~ ပထမ ကမ္ဘာစစ်ကြီး အပြီးမှာ ပထမဆုံး နိုင်ငံပေါင်းချုပ် အသင်းကြီး ဖြစ်တည်ခဲ့ဖူးတယ်
စစ်အင်အားကြီး နိုင်ငံတွေ ဦးဆောင်ကြတာပေါ့
ဂျာမဏီ အီတလီ အင်္ဂလိပ် ဆိုဗီယက်ရုရှား ပြင်သစ် စသည်တို့က ဦးဆောင် ဖွဲ့စည်းခဲ့ကြတယ်
ရည်ရွယ်ချက် ဦးတည်ချက်ကတော့ နယ်မြေမလုဖို့ ကြီးနိုင်ငယ်ညှင်း မလုပ်ဖို့ ဒါတွေပါဘဲ
ဒါပေမဲ့ ၁၉၃၅ လောက်က စပြီး အီတလီက
စည်းစဖောက်တယ် အင်အားသေးနိုင်ငံလေးဖြစ်တဲ့
အီသီယိုးပီးယားကို မူဆိုလိုနီ ရဲ့ အီတလီ တပ်က ဝင်ရောက် သိမ်းပိုက်တယ်
နောက် ဂျာမဏီက ဟစ်တလာကလည်းရိုင်းယန်
နယ်ကို စတင် စစ်မီးမွှေးပြီး နောက်ပိုင်းမှာ ဒုတိယ
ကမ္ဘာစစ်ကြီး စတင်တော့တာဘဲ
ဆိုလိုခြင်တာက အဲ့ဒီတုန်းက ဗာဆိုင်းစာချုပ်နဲ့
စတည်ခဲ့တဲ့ ပထမ နိုင်ငံပေါင်းချုပ် အသင်းကြီးရဲ့
လုပ်ဆောင်နိုင်စွမ်း ကို ပြောခြင်တာပါ ဘယ်လို စာချုပ်တွေ ဘယ်လို ကတိတွေ ဘယ်လို ပဋိညာဉ်တွေ ရှိနေပါစေ အင်အားကြီးနို
င်ငံတွေရဲ့ ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်လာရင် ဘယ်စာချုပ် ဘယ်မျက်နှာမှ မထောက်ပဲ လုပ်ခြင်ရာ လုပ်ပြီး ချိုးဖောက် ဖျက်ဆီးကြတော့တာဘဲ
အဲဒီတေါ့ ပထမဆုံး ဖြစ်တည် ခဲ့တဲ့ နိုင်ငံပေါင်းချုပ် အသင်း
ကြီးလည်း အဲဒီမှာ ပျက် စီးသွားခဲ့ ရတော့တာပါဘဲ
အခု တည်ရှိနေတဲ့ UN (United Nation) လို့ခေါ်တဲ့ ကမ္ဘာ့
ကုလသမဂ္ဂ အသင်းကြီး ကလည်း
ဒုတိယ ကမ္ဘာစစ်ကြီး အပြီး ၁၉၄၅ မှာ ယခင်က
ပထမ နိုင်ငံပေါင်းချုပ် အသင်းကြီးလိုဘဲ ရည်ရွယ်ချက်တွေ ပဋိညာဉ်တွေနဲ့ စတင်ဖွဲ့စည်း ခဲ့ကြတာပါဘဲ Geneva convention လို့ ခေါ်ကြတာဘဲ
ထုံးစံအတိုင်း အရင်လိုဘဲပေါ့ စစ်အင်အားကြီးနိုင်ငံတွေက ဦးဆောင်ကြတယ် အမေရိကန် တရုပ်
ရုရှား အိန္ဒိယ ပြင်သစ် တို့က ပင်မ ဦးစီးတယ်
ဒါပေမယ့် ဒီ UN ဆိုတဲ့ အဖွဲ့ကြီး ဘယ်အချိန်က စ ပျက်စီးသွားသလည်း ဆိုတာ လူတွေ သိပ် သတိ မထားမိလိုက်ကြဘူး ပျက်တာတော့ ပျက်သွားခဲ့ပီ
