Friday, July 30, 2021

ကမ္ဘာ့စီးပွါးနှင့် စစ်ရေးဗျုဟာမှာ အရေးပါလာမည့် မြန်မာ့ကမ်းရိုးတန်းများ။


တရုတ်ကမ်းရိုးတန်းနှင့် ကုန်သွယ်မှုသည် ရုရှားထက် ဆယ်ဆသာသည်။ ရေမြေအနေထား ရာသီဥကအစ သာပေသည်။ ကုန်သွယ်ကွန်ယက်နိုင်ငံ ပိုများပြီး ပိုကျယ်ပြန့်သဖြင့် ရုရှားလို အားစိုက်မရုန်းကန်ရပေ။

ရုရှားသည် မြောက်ဝန်ရိုးစွန်းအနီး ရေခဲပြင်ကျယ်များ၊ ရေခဲပင်လယ်များသာရှိပြီး Baltic sea, Caspian sea အနီးရှိနိုင်ငံများမှာ ပြောပလောက်သော အချက်ခြာမကျသော နိုင်ငံများသာရှိ၍ West ထွက်ပေါက် Black Sea ကိုသာ အားထားနေရသောကြောင့် အရေးအကြောင်းဆို ဥရောပနေတိုးတို့က black sea ကို ပိတ်ဆို့လိုက်လျင် သူအလွန်အခက်တွေ့ပေမည်။

တရုတ်ကြီးမှာကတော့ Yellow Sea, East China Sea And South China sea ၃ ခုသည် အရှေ့မျက်နှာစာအတွက် လုံလောက်ပေသည်။
Tianjin Xingang က မြောက်ပိုင်း၊ ရှန်ဟိုင်းနင်ဘိုက အလယ်ပိုင်း၊ ကွမ်ကျူံး နန်ရှားက တောင်ပိုင်း ကုန်စည်ဖလှယ်ပေးကာ ထမင်းကျွေးထားရုံမက စီးပွါးရှာလဲ ဖြစ်ထွန်းလှ၏။
ထို့ကြောင့် တောင်တရုတ်ပင်လယ်သည် သူ့အဓိကထမင်းအိုးဖြစ်၏။

သမိုင်းမှာသူကြောက်ခဲ့ ရသည်က USA alliance Japan ဖြစ်သည်။ ဂျပန်က တရုတ်ကိုငယ်နိုင်ဖြစ်သည်ကိုး။
ထို့ကြောင့်မြောက်ကိုရီးယားကို လူမိုက်မွေးကာ အရှေ့စစ်မျက်နှာက ဂျပန်နှင့် US ကို ထိမ်းထား၏။
တောင်တရုတ်ပင်လယ်သည် အပြည်ပြည်ဆိုင်ရာ ရေကြောင်းသွားဖြစ်နေခြင်းကို သူမကြိုက်သဖြင့် သူအသာစီးရရန် ကန့်သတ်နယ်မြေအား ချဲ့လိုသည်။

US ကတော့ ဒုတိယကမ္ဘာစစ်ပြီးစက ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ ဗီယက်နမ်တို့ရှိသဖြင့် စစ်အေးကာလက ကွန်မြူနစ်တရုတ်နှင့် ရုရှားကို ခြေလှမ်းဦးဝိုင်းထား ပိတ်ထားနိုင်ခဲ့သော်လည်း ဗီယက်နာမ်နှင့်စစ်ဖြစ်အပြီး Vietnam ကိုလက်လွှတ်လိုက်ရသလို ဟောင်ကောင်ကို UK က ပြန်ပေးရပြီး ဖိလစ်ပိုင်ကပါ သူ့ကို ကလန်ကဆန်လုပ်လာကာ တရုတ်နဲ့စီးပွါးဖက်ဖြစ်သွားသဖြင့် losing his grip ဖြစ်ခဲ့၏

South China Sea သည် Power struggle အတွက် အရေးပါသောဗျုဟာစစ်ကွင်းနေရာ ဖြစ်လာသည်က ငြင်းမရ။
အင်ဒိုနီးရှားမှာ တရုတ်ကုန်သည်များ ကြီးစိုးသလို ASEAN နိုင်ငံအများစုမှာ တရုတ်ရင်းနှီးမြုပ်နှံလိုက်ခြင်းဖြင့် အာရှစီးပွါးပါဝါကို တရုတ်က ထိန်းနိုင်လိုက်ရာ ခေတ်အဆက်ဆက်က ဂျပန် ထိုင်ဝမ် အားကိုးသော အမေရိကန် Foreign Policy မှာ အလုပ်မဖြစ်တော့ပေ။
တစ်ဆက်ထဲမှာ Developing Countries များသော ASEAN သည်လည်း EU ကဲ့ သို့အရေးပါလာတော့သည်။
Joe Biden လက်ထက်တွင် ASEAN အပေါ် မူဝါဒပြောင်းမှရတော့မည် ဖြစ်လာ၏။

