Wednesday, August 4, 2021

ဒီအမေရိကန်တော့ အဆဲခံရတော့မှာပဲ😂😂


ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဒုတိယအကြိမ်မြောက် မဲခေါင်-အမေရိကန် မိတ်ဖက်ပြုပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ဝန်ကြီးများအစည်းအဝေးသို့ Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်
=====================================

(၃-၈-၂၀၂၁ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ၂၀၂၁ခုနှစ်၊ ဩဂုတ်လ (၃)ရက်နေ့ နံနက်ပိုင်းတွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်မြောက် မဲခေါင်-အမေရိကန် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ဝန်ကြီးများအစည်းအဝေး (Second Mekong-U.S. Partnership Ministerial Meeting) သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး Mr. Prak Sokhonn နှင့် အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Mr. Antony J. Blinken တို့က ပူးတွဲ သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ Mekong-U.S. Partnership ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများက အမေရိကန်နိုင်ငံနှင့် မဲခေါင်နိုင်ငံများ အကြား ထူထောင်ခဲ့သည့် မဲခေါင်-အမေရိကန် မိတ်ဖက်ပြုပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ (၁)နှစ်တာ ကာလအတွင်း တိုးတက်အောင်မြင်မှုများအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မှ အနာဂတ်ကာလ မဲခေါင်ဒေသခွဲ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှု တို့အပေါ် အကျိုးပြုနိုင်မည့် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မိန့်ခွန်းပြောကြားရာတွင် အမေရိကန်နိုင်ငံမှ မဲခေါင်နိုင်ငံများသို့ COVID-19 ဆိုင်ရာကူညီထောက်ပံ့မှုများ ကျေးဇူးတင်အသိအမှတ်ပြုကြောင်းနှင့် မြန်မာနိုင်ငံ၌ ပြည်သူများ၏ အသက်အန္တရာယ်ကာကွယ်နိုင်ရန် COVID-19 ကာကွယ်ဆေးအပါအဝင် အခြားထောက်ပံ့မှုများ ပိုမိုပေးအပ်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။ 

ပြည်ထောင်စုဝန်ကြီးက မဲခေါင်-အမေရိကန် မိတ်ဖက်ပြုပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ အခြေခံမူများဖြစ်သော အားလုံးသဘောတူညီမှု၊ တန်းတူညီတူရှိမှုနှင့် ပြည်တွင်းရေး ဝင်ရောက် စွက်ဖက်ခြင်းမရှိမှု စသည့်မူများအပေါ်အခြေခံ၍ အလုံးစုံပါဝင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးကိုရှေးရှုကာ မဲခေါင်ဒေသပြည်သူများကို အကူအညီများ ပိုမိုပေးအပ်သွားရန် ထည့်သွင်း ပြောကြားခဲ့သည်။ ထို့အပြင် ပညာရေး၊ လူငယ်၊ စွမ်းအားမြှင့်တင်မှု၊ စွမ်းအင်နှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များပါဝင်သည့် မဲခေါင်-အမေရိကန် မိတ်ဖက်ပြုပူးပေါင်း ဆောင်ရွက်မှု၏ “လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၃)” ထုတ်ပြန်ခြင်း ကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးက မဲခေါင်-အမေရိကန် မိတ်ဖက်ပြုပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ လုပ်ငန်းအစီအစဉ်သစ်ကို ထိရောက်စွာအကောင်အထည်ဖော်ရာတွင် သတင်းအချက် အလက်မျှဝေမှု၏ အရေးပါမှုနှင့် COVID-19 ကာလအလွန် စီးပွားရေးပြန်လည်ထူထောင်နိုင်ရေးတွက် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဉီးစားပေး လုပ်ဆောင် သွားရန်လည်း အကြံပြုပြောကြားခဲ့သည်။ 

ပြည်ထောင်စုဝန်ကြီးသည် အမေရိကန်နိုင်ငံနှင့် မဲခေါင်နိုင်ငံများ၏ အစိုးရအရာရှိများအကြား တိုက်ရိုက်ဆက်သွယ်မှု တိုးမြှင့်နိုင်စေရန်ရည်ရွယ်သည့် မူဝါဒဆွေးနွေးပွဲ များပြုလုပ်ရန်နှင့် ကျားမ တန်းတူရည်တူရှိမှုနှင့် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်နိုင်မှုတို့အတွက်  မူဝါဒဆွေးနွေးပွဲများ ကျင်းပသွားလိုသည့် အမေရိကန်နိုင်ငံ၏ အဆိုပြုချက်များကို ထောက်ခံကြောင်းလည်း ပြောကြားခဲ့သည်။ 

အစည်းအဝေးမှ အဖွဲ့ဝင်နိုင်ငံများအတွက် သိသာထင်ရှားသည့် အကျိုးရလဒ် ဖော်ဆောင် နိုင်ရန် ရေးဆွဲထားသည့် မဲခေါင်-အမေရိကန် မိတ်ဖက်ပြုပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ လုပ်ငန်း အစီအစဉ် (၂၀၂၁-၂၀၂၃)ကို အတည်ပြုထုတ်ပြန်ခဲ့သည်။ 

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက် ရောက်ခဲ့သည်။ 
မဲခေါင်-အမေရိကန် မိတ်ဖက်ပြုပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည်  အမေရိကန် နိုင်ငံနှင့် မဲခေါင်နိုင်ငံများအကြားဆောင်ရွက်ခဲ့သည့် “မဲခေါင်မြစ်အောက်ပိုင်း နိုင်ငံများပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်” ၏ အောင်မြင်မှုများအပေါ်အခြေပြုလျက် ဒေသတွင်း အားလုံးပါဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်အတွက် လက်ရှိနှင့်အနာဂတ် လိုအပ်ချက်များ ဖြည့်ဆည်းရန်နှင့် စိန်ခေါ် မှုများကို ဖြေရှင်းနိုင်ရန် ၂၀၂၀ ပြည့်နှစ်တွင် အဆင့်မြှင့်တင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။
MoFA