Wednesday, July 14, 2021

ကျွန်မအမှန်ပြောသည့်အတွက်ကျွန်မကို ဆဲနေသောသူများသို့


ဒေါက်တာရင်ရင်နွယ်အား အဆင့်အတန်း မရှိသည့် အမျိုးသမီး ဖြစ်လေ ဟန် နှိမ့်ချ သရော်နေကြသည့် ဒီမိုများကား ဆရာမကြီး ရင်ရင်နွယ်က ပြန်လည် တုံ့ပြန်သည့် ပို့စ်ကို အများ ဖတ်ရှု နိုင်ရန် copy တင်ပါသည်။ မိမိ အနေနှင့် မူကား ကိုယ့်လူမျိုးထဲမှရှားရှားပါးပါး ပညာရှင်ကို တန်ဖိုးထား သလို လေးစားမိပါသည်။ နိုင်ငံရေး အယူအဆ မတူ သောကြောင့် သက်သက်နှင့် ချိုးချိုးဖဲ့ဖဲ့ နှိပ်နယ်ပြောကြသလို ဘင်္ဂါလီ ကိစ္စနှင့် ပတ်သက်၍ ဆရာမကြီး သဘောထားကို မကြိုက်ကြ သော ကြောင့်လည်း ပါဝင်ပါလိမ့်မည်။ ဖတ်ကြည့်ပါစို့။

https://www.facebook.com/733279337/posts/10157294356529338/
============================================
ကျွန်မအမှန်ပြောသည့်အတွက်ကျွန်မကို ဆဲနေသောသူများသို့
==========================================
ရှင်တို့ ပြောသလို ကျွန်မက ကုလသမဂ္ဂမှာ  နိမ့်တဲ့  အဆငိ့သာဖြစ်ခဲ့ လျှင်၊ ၂၀၁၀ မှာ Xi Jinping  ကကျွန်မ ကို"ဒေါက်တာ" လို့ တပ် ခေါ်ပြီး
Great Hall of the People ခန်းမကြီးမှာ လေးလေးစားစား ဧည့်ခံ မှာမဟုတ်ဖူး။

ကမ္ဘာကျော် ရုပ်ရှင်မင်းသား Jackie Chanကလည်း ကျွန်မ ဖိတ်ကြား လိုက်တဲ့ပွဲကိုဒီလို လာမှာမဟုတ်ဖူး။
 
ဒါပဲ။

အရှက်မရှိ ကြရင် ဒီပိုစ့် နဲ့ ကျွန်မ  Account ကို ထပ်ပိတ်ခိုင်းကြအုံး။ 

 ဒေါက်တာ ရင်ရင်နွယ် 

(မသိသူများ အတွက်  Xi Jinping သည် လက်ရှိ တရုတ်သမ္မတ၊ 
ထိုစဉ်က ဒုသမ္မတ၊)

မှတ်ချက်။ 

ဒေါက်တာဘွဲ့ ရသောခုနှစ်= ၁၉၇၅။ 

အိမ်တောင်ဖက်နှင့်စတွေ့သော နှစ်= ၁၉၇၆

အိမ်တောင်ကျသောခုနှစ်= ၁၉၇၇

အိမ်တောင်ဖက်နှင့် တရားဝင်ကွာရှင်းပြတ်စဲသော ခုနှစ်= ၁၉၈၃

နိုင်ငံခြားထွက်သောခုနှစ်= ၁၉၈၈

ကုလသမဂ္ဂ ၌အလုပ်စသော ခုနှစ်=၁၉၉၀

ကုလသမဂ္ဂ ၌နောက်ဆုံးရာထူး = တရုတ်ပြည်သူ့သမ္မတ နိုင်ငံတွင် UNICEF ဌာနေကိုယ်စားလှယ်။ ဌာနေကိုယ်စားလှယ် ရာထူးများအနက် အမြင့်ဆုံးထဲတွင်ပါသည်။ 

(မြန်မာနိုင်ငံရှိ ဌာနေကိုယ်စားလှယ် ထက်မြင့်ပါသည်။)

Credit : ဒေါက်တာရင်ရင်နွယ်