မြန်မာနိုင်ငံကို အာဆီယံထဲ ထည့်သွင်းကာစက အရေးမပါ သူငယ်နှပ်စားဟု အာဆီယံကျားကြီးများက ထင်ထားခဲ့သော်လည်း မြန်မာနိုင်ငံသည် ASEAN မှာ ဒုတိယအကြီးဆုံးတိုင်းပြည်ဖြစ်သလို သမိုင်းကြောင်းကြီးသည်၊ ကမ္ဘာ့အကြီးဆုံး လူသားရင်းမြစ် တရုတ်နှင့် အိန္ဒိယကြားတွင်ရှိသည်က Geopolitic မှာ အာရုံစူးစိုက်ရမည့် key player အဖြစ်ရောက်လာသည်ကလည်း မေ့ထားလို့မဖြစ်သော အချက်ဖြစ်သည်။

ရာသီဥတုမျှတ ရေမြေခံကောင်းသော ရခိုင် ကမ်းရိုးတန်း ထားဝယ် ရေနက်ဆိပ်ကမ်းတို့၏ အရေးပါ အချက်ခြာကျသောအနေအထားမှာ အဓိကပင်ဖြစ်၏။
ထားဝယ်သည် အသုံးချနိုင်လျင် ကမ္ဘာ့အကြီးမားဆုံးသော sea trade center ရတနာသိုက်ကြီးဖြစ်ဖို့ ရေခံမြေခံကောင်းများရှိ၏။
စင်္ကာပူထက် များစွာသာလွန်သော World Trade Center potential နေရာ ဖြစ်နေသောကြောင့်။
အသုံးချမှုမှန်လျင်၂၀၄၀ တွင် မြန်မာနိုင်ငံ အရေးပါလာတော့မည်သာ။

နောက်တစ်ချက်မှာ မြန်မာနိုင်ငံမှာ အင်အားကြီးစွမ်းအားထက်သောစစ်တပ် အလျင်မြန်ဖြစ်လာခြင်းကလည်း အာဆီယံတို့ မြန်မာကို ချော့ပေါင်းလာကြရသည့် အကြောင်းတစ်ရပ်ပင် ဖြစ်၏။
သဘာဝသယံဇာတ ကြွယ်ဝသည့်အပြင် တရုတ်နှင့် အမေရိကန် back up အိန္ဒိယတို့အကြားမှာလဲ Geographically အရေးပါနေသောကြောင့်လဲ ဖြစ်ပေမည်။

မြန်မာအနောက်ဘက်ကမ်းရိုး ရခိုင်နှင့် တောင်ဘက် တနင်္သာရီတို့သည် အာစီယံကြောက်ရသည့် Potential Threat များ ဖြစ်၏
ရခိုင်ကမ်းရိုးတန်းသည် အနောက်တောင်ဘက်တွင် စီးပွါးနှင့် စစ်မျက်နှာဖွင့်လိုသော တရုတ်အတွက် အလွန်အရေးပါသည့် ဗျူဟာမြေဖြစ်ရုံမက Black sea တစ်ခုအားကိုးနေရကာ ဥရောပ နေတိုးတို့ Vulnerability Liability ဟု Target ထား အကျပ်ကိုင်ခွင့်ရထားသော တစ်ခုထဲသောထွက်ပေါက်ကို ကျားကန်ထိမ်းနေရသော ရုရှားအတွက်တော့ အသုံးချခွင့်ရလျင် သားရွှေအိုးထမ်းမြင်ရသော မဟာဗျူဟာမြောက် စီမံကိန်းဖြစ်လာနိုင်ပြန်သည်။

