Friday, July 30, 2021

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးပါဆိုပြီး လမ်းပေါ်ထွက်အော်နေတဲ့သူများနဲ့ Gen Z ဆိုသူတွေ ဒီအချက်တွေကို သိထားဖို့လိုပါတယ်။ သိထားပြီးရင်တော့ ဆက်လုပ်သင့်မလုပ်သင့်ဆုံးဖြတ်ကြပေါ့...


ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလောကသို့ရောက်ရှိခြင်းနှင့် နိုဘယ်ဆု ရရှိခြင်းကို အကြမ်းဖျင်းလေ့လာကြည့်တော့ ဒီအချက်တွေ တွေ့ရတယ်....

၁၉၆၀ ခုနှစ်မှာ မြန်မာနိုင်ငံကနေ ထွက်ခွာသွားပါတယ်...

မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီး ၂၇ နှစ် အတွင်း မြန်မာပြည်ကို ၈ ကြိမ် ခေတ္တ ပြန်လာခဲ့ပါတယ်....

၁၉၆၀ ခုနှစ်ကတည်းက မြန်မာပြည်က ထွက်သွားတာဖြစ်ပြီး ၂၇ နှစ်အတွင်း ၁၉၈၆ အာဇာနည်နေ့တစ်ကြိမ်သာ ဗိုလ်ချုပ်အုတ်ဂူမှာ ကန်တော့ ပန်းခွေချခဲ့တယ်....

၂.၄.၁၉၈၈ မှာ လေဖြတ်သွားတဲ့ ဒေါ်ခင်ကြည်ကို ပြုစုဖို့ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်ကို ပြန်ရောက်လာခဲ့တယ်...

၂၁.၈.၁၉၈၈ နေ့မှာ ကြည့်မြင့်တိုင် ဗိုလ်သူရလမ်းက အိမ်တစ်အိမ်မှာ ဦး၀င်းတင်၊ ဆရာမောင်သော်က အပါအ၀င် နိုင်ငံရေးသမားကြီးတစ်ချို့ရဲ့ဖိတ်ကြားချက်အရ အစည်းအဝေး စတင်တက်ရောက်ခဲ့တယ်....

၂၆.၈.၁၉၈၈ နေ့မှာ ဗကပ သခင်တင်မြနဲ့ ရုပ်ရှင်မင်းသားဦးထွန်းဝေတို့က ရွှေတိဂုံဘုရား အနောက်ဖက်မုခ်က ဟောပြောပွဲကိုတက်ရောက်ဟောပြောဖို့ သွားခေါ်လာပြီး ပထမဆုံးအကြိမ် စထွက်လာပြီး နိုင်ငံရေးလောကကို သူများမြှောက်ပေးလို့ စတင်ဝင်ရောက်ခဲ့တယ်...

၁၃.၉.၁၉၈၈ ရက်နေ့ ရန်ကုန် ဆေး-၁ မှာ ဦးနု၊ ဦးအောင်ကြီး၊ ဦးတင်ဦး၊ ဗိုလ်မှူးအောင်တို့နဲ့တွေ့ဆုံပြီး ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးဆွေးနွေးပါတယ်။ အာဏာခွဲဝေမှု အဝေမတည့်လို့သဘောတူညီမှု မရခဲ့ပါဘူး....

၂၇.၉.၁၉၈၈ ရက် နေ့မှာ NLD ပါတီ မှတ်ပုံတင်ခွင့်ကျခဲ့တယ်....

၂၅.၁၁.၁၉၈၈ ရက် နေ့မှာ NLD ပါတီတွင်း ကွန်မြူနစ်များ ၀နျးရံနသေညျ့ကိစ်စနဲ့ ပတ်သက်ပြီး ဗဟိုကော်မတီ၀င်များအကြား အကြီးအကျယ် သဘောထားကွဲလွဲကာ ဗဟိုကော်မတီ၀င် ၂၈ ဦး အနက် ၁၃ ဦး နှုတ်ထွက်သွားခဲ့တယ်...

၃၀.၁၂.၁၉၈၈ ရက် နေ့မှာ ဒေါ်ခင်ကြည် ကွယ်လွန်ခဲ့တယ်...

၁၄.၁.၁၉၈၉ ရက် နေ့ကနေ ၂၅.၁.၁၉၈၉ ရက် နေ့အထိ ဧရာ၀တီတိုင်း မဲဆွယ် ခရီးစဉ်ထွက်ခဲ့တယ်....

