Thursday, August 19, 2021

အလှူငွေရမှ တရားဟောတယ် စစ်တပ်နောက်လိုက်တယ် လို့ စော်ကားပြောဆို ခံနေရတဲ့ သီတဂူ ဆရာတော်ကြီး ဆိုတာ့့့့


စစ်ကိုင်းတောင်ရိုးက
ဘုန်းကြီးကျောင်းပေါင်း
(၈၀၀)ကျော် ရဟန်းသာမဏေ
သီလရှင်ဦးရေ
(၉၀၀၀) ကျော်ကို နေ့စဉ် ရေဂါလန်
(၅)သိန်းကျော် ပေးလှူနေရတယ်။

အဲဒီအတွက်
သီတဂူဆရာတော်ကြီးမှာ
စက်ရုံ (၃) ရုံကို အမြဲလည်ပတ်ဖို့
ကြိုးစားနေရပြီး
ရေကန်ကြီး ၁၁လုံးမှာ
ရေဂါလန် (၁၁) သိန်းကျော်
သိုလှောင်ပြီး စစ်ကိုင်းတောင်ရိုးက
ဗုဒ္ဓ သာသနာတော်ရဲ့ အခြေခံ
အုတ်မြစ်တွေကို
ခိုင်မာအောင် ဆောင်ရွက်နေရတယ်။

စစ်ကိုင်းတောင်
သီတဂူအာယုဒါနဆေးရုံကြီး
မျက်စိဆေးရုံ။

ဧရာဝတီတိုင်း ပန်းတနော်
သီတဂူစက္ခုဒါနဆေးရုံ။
ရှမ်းပြည်နယ် သီပေါ
သီတဂူစက္ခုဒါနဆေးရုံ။
ကလေးမြို့
သီတဂူစက္ခုဒါနဆေးရုံ အပြင်
မင်းတပ်/ဆားတောင်/ထားဝယ်
ရန်ကုန်/အင်းလေးရွာမ/သဲကုန်း
ကရင်ပြည်နယ်/ကယားပြည်နယ်
ကချင်ပြည်နယ် မြစ်ကြီးနား
မော်လမြိုင်ကျွန်း/ ကျိုက်ထို
ပန်းတနော်/ရပ်စောက်/သံတွဲနဲ့
ဟုမ္မလင်းမြို့များမှာလည်း
သီတဂူဆေးရုံတွေ ဖွင့်လှစ်ထားပြီး
လူအများကိုကယ်တင်နေခဲ့တယ်။

မြန်မာနိုင်ငံက ရဟန်းတော်
(၄) သိန်းထဲက စမ္မာစရိယအောင်တဲ့
ရဟန်းတော်တွေ
ပိဋကတ်သုံးပုံ ပါရဂူဘွဲ့ရဖို့
သင်ကြားပေးတဲ့
တက္ကသိုလ် မြန်မာပြည်မှာ မရှိလို့
သီတဂူဆရာတော်ကြီးက
နိုင်ငံတကာအဆင့်မှီ
သီတဂူ ဗုဒ္ဓတက္ကသိုလ်ကို ထူထောင်ခဲ့တယ်။
ပြည်တွင်းပြည်ပက ရဟန်းသာမဏေ
သီလရှင် နဲ့ လူပုဂ္ဂိုလ်တွေ
တက်ရောက်သင်ကြားနေကြတယ်။

အမေရိကန် တက္ကဆက်မြို့တော်
အော်စတင်အပါအဝင် အာရှနဲ့
ဥရောပမြို့ကြီးတွေမှာ
သီတဂူသံဃာ့ ဝိဟာရကျောင်းတွေ
တည်ထောင်ထားတယ် ထပ်မံလည်း
တိုးချဲ့ ထူထောင်နေတယ်။

ဒါတွေကတော့ စစ်တပ်နောက်လိုက်
ရဟန်းကြီးလို့ ပြောဆိုအပုတ်ချနေတဲ့
သီတဂူဆရာတော်ဘုရားကြီးရဲ့
ပုခုံးပေါ်က တာဝန်ကြီးတွေပါ။

သက်တော်နဲ့မမျှအောင်
တရားဟောပြီးရလာတဲ့
အလှူငွေလေးတွေနဲ့ ရအောင်
လည်ပတ်နေရတာပါ။

စော်ကားပြောဆိုနေကြသူတွေအနေ နဲ့
မိမိ ရရှိလိုက်တဲ့ ငရဲ အတိမ် အနက်ကို
ခန့်မှန်း သိရှိနိုင်ဖို့ ဖော်ပြပေးလိုက် ရပါတယ်။

{သီတဂူဆရာတော်ကြီး၏
သာသနာပြုမှတ်တမ်းမှ
ထုတ်နှုတ်ကူးယူဖော်ပြအပ်ပါသည် }

#CREDIT #မျှဝေပါသည်