Thursday, July 8, 2021

" ဒါဏ် "


လောကကြီးမှာ
မြင်ရတဲ့အားထက် မမြင်ရတဲ့အားက ပိုကြီးတယ်၊
မမြင်ရလို့ မယုံဘူးဆိုရင် ဉာဏ်နည်းရာကျတယ်
( အသံ၊ လေ ၊ သံလိုက်လှိုင်း တွေကိုမမြင်ရပါ )

ကမ္ဘာ့ဆွဲအားကို ငယ်စဉ်ထဲကအားလုံးသင်ဘူးကြတယ်၊
နောက်ဆုံးတွေ့ရှိချက်တခုက
ကမ္ဘာအပေါ်ကျရောက်နေတဲ့ သံလိုက်လှိုင်းတွေဟာ
မြေဆွဲအားထက် အဆပေါင်း "သန်း" ချီပြီး
အားကောင်းပါသတဲ့၊

ဓမ္မနိယာမ၊ ကမ္မနိယာမတွေဟာလည်း
ဗုဒ္ဓဘာသာဝင်တွေရဲ့ အခြေခံအသိပါ၊

....................

အာဖဂန်နစ္စတန်ဟာ တချိန်က ဗုဒ္ဓဘာသာ
အလွန်ထွန်းကားခဲ့တဲ့နေရာပါ၊ ကာလရွေ့အလျောမှာ
အခြားဘာသာ အားပြန်ကောင်းသွားတယ်
ဒါလဲ ဗုဒ္ဓအဟောအတိုင်း အနိစ္စသဘောပဲ၊

ကမ္ဘာကြီး တားနေတဲ့ကြားက
ဗုဒ္ဓရုပ်တုတော်တွေကို မိစ္ဆာတွေဖျက်ဆီးပစ်ကြတယ်
အိန္ဒိယက ဝယ်ပါမယ်ဆိုတာတောင် မရောင်းဘူး၊
အာဖဂန် စစ်ဒါဏ်ကို အလူးအလဲခံကြရတယ်
အမေရိကန်တပ်တွေ ဝင်ပေးတော့
နည်းနည်းငြိမ်သွားတယ်၊

အခု.... အမေရိကန်တပ်တွေ ပြန်ထွက်တော့
စစ်ပြန်ဖြစ်ကြပြီ၊ သေကြ ကြေကြဦးမယ်၊

" ဒါဏ် " ဆိုတာ ရှိတယ်
ပြန်လည်းခံရတယ်၊
အခု အာဖဂန် ဒါဏ်သင့်နေပြီ၊

.....................

မြန်မာမှာလည်း
(၅) နှစ်စာ ဖျက်ဆီးပစ်လိုက်တာ
ကုန်းကောက်စရာမရှိအောင်ဖြစ်ခဲ့တယ်၊

အကုသိုလ်ရင့်ကျက်ချိန်တန်တော့
ရာထူးကပြုတ်ကျပြီး၊ အမှုပေါင်း သောင်းခြောက်ထောင်
နောက်လိုက်မှားတွေက ပြည်သူကို ရန်လုပ်တယ်
ခဏပဲရလိုက်တယ်
အခု သူတို့ပြေးစရာမြေမရှိတော့ဘူး
ဘဝတွေပျက်၊ မိသားစုတွေနဲ့​ဝေး
ပြန်အသတ်ခံရနဲ့.....
ဒါဏ်တွေကို ဘယ်အထိ ခံကြရဦးမလဲမသိဘူး။

.....................

