Saturday, July 24, 2021

ကျေးဇူးအထူး တင်ရှိခြင်း


         မနေ့က မျက်ရည်ဝိုင်းတဲ့ စာတစောင် ဆိုပြီး ဟသ်ာတ မြို့နယ် ဒူးယားကျေးရွာတိုက်နယ်ဆေးရုံ ပိတ်ထားရပြီး ကုသခွင့် ဆုံးရှုံးနေရတဲ့ ရွာလုံးကျွတ် ဖျားနာနေသူတွေ အကြောင်း ပို့စ်တင်ပြီး အကူညီတောင်းလိုက်ပါတယ် ။ 

      နိုင်ငံတော် အကြံပေး တဦး နဲ့ စစ်ရုံးချုပ်သို့ တိုက်ရိုက် ပေးပို့ အကူညီတောင်းကြည့်ပါတယ် ။ 

       ယခု နိုင်ငံတော်မှ ဒူးယားကျေးရွာတိုက်နယ်ဆေးရုံအား ပြန်လည်ဖွင့်လှစ်ပြီး ဆေးကုသပေးဖို့ ဆောင်ရွက်နေကြောင်း လော့ဒေါင်းလည်း ချထားကြောင်း ဒေသခံမှ သတင်းပေးပို့လာပါတယ် ။ 

      ယခုလို အလျှင်အမြန် ဆောင်ရွက်ပေးပါသော နိုင်ငံတော် လူကြီးမင်းများအား ပြည်သူများက ကျေးဇူးတင် အသိအမှတ်ပြုနိုင်ပါရန် သတင်းကောင်းပါးလိုက်ပါတယ် ဗျာ ။ 

      ယခင်တကြိမ် လှိုင်သာယာ ကျူးများအတွက် လေးလ အချိန်နောက်ဆုတ်ပေးခဲ့တာကိုလည်း ကျေးဇူးတင်ကြောင်း ထပ်လောင်း ပြောချင်ပါတယ် ။

      မျိုးဝင်း