သိသာမြင်သာတာကတော့ အီရန်နဲ့ အီရတ် စစ်ဖြစ်တယ် ဘာမှ မလုပ်ပေးနိုင်ဘူး ပွဲကြည့်ပရိတ်သတ်ပဲ အစ္စရေးနဲ့ ပါလက်စတိုင်း ချကြတယ်
မတားနိုင်ဘူး
နောက်တစ်ခု ပိုဆိုးတာက UN ရဲ့ ခေါင်းဆောင်ကြီး USA ကိုယ်တိုင် အီရတ်မှာ နျူလက်နက်တွေ ရှိနေပါတယ် ဆိုပီး မတော်မတရားစွတ်စွဲ
အီရတ် ကိုယ်၌ ကလည်း မရှိပါဘူး ငြင်း
ကုလသမဂ္ဂ အဖွဲ့ကြီးကလည်း အကြီးအကျယ်တား
ဒါလည်း မရဘူး အီရတ်ကို ဇွတ် ဝင်တိုက်တော့တာဘဲ
အဲဒီ မှာ UN ဆိုတာလည်း ပျက်စီးခြင်း ငါးပါးဆိုက်တော့တာဘဲ
မူအရ နျူလက်နက် ရဲ့ စည်းကမ်းအတိုင်း ပင်မ ၅ နိုင်ငံ ကလွဲရင် ကိုင်ဆောင်ခွင့်မရှိဘူး
ကျန်နိုင်ငံ တွေ သုံးခြင်ရင် လူ့ အကျိုးပြု လုပ်ငန်းနဲ့ ပတ်သက် တဲ့နေရာ တွေ မှာဘဲ ကိုင်ဆောင် သုံးစွဲခွင့်ရမယ် လူသတ် လက်နက် အဖြစ် ကိုင်ဆောင် သုံးစွဲ ခွင့် မရှိဘူး
ဒီမူ အတိုင်း စည်းကမ်းတကျ လိုက်နာမယ် ဆိုရင် မြောက်ကိုရီးယားမှာ ရှိနေတယ်
ရှိနေပါတယ် ဆိုတာကိုလည်း ပေါ်တင် ကြေညာ သလို ပေါ်တင်လည်း စမ်းသပ် ဖောက်ခွဲပြတယ်
နောက် တစ်ဦးကကော့ ပါကစ္စတန် နိုင်ငံ
အဲ့ဒီမှာလည်း ရှိနေတယ် ဆိုတာ ပေါ်တင်ကြေညာတယ် နောက် မကြေညာ ဘဲ ရှိနေတယ် လို့ သိနေရတဲ့ နိုင်ငံတွေလည်း ရှိနေတယ် ဥပမာ
အစ္စရေး အီရန် စတဲ့ နိုင်ငံ မျိုးတွေ မှာပေါ့
ဒါဆိုရင် စည်းကမ်းအတိုင်း လိုက်နာကြကြေးဆိုရင် တိုက် လိုက်တော့လေ မြောက်ကိုရီးယားကို
လုံးဝ မထိပါဘူး
ဘာကြောင့်လည်း ဆိုရင် ကိုယ်ကျိုးစီးပွါး မပါလို့ဘဲ
ဒါကြောင့် UN ဆိုတာ သေနေပါဘီ
အမေရိကန်ရဲ့ အာဖဂန် နစ္စတန်ကို ဖျက်ဆီးခဲ့တာ
လစ်ဗျားကို ဖျက်ဆီးခဲ့တာ ဆီးရီးယား ကိုဖျက်ဆီးခဲ့တာတွေဟာ ကိုယ်ကျိုးစီးပွားကိုရှေ့တန်းတင်ပီး လုပ်ခဲ့တဲ့လုပ်ဆောင်ချက်တွေပဲ
ကျန်တဲ့ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ရုရှားတို့ တရုပ်တို့ ကလည်း ကိုယ်နဲ့ မဆိုင်သလို ငြိမ်နေကြတာပါဘဲ ဘာကြောင့်လည်းဆို သူတို့ အကျိုးစီးပွါးကိုဘဲ ရှေ့တန်းတင် ဦးစားပေးကြလို့ပါဘဲ