၁၃.၃.၁၉၈၉ နေ့မှာ RIT ကျောင်း ၀ငျးထဲမှာ ကျင်းပတဲ့ ဘုန်းမော် နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်ပါတယ်....

ဦးခင်မောင်မြင့်၊ တော်ဘုရားလေး၊ ဦးတင်ဦး၊ မင်းကိုနိူင်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုးသီးဇွန်တို့တရားဟောခဲ့တယ်....

၄.၄.၁၉၈၉ ရက် နေ့မှာ ဓနုဖြူ- ညောင်တုန်း ခရီးစဉ် စည်းရုံးရေးဆင်းတော့ မယက ဥက္ကဌ ဗိုလ်ကြီး မြင့်ဦးနဲ့ ပြသနာတက်ပါတယ်...

၂၁.၆.၁၉၈၉ နေ့ မြေနီကုန်းအရေးအခင်း နှစ်ပတ်လည်မှာ ပန်းခွေ လာချလို့ လုံခြုံရေးအဖွဲ့နဲ့ပြသနာတက်ပါတယ်....

ကျောင်းသားတွေ လူအုပ်နဲ့ ဆူပူလာတဲ့အတွက် တပ်က သေနတ်နဲ့ပစ်ခတ် လူစုခွဲလို့ ကြားကနေ စမ်းချောင်း တစညပါတီ စည်းရုံးရေးမှုး သေဆုံးသွားပါတယ်...

၂.၇.၁၉၈၉ ရက် နေ့မှာ မြေအောက် အဖွဲ့အစည်း ၄၈ ခု ရဲ့အမည်စာရင်းကို န၀တ က ထုတ်ပြန်ပါတယ်...

၂၀.၇.၁၉၈၉ နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို တပ်မတော် ထောက်လှမ်းရေးက ၀ငျရောကျစီးနငျးခဲ့ရာ တောတွင်းက ဆက်သားတစ်ဦးအပြင် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်လုပ်ထားတဲ့ စာရွက်စာတမ်းတွေ အများအပြားသိမ်းဆည်းမိခဲ့ပါတယ်...

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် စတင်ချမှတ်ခဲ့ပါတယ်....

၂၂.၁၂.၁၉၈၉ နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က NLDပါတီ ဟာ ရွေးကောက်ပွဲ ၀ငျမှာဖွဈကွောငျး ပြောကြားခဲ့ပါတယ်...

၂၇.၅.၁၉၉၀ နေ့မှာ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ၁.၇.၁၉၉၀နေ့မှာ NLD ပါတီက ၈၇.၇ ရာခိုင်နူန်း အနိူင်ရခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပါတယ်...

၂၈.၇.၁၉၉၀ နေ့နဲ့၂၉ .၇.၁၉၉၀ နေ့မှာ ရွေးကောက်ခံ NLD အမတ်တွေ စုပြီး ဂန္ဒီဟောမှာ အစည်းအဝေးလုပ်ပါတယ်...

၁၈.၁၂.၁၉၉၀ နေ့မှာ NLD အမတ်တစ်ချို့က ယိုးဒယားနယ်စပ်မှာ 
NCGUB (စင်ပြိုင် အစိုးရ)ကို ဖွဲ့စည်းပါတယ်....

၂၂.၁၂.၁၉၉၀ နေ့မှာ NCGUB မှာပါတဲ့NLD အမတ်တွေကို ပါတီက ထုတ်ပယ်ကြောင်း NLDက ကြေငြာချက် ထုတ်ပါတယ်...

၂၆.၃.၁၉၉၁ နေ့မှာ NLDကို ပြန်လည် ဖွဲ့စည်းပြီး ဦးအောင်ရွှေ ဥက္ကဌ ဖြစ်လာပါတယ်...

၁၀.၁၂.၁၉၉၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေး နိူဗယ်ဆု ရရှိပါတယ်....

မြန်မာ့နိုင်ငံရေးသမိုင်းကို အချိန်ပေး လေ့လာဖတ်ရှုတတ်တဲ့ကျနော်ဟာ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိရခဲ့တဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ချက်ကို ၂၀၀၆ခုနှစ်မှ ယခု ၂၀၂၁ ခုနှစ်တိုင် ရှာဖွေနေသော်လည်း "ဘဲဥ အစရှာ မရသကဲ့သို့ " ရှာဖွေမရဖြစ်နေပါတယ်(သိရှိသူများပြောပြပေးပါ)....

