Tuesday, July 20, 2021

ဖက်ဆစ်ဗုံး ပမာ


         ဗုဒ္ဓဘာသာ နိုင်ငံတော်ကြီးမှာ မမြင်အပ် မသိအပ်တဲ့ အကြောင်းတွေ အများကြီး ရှိခဲ့ဖူးပါတယ် ။ ဥာဏ်မမှီနိုင်သော တနည်း လက်ရှိသိပ္ပံပညာအနေအထားအရ ဖြေရှင်းရန် မတတ်နိုင်သော ထူးခြားဖြစ်စဥ်များစွာ ရှိခဲ့ဖူးသလို ရှိနေဆဲပါပဲ ။


         ကျနော်တို့ တသက်လုံးက မကြားဖူးတဲ့ ကိစ္စတွေ ၊ ကပ်ဘေးသင့်နေတာ အများစုဟာ အဆိုပါ ကိစ္စရပ်များရဲ့ ရိုက်ခတ်မှု ပါနေမလားဆိုတာလည်း တွေးဆစရာပါပဲ ။ တကမ္ဘာလုံး ဖြစ်နေတာ ပဲလေ ဆိုပြီး ပြောမယ်ဆိုရင်တော့ အေးချမ်းတည်ငြိမ်နေတဲ့ မူရင်းတရားခံ တရုတ်ကြီး ကရောလို့ မေးစရာ ရှိနေပြန်ပါတယ် ။ 


     ထားပါ ဗျာ ပြောချင်တာက NLD လက်ထက်မှာ...


- သခ်ျိုင်းက အပင်ကြီး နဲ့ စည်တော်ကြီး ထွင်းထုခဲ့တယ် ၊


- သံဃာတွေ ဖြစ်တဲ့ မဟန နဲ့ မဘသ ကို ရန်တိုက်အာဏာစက်သုံးပြီး သင်းကွဲအောင် ယုတ်မာခဲ့ပြတယ် ။


- ဘုရားဆုပန် ပါချုပ်ဆရာတော်ကြီးအား ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ် ၊

(မင်းသားကြီး ကျော်ဟိန်း သက်န်းစီးပြီး ပါချုပ်ဆရာတော်ကြီး၏ ရည်မှန်းချက်အား မေးမြန်းလျှောက်ထားရာမှ ဆရာတော်ကြီး ကိုယ်တိုင် ဘုရားဆုပန်ထား၍ ယခုဘဝနှင် နိဗ္ဗာန်သို့ မကူးမြောက်ချင်သေးကြောင်း ဖြေထားပါတယ်)


- ထေကြီး ဝါကြီး ဆရာတော်ကြီးများအား သီတဂူ အစ အရှင်ဝီရသူ အဆုံး သိမ်းကြုံး ဆဲဆို စော်ကားခဲ့ခြင်း ။


- ဘုရားဆင်းတုများအား မဖွယ်မရာ ကြိုးတုတ်နှောင်ခြင်း ၊ ခြေအစုံအား အဂ်တေလောင်း၍ ချုပ်နှောင်ခြင်း အစရှိသဖြင့် စီမံခဲ့ကြခြင်း ။ 


- အမျိုးသမီး မဝင်ရ သတ်မှတ်ထားသော နေရာအား သြဇာအာဏာသုံး ဝင်ရောက်ခဲ့ခြင်း ။ 


- ရွှေတိဂုံကဲ့သို့သော အထွဋ်အမြတ်ထားရာ စေတီကြီး၏ ကိုယ်လုံတော်အား ထွင်းဖောက်၍ ဘာသာခြား အစီအမံများ ဖြင့် ထည့်သွင်းခြင်း ၊ ထီးတော်တွင် ဘာသာခြားအစီအရင် သံလျှက်ဒါး များ ချိတ်ဆွဲ ခြင်း ။


- ဒေါ်စုကြည်အိမ်တွင် ရုပ်ပွားတော်အား ဧည့်ခန်းစားပွဲ ၌ အလှဆင် စက္ကူဖိ ဖန်တုံးကဲ့သို့ အသုံးပြုခြင်း ။ 


- ပုဂံရှိ ပြင်းထန်သော ကျိန်စာတိုက်ထားသည့် ရှေးဟောင်းဘုရား အဆူ ၅၀ ကျော်ထံမှ ဌာပနာ ဖောက်ခိုးယူခြင်း ။ 


- ဆရာတော်ကြီးများ၏ ပုံတော်များအား ယုတ်ညံ့သည့် ထမီဟောင်းများ၌ ကပ်ထားကြခြင်း ။


- သံဃာများအား ဆွမ်း ကွမ်း မကပ်လှူရန် လှုံ့ဆော် ခြိမ်းခြောက်ကြခြင်း ။ 


- သံဃာများအား ကိုယ်ထိလက်ရောက် ရိုက်ပုတ်ခြင်း ၊ သတ်ဖြတ်ခြင်းများ ပြုလာခြင်း ။


      အစရှိတဲ့ အကုသိုလ် အမှုတွေကို NLD တစု ပျော်ပျော်ကြီး ကျူးလွန်ခဲ့ကြတာ အားလုံး သိကြမှာပါ ပဲ ။ 


      အဲဒီ အကုသိုလ်ကံများရဲ့ တန်ပြန်သက်ရောက်မှုများ စတင်လာချိန် မှာ ယခုကဲ့သို့ အဖြစ်ဆိုးများ ကြုံတွေ့နေကြရသလားလို့ တွေးဆဖွယ် ရှိနေပြန်ပါတယ် ။ 