UN မှာ ထည့်ဝင်ရမယ့် ရံပုံငွေနဲ့ ပတ်သက်ပီး
အမေရိကန် မထည့်ပဲ ပျက်ကွက် နေတာ ဆယ်စုနှစ်ပိုင်းလည်း မကတော့ပါဘူး ဒီနေရာမှာ UN
ကို ငွေ အင်အား နဲ့ ဝင်ပီး ပါဝါ နေရာ ယူလာတာကတော့ OIC အဖွဲ့ အစည်းပါဘဲ နောက်ပိုင်း မှာ
OIC အဖွဲ့ရဲ့ ကြိုးကိုင် လုပ်ဆောင်မှုတွေ UN မှာ
များများ တွေ့လာ ခဲ့တယ်
မြန်မာ့ နိုင်ငံရေးနဲ့ ပတ်သက်ပီးလည်း စတင်ခြေရှုပ်လာတာကို မြင်တွေ့နိုင်ပါတယ်
အင်အားကြီး နိုင်ငံတွေရဲ့ ပါဝါ ညှိ ကြရာမှာ ကြားညှပ်နေတဲ့ မြန်မာ့မြေ ကို အသုံးပြု လိုတာကြောင့်
နေရာဝင်ယူဖို့ စတင်လုပ်ဆောင်နေပါပြီ
မြန်မာ့ အနောက် ခြမ်း ရခိုင်နယ်မှာ ဂျီနိုဆိုက်
ခေါ် လူမျိုးတုန်း သတ်ဖြတ်မှု ဟူးမန်းရိုက် ခေါ်
လူ့အခွင့်အရေး ချိုးဖောက်မှု စတဲ့ အကြောင်းပြချက်တွေ ပေးပြီး ခြေရှုပ်ဖို့စတင်နေပါပြီ
ယခုနောက်ပိုင်း စကစ ရဲ့ ရုရှား တို့ ရခိုင် ကမ်းရိုးတန်းဖက်မှာ ရေတပ်စစ်စခန်းချ ရပ်နားခွင့်
ဆိပ်ကမ်း တည်ဆောက်ဖို့ သဘောတူ ခဲ့ကြအပြီးမှာ ရခိုင်ဖက်ကနေ ဝင်ရှုပ် ဖို့ အခွင့် မသာ တော့ဘဲ ချင်းးပြည်နယ်ဖက်က
နေ ဝင်ကြဖို့ ပြင်ဆင်လာတာကို တွေ့နေရ ပီ
UN ကို အကြောင်းပြပီး လွတ်မြောက်နယ်မြေ တစ်ခု ဖန်တီး
ဖို့ရာ မှာ ပထဝီ အနေအထားအရ
ချင်းပြည်နယ်ဟာ အကောင်းဆုံးဖြစ်နေတယ်
သူတို့လက်အောက်ခံ ဘင်္ဂလားဒေ့ရှ် နဲ့ နီးသလို
စကစ ရဲ့ မဟာမိတ် တွေနဲ့လည်း အလှမ်းဝေးနေတယ် NUG တို့ KIA တို့လို ပြည်တွင်းလောက်ကောင်တွေနဲ့လည်း ပေါင်းစပ်ဖို့ လွယ်ကူတဲ့နေ ရာ လည်းဖြစ်နေတယ်
ဒီတေါ့ စကစ အနေနဲ့ ချင်းပြည်နယ်ကို သတိထားရမဲ့ နယ်
မြေ ဆိုတာ ကို သတိ မလွှတ်သင့်ဘူး
အခု တောင် ခြေ လှမ်းတွေက စနေပါပီ UN ရဲ့
ကယ်ဆယ်ရေးအကြောင်းပြပီး UNHCR ကားတွေ
ချင်းပြည်နယ်ကို စတင် ခြေလှမ်း လှမ်းနေပါပြီ
အဲဒီတော့ နာမည်ခံဘဲ ရှိတော့တဲ့ UN ဟာ
အင်အားကြီးနိုင်ငံတွေရဲ့ ကိုယ်ကျိုးစီးပွား ရှာဖို့အတွက် ခု တုံး အဖွဲ့အစည်း တစ်ခု သာဖြစ်ကြောင်း တင်ပြရင်း.....
သူရကျော်
Crd:/-