(ရုရှား-မြန်မာ-ယူကရိန်း-ဘီလာရုစ်-ဗီယက်နမ်-လာအိုတို့၏ စစ်ဘက်မဟာမိတ်) လုပ်ရပ်များသည်ပင် အမေရိကန် နေတိုးအဖွဲ့၊ အာစီယံအဖွဲ့များအပြင် မြန်မာအား တစ်သက်လုံးအနိုင်ကျင့်လာသော တရုတ်ကို အတွေးပြောင်းစေခဲ့သည်ကတော့ အမှန်ပင်ဖြစ်လေ၏။ဆိုဗီယက်ယူနီယံကြီး ရှိစဉ်ထဲက တောင်ဘက်ကုန်စည်နှင့် စစ်မျက်နှာအတွက် အာဖဂန်ကိုရရန်ကြိုးပမ်းမှုကို ရိပ်မိသွားသော အမေရိကန်သည် အီရန်နှင့်စစ်ဖြစ်မည့်အရောင်ပြကာ အတင်းဝင်ဖျက်ထားရသော အာဖဂန်ဂယက်မှာ ယနေ့အထိပင် မငြိမ်သက်သေးပါ။
အာဖဂန်အရေးမှာ ရုရှား ခြေကုပ်မရရေးအတွက် အမေရိကန်ဟာ စစ်ဖြစ်ဖို့ဝန်မလေးတာ ပါကစ္စတန် ချနင်းရဲတာကိုကြည့်ရင် အမေရိကန် ရုရှားအပေါ်ထားတဲ့ Policy ကို မြင်နိုင်ပါတယ်။

အိန္ဒိယ နှင့် အာရေးဗျ ပါဝါစိုးမိုးရေးအတွက် ရလုခါနီးမှ အမေရိကန်က ပါကစ္စတန်နဲ့ပေါင်း ပြန်လုတာခံလိုက်ရတဲ့ ရုရှားရဲ့ကလဲ့စားဟာလည်း အခုအချိန်မှာတော့ လမ်းစပြန်ပေါ်လေပြီ။

တရုတ်သည် မြန်မာဟာ အရေးပါသော အိမ်နီးချင်းမှန်းသိလျက် အနိုင့်ကျင့်ခဲ့၏
မြန်မာ့ တပ်မတော်သည် တရုတ်အားမတတ်သာ၍ အောက်ကျခံပေါင်းနေရခြင်းကို အလွန်ခါးသီးခဲ့ပါလိမ့်မည်။

ထို့အတူ အမေရိကန်သည်လည်း မြန်မာနိုင်ငံအား ကောင်းမွန်သော အပြုသဘောမဆောင် Constructive structure တွေ နည်းစနစ် ငွေကြေး resources များ မပံ့ပိုးမကူညီပါဘဲ
ပါကစ္စတန် ဖိလစ်ပိုင် အီရတ်တို့လိုပင် သားကောင်ချနင်းနည်းကို အသုံးချကာ ခြောက်တွန်းနည်းများဖြင့်... ဒေါ်စုနှင့် ဒီမိုကရေစီဘမ်းပြ Human rights UN ထည့်သွင်း... ခိုးဝင်များအရေး OIC ထောက်ပံ့ကြေးယူရင်းနှင့် ဘင်္ဂလား proxy war ဇတ်ညွန်းဆင်ရေးသားခဲ့ခြင်း...
မြန်မာစစ်တပ်အား မတရားအမှုဆင် လူကြမ်းဖြစ်စေကာ မြန်မာပြည်ကို အရှေ့ဥရောပ အာဖဂန်တို့မှ ဗျူဟာနှင့်ခင်း အချောင်နှိုက်ရန် စျေးပေါင်ကျိုး ပေါချောင်ကောင်းရရန် ကြံခဲ့သည်မှာမှားသွား၏

မြန်မာတပ်မတော်သည် တရုတ်လက်မှရုန်းထွက်ရန် အမေရိကန်နှင့် အိန္ဒိယတို့က အားမကိုးရသောအခါ အာဖဂန်မှ ခါးသီးစွာ အောင်ဖျာလိပ် ဂေါ်ဗာချဖ်ကြောင့် တစ်စစီဖြစ်ခဲ့ရသော ရုရှားနှင့် ၂၀၁၀ အလွန်မှာ တရုတ်လက်မှလွတ်ချင်သူ မြန်မာတို့ ပူးပေါင်းမိသွားကြသည်မှာ Right timing ဟုပြောရမည်။

မြန်မာတပ်မတော်သည် တရုတ်ကို ဘယ်တုန်းကမှ မကြောက်ပါ။ သို့သော် တိုင်းပြည်ကွဲ မွဲနေ စားစရာပင်မရှိသဖြင့် မချစ်သော်အောင့်နမ်း နှစ် ၂၀ ဖျင်ပေးပေါင်းရင်း မဟာဗျူဟာမြို့များ တရုတ် Invasion ကိုကာရန် တည်ဆောက်ခဲ့၏။

