Wednesday, July 14, 2021

NLD လက်ထက်နဲ့ နစက လက်ထက် ကိုဗစ်ကိုတုံ့ပြန်တာချင်းကွာတယ်တဲ့ ဟုတ်တယ် ကွာတယ်


အခြေနေခြင်းကလုံးဝမတူဘူး
ပြောင်းပြန်အချိုးကျတယ်
NLD လက်ထက်တုံးက ဗုံးခွဲတဲ့သူမရှိဘူး
မိုင်းထောင်တဲ့သူမရှိဘူး မီးရှို့တဲ့သူမရှိဘူး
အစိုရဝန်ထမ်းတွေ အပြစ်မဲ့ပြည်သူတွေကို
လိုက်သတ်နေတဲ့သူမရှိဘူး CDM လုပ်
တဲ့ ဆရာဝန်မရှိဘူး ဒီအစိုးရ မဟုတ်လို့
ငါတို့လူမှုရေးအလုပ်တွေရပ်တော့မယ်ဆိုတဲ့
လူမှုရေးအဖွဲ့မရှိဘူး အောက်စီဂျင်တွေဖြည့်
လေပြန်ထုတ် တဲ့သူမရှိဘူး ငါတော့အနံ့
ပျောက်ပြီသူများကူးအောင်လိုက်လုပ်မယ်
ဆိုတဲ့သူမရှိဘူး အစိုးရဘာလုပ်လုပ် ကန့်လန့်
တိုက်အနှောက်ာယှက်မျိုးစုံပေးတဲ့သူမရှိဘူး
ဘာကြောင့် အဲဒီတုံကမရှိတာလဲဆိုရင်
အဲဒီလူယုတ်မာတွေက အစိုးရဖြစ်နေကြလို့
ကျန်တဲ့သူတွေမှာအဲလိုယုတ်မာတဲ့စိတ်မရှိဘူး
အမျိုးသားရေးတာဝန်တရပ်အနေနဲ့အားလုံး
ဝိုင်းဝန်းကူညီလုပ်ပေးကြတယ် ဒါကြောင့်လဲ
အထိခိုက်နည်းစွာနဲ့ wave နှစ်ခုကိုကျော်လွှား
နိုင်ခဲ့တယ်

နောက်တချက်မတူတာက
ဒေါ်စုလက်ထက်က ကိုဗစ်နဲ့ 
အခုကိုဗစ် ကမတူဘူး
မျိုးရိုးဗီဇပြောင်းတဲ့အတွက် 
ကူးစက်မှုနှုံးများတယ်
များတယ် အရင် တယောက်ကနေ
သုံးယောက် ကူးတဲ့အဆင့်က
တယောက်ကဆယ်ယောက်
အထိ ကူးစက်မှုနှုံးမြင့်မားတယ်
အရင်တယောက်သေရင်
အခုကိုဗစ်က ဆယ်ယောက်သေနိုင်တယ်

နောက်ဆုံးမတူတဲ့အချက်ကတော့
နစက အစိုးရက ကိုဗစ်ကိုနိုင်ငံရေးထဲ
ဆွဲမသွင်းတာဘဲ တပ်မတော်မှာ
ဘယ်အလုပ်လုပ် plan ကောင်းကောင်းရှိတယ်
နောက်ဆုံးမတူတဲ့အချက်က
ပြည်သူတွေအတွက် 
ကံကောင်းတယ်ဘဲ ပြောရမယ်

အဖျက်အမှောက်တွေတဖက်က နှိမ်းနင်း
နေရတဲ့ကြားထဲ တဖက်ကလဲ အင်မတန်ဆိုးတဲ့
ကပ်ဘေးကြီးကဆိုက်ရောက်လာတဲ့အချိန်တို
အတွင်းမှာ ဘယ်အစိုးရမဆိုကသောင်းကနင်း
ဖြစ်မှာအမှန်ဘဲ ဒါပေမဲ့ဖြေရှင်းပေးနိုင်လိမ့်မယ်
လို့ယုံကြည်တယ် နကစ မှာစေတနာရှိနေတယ်
အဲဒီစေတနာက ကိုယ့်အသက်တောင် ပြည်သူ
အတွက်ပေးထားတဲ့လူတိုင်းမထားနိုင် မလုပ်နိုင်
တဲ့စေတနာ

တခုတော့ရှိတယ် မကောင်းသူပယ်
ကောင်းသူကယ် သိကြားသာသနာ ကပ်ဆေး
နေတာဆိုတော့ ဘုရားရှင်သက်ရှိထင်ရှား
ရှိတဲ့အချိန်တုံးကတောင် တချို့သောသူတွေကို
ကယ်မရခဲ့ဘဲ ဥပက္ခာပြုလိုက်ရတာရှိတယ်
အဲဒီထဲကိုယ်မပါအောင်တော့ ကြိုးစားကြပေါ့။
Crd
S.N.K