နိုင်ငံအတွက် စိတ်မဝင်စားပဲ လင်ယူသားမွေး လုပ်နေရာကနေ မိခင်နေမကောင်းလို့ ပြန်လာပြီး ဗကပ သခင်တင်မြနဲ့ ရုပ်ရှင်မင်းသား ဦးထွန်းဝေတို့ ရွှေတိဂုံအနောက်ဖက်မုခ်က ဟောပြောပွဲကိုခေါ်လာလို့ရောက်လာတဲ့သူပါ....

သမိုင်းဆိုတာ ဖုံးကွယ်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ သမိုင်းမသိရင် သူများစကားနဲ့လမ်းဆုံးပြီး လူညံ့လူပိန်းတွေပဲ ဖြစ်သွားပါလိမ့်မယ်...

https://t.me/mnk1985/1138
M.H
မျှဝေသည်
Crd=



Related Posts:

  • အကုသိုလ်တို့ စံပျော်ရာ         အလုပ်များနေလို့ရယ် ၊ နိုင်ငံရေးကလည်း ရေးချင်စိတ်ပါးနေတာရယ်ကြောင့် မရေးဖြစ်ပဲ ညမိုးချုပ်မှ လိုင်းဖွင့်ကြည့်လိုက်တော့ အောက်က လင့် ကိုတွေ့ပြီး အံ့သြထိတ်လန့် သွားကပါတယ် ။     ကျနော… Read More
  • တိုင်းရေး ပြည်ရေး       ကိုစိုးရောက်လာတော့ လက်ဖက်ရည်ဆိုင်သွားပြီး လေကန်ဝေဖန်ကြရပြန်ပါတယ် ။ "ငမျိုးရေ မင်း နိုင်ငံရေးသတင်း မရေးတာ ကြာပြီလား လို့ ''"ရေးစရာမှ ထူးထူးခြားခြား မရှိပဲလေ ''"NLD ပါတီကို ၃ နှစ်ပဲ ဆိုင်းငံ့လို့… Read More
  • ရည်မှန်းချက် ရည်ရွယ်ချက် နဲ့ ရလာဒ်          နိုင်ငံတော်ရဲ့ ခေါင်းဆောင်တွေဟာ မိမိမူဝါဒအတွက် ရည်မှန်းချက် နဲ့ ရည်ရွယ်ချက်တွေကို ရှင်းလင်းပြောကြားလေ့ရှိပါတယ် ။ ဝင်ရောက်စွက်ဖက်ခွင့် မရှိတဲ့ ပြည်သူတွေကတော့ ရလာဒ်ကိုပဲ ကြည့်ပြီး ဝေဖန်သုံးသပ်… Read More
  • CDM ပညာရေးဝန်ထမ်း ငတုံးများ သိဖို့       ကဲ စစ်အစိုးရ နဲ့ ဦးသိန်းစိန် တို့ ဖျက်ဆီးသွားတယ် ဆိုတဲ့ ပညာရေး ပြန်ကြည့်ရအောင်ဗျာ ။ - ၁၉၈၉ မှာ စာမေးပွဲ မဖြေရ-၁၉၉၀ ကစ ပြီး အခြေခံကျောင်းတွေ ဖွင့်-တက္ကသိုလ်တွေကတော့ ဖွင့်လိုက် ပိတ်လိုက် နဲ့ တက္က… Read More
  • သတင်းအတိအကျပေးလို့သွားဖမ်းတယ်။ကွက်တိဘဲ။အိမ်ကို ခိုးပြန်လာတဲ့ခနပ ၃ကာင်နဲ့ ၂ လက်ရတယ်။ခနပ လေးတွေခမျာ…ဘယ်သူမှမသိအောင်ပြန်လာတာကိုရောက်ရောက်ခြင်းဘဲဖမ်းခံထိလို့ အံ့သြသွားတယ်။ဒီကောင်တွေသဘောပေါက်သွားတယ်။''ကျနော်တို့ကတော်လှန်ရေးဆက်ပီးမလုပ်ချင်တော့လို့ပြန်လာတာကိုဒီက… Read More