အတိတ်ကံပေးလို့
အာဏာလက်ဝယ်ရှိလာတဲ့အခါမှာ
ဗီဇမမှန်သူတွေ ရူးသွားကြတာပဲ၊
ကိုယ်ရူးတာက အများပြည်သူကို
မထိခိုက်စေဖို့လိုတယ်၊ စေတနာမှန်ဖို့လိုတယ်

စေတနာဆိုတာ စိတ်ပဲ
စွမ်းအင်အလွန်ကြီးတယ်၊
တရားသူကြီးကို လှည့်ဖြားလို့ ရကောင်းပေမဲ့
ဓမ္မနဲ့ လောကနိယာမကို ညာလို့မရဘူး

စေတနာ မမှားဖို့လိုတယ်
စေနာမှန်ရင် ကောင်းကံကို ပြန်ခံစားရပြီး
စေတနာမှားရင်...
တူညီတဲ့ အကုသိုဘ်အကျိုးပေးကိုပြန်ရမှာပဲ
ထူးခြားတာက...

အကျိုးပေးတွေမှာ " အတိုး " အလွန်ကြီးတတ်တယ်။

#BaMaung








Related Posts:

  • အဆင်အကွက် နဲ့ ထင်မြင်ချက်        မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ အိမ်စောင့်အစိုးရ ရဲ့ အဆင်အကွက် နဲ့  ဖရဲသီးတွေရဲ့ ထင်မြင်ချက်တွေကို ပရိတ်သပ်တယောက်အနေနဲ့ ယခုလို ကောက်ချက်ချကြည့်မိပါတယ် ။        ပထမဆုံး ပြည်တွင်းရှိ စိမ့်ဝင်နေတဲ့ လက်နက်တွေဟာ KIO KIA ကတဆင… Read More
  • 💚မင်းတို့ခိုးးတယ် 🐕ငါတို့မခိုးးဘူးး💚မခိုးးရင်ရှင်းးလေ🐕ရှင်းးစရာမလိုဘူးးးး💚မရှင်းးရင်ခိုးးလို့ဘဲ🐕မခိုးးဘူးးး💚မခိုးရင်ရှင်းးး🐕ရှင်းးစရာမလိုဘူးး💚မရှင်းရင်ခိုးးလို့ဘဲ😁😁 ဖျင်ပိတ်ညင်းး#Credit… Read More
  • ဆရာမျိုး၀င်း ပွဲစားလုပ်မည်😋😋 ကဲ လာပြီနော်      ပြည်ဖျက် PDF သတင်းတွေ အတိအကျ ဖော်ထုတ်ပေးရင် အနည်းဆုံး ၅ သိန်းတဲ့ ဗျာ ။        အလုပ်အကိုင် ရှားပါးလို့ စိတ်ညစ်နေသလား PDF မုဆိုး လုပ်ကြည့်ပါ ။ သတင်းပေးမယ့်သူအတွက် လုံခြုံမှု ရှိဖို့ဆိုတာ နယ်ခံရဲစခန်းက အရေးကြီးပါတယ် ။     … Read More
  • အကောင့်ကျကျိုး နပ်ပေပြီ      ဟိုတလောတုန်းက မန္တလေးသံဃာတွေက ဒကာမျိုးရေ သံဃာတွေကို စော်ကားနေတဲ့ နီပိန်းတွေကို တုန့်ပြန်ပေးပါအုံး အမျိုးသားရေးအုပ်စု အတွက် ပြန်ရေးတဲ့သူ နည်းနေလို့ပါ ဆိုပြီး လင့်တွေ ချပြ ပေးပါတယ် ။       ကျနော်ပြန်ဆဲရင် အကောင့်ကျမှာ သိပ… Read More
  • ဗက် ဟက်ဟက် 😂😂 😎😎 ဗိုလ်သင်တန်းတက်ဖို့အတွက် အနိမ့်ဆုံး တက္ကသိုလ်ဝင်တန်း အောင်မြင်ရမယ်။ ပြီးရင် ဗိုလ်သင်တန်းဝင်ခွင့် ရေးဖြေ အောင်မြင်ရမယ်။ ပြီးရင် ဗိုလ်ရွေးဝင်ခွင့် (၅)ရက် ဖြေတာ အောင်မြင်ရမယ်။ အဲ့တာမှ ..ဗိုလ်သင်တန်း တက်ခွင့်ရမယ်။ ဗိုလ်သင်တန… Read More