
သမ္မာဒေဝ နတ်ကောင်း နတ်မြတ်တွေရဲ့
စောင့်ရှောက်မှုကို ခံရပါတယ်။

သူတို့က
ဘယ်နေရာမှာ ဘယ်လို ပိုးကူးနိုင်တယ်
ဘယ်လိုကြောင့်
အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာကို
သိတယ်။

ဒါကြောင့်…
ဘေးမကျရောက်အောင်
သူတို့က
သူတို့နိုငၲဲ့ဘေကၠန
ကူညီကြတယ်။
စောင့်ရှောက်ကြတယ်။

နတ်တွေရဲ့ စောင့်ရှောက်မှုကို ရဖို့
ဘုရား တရား ပိုလုပ်ကြရမယ်။

ဗုဒ္ဓဘာသာဝင်တိုင်း
ဘုရား တရားလုပ္လို့
အသက်အန္တရာယ်တွေကနေ
လွတ်မြောက်ကြရတာ
တော်တော်များများ ကြုံဘူးကြမှာပါ။
ကြားဘူးကြမှာပါ။

ယုံကြည်ရင်
ဘုရား တရား ပိုလုပ်ကြဖို့
တိုက်တွန်း နှိုးဆော်ပါရစေ…

မူရင်း-Credit-ဦးမြင့်ခိုင်

မေတ္တာဖြင့်…
အရှင်ပုည( ဝကုန်း )