       ဆရာတော်ကြီးများမှ သခ်ျိုင်းအတွင်းမှ ရတဲ့ စည်တော်ကြီးအား သန့်ရှင်းစင်ကြယ်အောင် ရွတ်ဖတ်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း ၊ နိုင်ငံအနှံ့ သက်ဆိုင်ရာ ဒေသခံ သံဃာများမှ ပဌာန်းများ ၊ သက်ဆိုင်ရာ သုတ်များ ရွတ်ဖတ်ခြင်း ၊ နိုင်ငံတော် အဆင့် ဆရာတော်ကြီးများမှ လေယာဥ် ဘဘော်များ ဖြင့် ရွတ်ဖတ်သန့်စင်ခြင်းများ ပြုလုပ်ပေးခြင်းဖြင့် ဆောင်ရွက်ကြလျှင် ပြည်သူအများစု စိတ်ဓာတ်ခွန်အားများ ဖြစ်စေပြီ လုံခြုံပြီဟူသော ယုံကြည်မှုများ ဖြင့် ကပ်ရောဂါအား တိုက်ဖျက်ခုခံရာတွင် ခွန်အားတရပ် ဖြစ်စေမည်ဟု ယူဆမိပါတယ် ။ 


       ဌာပနာ အဖောက်ခံရသော စေတီ များ နှင့် ဘာသာခြားတို့၏ အစီအမံများနှင့် လုပ်ကြံထားသော စေတီပုထိုးများအား နားလည်တတ်ကျွမ်းသော မြန်မာပညာရှင်များနှင့် ပြန်လည် ပြုပြင် တန်ပြန်မှုများ စီရင်ဆောင်ရွက်သင့်ပါပြီ ။ 


       မကောင်းတာ လုပ်တဲ့သူတွေ မကောင်းတဲ့ဒဏ်ခံကြရာမှာ အတူနေရသော လူကောင်းများလည်း ခံကြရပါတယ် ။ ကျနော် ပြောခဲ့ဖူးတဲ့ ဥပမာ ဖြစ်ရပ်မှန်လေးနဲ့ နှိုင်ယှဥ်ပြောချင်ပါတယ် ။


     ကျနော့် အဖေရဲ့ အမေ ဟာ အသက် ရာပြည့်ခါနီးအထိ နေသွားရပါတယ် ၊ အဲဒီအမေကြီးတင်ဟာ ဂျပန်ခေတ်ကို ကောင်းစွာ မှီခဲ့ပြီး ဂျပန်လေတပ်ထဲမှာ အလုပ် လုပ်ခဲ့ဖူးပါတယ် ။ 


     မြန်မာ အလုပ်သမားတွေက လေတပ်ထဲက ဗုံးကြီးတွေကို သံချေး မတက်အောင် ရေနံဆီနဲ့ ပွတ်တိုက် သန့်စင်ပေးရလေ့ ရှိပါတယ် ။ အင်ဖာတိုက်ပွဲပြီးတော့ မြန်မာပြည်ထဲကို အဂ်လိပ်မဟာမိတ်တွေ ဝင်လာပါပြီ ။ 


     ဂျပန်တွေက ဗုံးကြဲချတော့ အမေကြီးတင်တို့ သန့်ရှင်းပေးရတဲ့ ဗုံးကြီးတွေ နဲ့ ပြန်ကြဲချတာပေါ့ ။ အမေကြီးတင်တို့ ပုန်းနေတဲ့ နွံအိုင်နားကို ဗုံးကြီးကြလာတာ အောက်က နွံထဲကျတော့ မကွဲဖူး ။


      ဗုံးကြီးရဲ့ ပုံသဏ္ဍန် နဲ့ တံဆိပ်ကို သိနေတဲ့ ရွာသူ ရွာသားတွေက ဂျပန်လေတပ်မှာ လုပ်ဖူးတဲ့ အမေကြီးတင်တို့ကို ညည်းတို့ ဆီပွတ်ပေးနေတဲ့ ဗုံးတွေကြောင့် သေတဲ့သူသေရတယ် ဆိုပြီး ရန်လုပ်ကြပါတယ် ။ 


      တကယ်လည်း ဆီပွတ်သန့်ရှင်းပေးခဲ့သူတွေကတော့ ငြိမ်နေကြရတာပေါ့ ။ တကယ်တန်းကျတော့ ဖက်ဆစ်ဗုံးဆိုတာ တွေ့ရာလူ ဒုက္ခပေးတော့တာကိုး ဗျ ။


      အဲသလိုပါပဲ ဗျာ အခု ကပ်ရောဂါကြီးကလည်း အကုသိုလ်လုပ်သူတွေသာ မကဖူး စက်ကွင်းမလွတ်တဲ့ လူကောင်းတွေကိုလည်း ဒုက္ခပေးမှာပါပဲ ။ 


         ကိုယ်က ဆီမပွတ်ခဲ့ပေမယ့် ဆီပွတ်ပေးသူတွေ နဲ့ နေမိရင်တော့ အန္တရာယ် မကင်ဖူးဆိုတဲ့ အသိနဲ့ သတိထားပြီး နေထိုင်စားသောက်ကြရင်း ကပ်ရောဂါဘေးကနေ ရှောင်ရှားကြပါစို့ ဗျာ ။ 


     မျိုးဝင်း