မြစ်ကြီးနား နှင့် လေတပ်စခန်း၊ လားရှိုး စစ်စခန်း ကလော ကျိုင်းတုံ မြို့များသည် မဟာဗျူဟာမြို့များအဖြစ် နဝတ၊ နအဖ နှစ်၂၀ တည်ဆောက်အပြီးမှာ...
အိန္ဒိယပေါင်း၊ ရုရှားနဲ့ပါ ပေါင်းကာ တရုတ်ကိုစကန်ခဲ့သည်ကို ခပ်ပေါ့ပေါ့တွေးမိသော ဟူကျင်တောင်း၏အမှားကို ရှီကျင့်ဖင်က ပြန်ဖာထေးရမည့်အချိန်မှာ

မြန်မာဟာ အမေရိကန် ကစားကွက်အောက် NLD လက်ရောက် မဟာဗျူဟာပျက် တိုင်းပြည်ပျက်လုလု ဖြစ်ခဲ့ချိန်နှင့် အချိန်ကိုက် မဟာမိတ် ရုရှားရောက်လာသော မြန်မာ့နိုင်ငံရေး စာမျက်နှာသစ်မှာ တရုတ်သဘောထား ဘယ်လိုပြောင်းမလဲ...
မြန်မာ-တရုတ်-အိန္ဒိယ စစ်ရေး စီးပွါးရေးကြားမှာ ရုရှားက ဘယ်ကပေါင်း ဘယ်လိုဝင်ကစားမလဲ...
မြန်မာအရေး အလေးထားနေပေးသော စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်တို့ပါနေသော ASEAN...
တရုတ်မှ စီးပွါးရေးအရ ဩဇာညောင်းသော အာစီယံနဲ့ တောင်တရုတ်ပင်လယ် ကစားပွဲမှာ အမေရိကန် ဘိုင်ဒင်တို့လိုနေသော ASEAN နဲ့ US ဘယ်လိုအပေးအယူလုပ်မလဲ ဆိုတာကလဲ အရေးပါလာနေပါတယ်။

ဘာဘဲပြောပြော မြန်မာပြည် ရခိုင်ကမ်းရိုးတမ်းဟာ စီးပွါးရေး၊ စစ်ရေးအတွက် ဒီလောက် အရေးပါလာလိမ့်မယ်လို့ ဘယ်သူကတွေးမိမှာလဲ

မြန်မာကမ်းရိုးတန်းကာကွယ်ဖို့ ခေတ်မှီရေတပ်ဖြစ်ပေါ်ရေးနှင့် စီးပွါးဖွံဖြိုး တစ်ပြိုင်တည်းတိုးတက်ရေးတို့မှာ ရုရှား၊ တရုတ်နဲ့ အိန္ဒိယတို့ ဘယ်သူအဆွေခင်ပွန်းကောင်းဖြစ်မလဲ...
အမေရိကန် ရဲ့ Burma Policy ဘယ်လို change မလဲ က ၂၀၂၃-၂၀၂၄ ရွေးကောက်ပွဲ ရလဒ်က reflect ဖြစ်လာလိမ့်မည်ထင်ပါ၏။
ပြည်ထောင်စုမပြိုကွဲ တိုင်းရင်းသားစည်းလုံးညီညွတ် အချုပ်အခြာအာဏာတည်ဘို့ အမြင်ကျယ်ကြပါ။

ကျနော်ပြောဖူးပါတယ်။
အထက်ကပြောသလို အမြင်ကျယ်ဖို့ဆိုတာက...
မိမိတို့နေစဉ် သွားနေတဲ့လမ်းတွေကို View ပြောင်းကြည့်တတ်မှ Top side view, Bird eyes view, Drone view နဲ့ကြည့်မှ မမြင်မသိ မတွေ့ခဲ့တာတွေ မြင်ရမယ်ဆိုလိုတာပါ။

မြေပုံကြည့်ပါ၊ drone နဲ့ကြည့်ပါ။ တစ်သက်လုံးကြိတ်ပိုးရတဲ့ တစ်ဖက်အိမ်ကစော်လေး ခေါင်မိုးမှာ ကိုယ်တုံးလုံးနဲ့ နေ့တိုင်းနေပူစာ လှုံနေတာ၊ ဆယ်နှစ်ကြာမှ Drone နဲ့ ကြည့်သိရ၊ နောင်တရသလို မဖြစ်စေချင်တာပါ။

အဟေးဟေး 😂

Capt. YZ
# Ko Khand News