ရန်ကုန်-ဇူလိုင် (၂၄) ရက်
၂၀၂၁၊ ဇူလိုင်လအတွင်း ဖမ်းဆီးရမိတဲ့ ဖောက်ခွဲရေးတရားခံများ
နှင် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား ပြည်သူများ၏ ပူးပေါင်းမှု ဖြင့်
သိမ်းဆည်ရမိတယ်လို့ သိရပါတယ်...ခုချိန်မှာ ပြည်သူတွေဟာ..ကိုဗစ်
ကာလကို အသည်းအတန် ရင်ဆိုင်ကျော်ဖြတ်နေရတဲ့အချိန် တစ်ဘက်
က NUG. PDF တွေရဲ့ အလုပ်ကလည်း ရပ်တန့်ခြင်းမရှိသေးတာကို တွေ့မြင်နေတဲ့အပြင် လူစုလူဝေးနဲ့ ဆန္ဒပြလျက်ရှိနေတာကိုလည်း
တွေ့နေမြင်နေကြမှာပါ...ဒါကို ပြည်သူအများ ရွံရှာစက်ဆုပ်လာကြပါ
ပြီ.. ဒီအတွက်ကြောင့် ဇူလိုင်(၁၉) ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်
ရန်ကုန်သစ်ရပ်ကွက်မှာသိမ်းဆည်ရမိတဲ့ဖောက်ခွဲရေးဆက်စပ် ပစွည်း များနှင့်ပတ်သက်ပြီးရပ်ကွက်နေ "ကိုအောင်မျိုးဆွေရဲ့ "သတင်း
ပေးမှု ဖော်ထုတ်ပေးပုံလေးကို တင်ပြပေးလိုက်ရပါတယ်-----
"ခုချိန်ကဗျာ... ခင်များတို့လည်း သိတဲ့အတိုင်းပဲ.. "
လူတိုင်းက ကိုဗစ်ကြောင့် အသက်လုနေရတဲ့အချိန်..
သူတို့က ဟိုနာဗုံးခွဲလိုက် ဒီနား ဗုံးထောင်လိုက်
ဟိုနား ပစ်သတ်လိုက် ဒီနား သတ်ဖြတ်လိုက်နဲ့..လုပ်နေ
ကြတုန်း...ဒါကို ကျွန်တော်ပြည်သူတစ်ယောက်အနေနဲ့
ရတဲ့နည်းနဲ့ ဖော်ထုတ်မယ်ဆိုပြီး အကောင်အထည်ဖော်တယ်"
"ပထမ(၁) အချက် ရဲစခန်းနဲ့ တပ်က တာဝန်ရှိသူတွေရဲ့
ဖုန်းနံပတ်တွေယူထားတယ်.. "
(၂) ရပ်ကွက်မှာရှိတဲ့ အိမ်ရှင် အိမ်ငှားပွဲစားတွေနဲ့ ချိတ်ဆက်
ထားတယ်...အိမ်ငှားလာသူ လူစိမ်းမှန်သမျှ နီးစပ်ရာ
ခင်မင်သူတွေကနေတစ်ဆင့် စောင့်ကြည့်ခိုင်းတယ်.. "
(၃) တိုက်ခန်း မြေပိုင်ရှင် အိမ်ရှင်တွေကို လူစိမ်းလာရင်
ပြောပေးဖို့မှာထားတယ်... အချိူ့ တိုက်ရှင် မြေရှင်
တွေက NLDအားပေးထောက်ခံသူဆိုရင်တော့... မပြော
ကြဘူးပေါ့ဗျာ... "
"ခုက ကျွန်တော်တို့က ဘာဖြစ်နေလဲဆိုတော့ ရပ်ကွက်အုပ်
ချုပ်ရေးမှူး ၊ ဘယ်သူလဲဆိုတာမသိတော့ဘူး.. ဆယ်အိမ်မှူး
ရာအိမ်မှူးတွေ ဘယ်သူလဲဆိုတာတွေလည်း ကျွန်တော်တို့
မသိတော့ဘူး.. "မသိတော့ ကျွန်တော်တို့ ရပ်ကွက်မှာ ရှိတဲ့
ကျွန်တော့လိုပဲ ပူးပေါင်ချင်တဲ့သူ ပါဝင်ချင်တဲ့သူတွေ စုပြီး
ကိုယ့်အသိတရားလေးကိုယ် ဝိုင်းဝန်းဖြေရှင်းမှ ရတော့မယ်
ဆိုပြီး လုပ်ကြတာ.. . "
"ကျွန်တော်တို့က ဘယ်ပါတီ ဘယ်ပုဂ္ဂိုလ်စွဲမှမရှိဘူး.. "
လူသားချင်းစာနာမှုတရားနဲ့ လိုက်လုပ်ပေးနေကြတာ.. "
မှတ်ချက်။ ကိုအောင်မျိုးဆွေ၏ ပုံအား လုံခြုံမှုအရ တင်ပြမှုမရြှိခင်းကို
နားလည် ပေးစေချင်ပါတယ်။
Copy
Crd#