Monday, August 16, 2021

အာဖကန် အဖြစ်ကို တွေးကြည့်တယ် အမိမဲ့သား ရေနည်း ငါး လိုပေါ့ဗျာ


တကယ်တော့ ဆန်းစစ်ကြည့်ရင်
နိုင်ငံတစ်ကာကို အားကိုးတဲ့ 
အစိုးရ တရပ် ရဲ့ ကျရူံးမူ့ပါ

ရှေ့မှာ သာဓက တွေက
အီရတ် ကျူးဘား လက်တွေ့ဘဲလေ

ကျနော် တို့ မြန်မာနိုင်ငံ
တကယ်တန်း တွေးကြည့်ရင်
အိမ်နီချင်း နိုင်ငံကောင်း မရှိပါဘူး

တရုပ် ထိုင်း ဘင်ဂလား ဗီယက်နမ် လာအို အိန္နိယ
ဘယ် နိုင်ငံမှ မြန်မာအတွက်
သူတို့ ကိုယ်ကျိူး စီးပွား အတွက်ကလွဲလို့
အားကိုးစရာ မရှိပါဘူး

ပိုဆိုးတာက ဘာသာရေး
အားလုံးနဲ့ ဆန့်ကျင်ဖက် ဖြစ်နေတာ

ဒီတော့ 
ဘေးကျပ်နံကျပ် ဖြစ်နေခဲ့ရတာ
အစိုးရ အဆက်ဆက် ပါဘဲ

ဒီအကြောင်းတရား တွေကို
အသုံးချ မိမိအာဏာ ရရေး လုပ်ဆောင်နေကြတဲ့
အဖွဲ့အစည်း လူပုဂ္ဂိုလ် တွေ အများကြီးပါ

ဒီနေရာမှာ တစ်ခု ပြောပြပါရစေ

မြန်မာ့ တပ်မတော် ကြီးဟာ 
တစ်ခုတည်း သော မြန်မာနိုင်ငံတော်အတွက်
ရပ်တည်ချက် ဦးတည်ချက် 
အမှန်အကန်ဆုံး အင်စတီကျူးရှင်းတစ်ခုပါ

ရဲဘော်သုံးကျိတ် အမြူတေ ဘဝက စလို့
သုံးသပ်ကြည့်ပါ

ဦးနေဝင်း ကြီးတစ်ယောက် 
ပျဉ်းမနား မှာ စစ်တိုင်းမူး ဖြစ်နေတဲ့ အချိန်
ဦးသန်းရွှေ ဆိုတာ ဟာ
နပ်တွဲလောင်း အရွယ်ပေါ့ဗျာ

ဒီလိုပါဘဲ
ဦးသန်းရွှေ ဗိုလ်ချူပ်မှူးကြီး ဘဝ
နိုင်ငံ ခေါင်းဆောင် ဖြစ်နေတဲ့အချိန်
လက်ရှိကာချူပ် ဦးမင်းအောင်လိူင်ဆိုတာ
ကရင်ပြည်နယ် မှာ တောတိုး
မျှစ် နဲ့ ပဲ စားကောင်းတုန်း 
ကျောပိုးအိပ် တစ်လုံးနဲ့ စစ်တိုက်ကောင်းတုန်း
ကပ္ပတိန် တစ်ယောက် အဆင့်ပါ

ဆိုလိုရင်းက
မြန်မာ့ တပ်မတော်ဟာ
မရှိမဖြစ် မြန်မာနိုင်ငံအတွက် 
အဓိက ဦးဆောင်ပေးရမဲ့ ဦးဆောင်ပေးနေရတဲ့
အဖွဲ့အစည်း တစ်ခုဘဲ ဖြစ်ပါတယ်

ထို့နည်းတူစွာ
မြန်မာ့နိုင်ငံရေး အခင်းအကျင်း
မြန်မာ့လွပ်လပ်ရေး အချူပ်အချာ
မြန်မာ့နိုင်ငံ တည်တံ့ ခိုင်မြဲရေး ဆိုတဲ့
စကားရပ်တွေ အားလုံး အတွက်
တာဝန်အပြည့်အဝ ယူနိုင်တာ
မြန်မာနိုင်ငံအတွက်
မြန်မာ့တပ်မတော်ကြီးဘဲ ရှိပါတယ်

ဒီတော့
အစဉ်အဆက် တပ်မတော်ခေါင်းဆောင်တွေဟာ
နိုင်ငံတစ်ခုလုံးရဲ့ အမြဲတမ်း အရေးကြီး
အလေးထားရတဲ့ တပ်မတော်ခေါင်းဆောင်ကို
သေချာစီစစ်ရတယ်

သေသေချာချာ ပုခုန်းပြောင်းကြရတယ်

အဲ့ဒီ နေရာအတွက် 
လူရွေး မှားတဲ့ နေ့

ကမ္ဘာ့ မြေပုံ မှာ မြန်မာဆိုတာ 
ပျောက်ကွယ်သွားမဲ့ နေ့တစ်နေ့ ပါဘဲ မိတ်ဆွေ

ဒီတော့
ခင်ဗျား အနေနဲ့
မြန်မာ့ တပ်မတော် ကို
မချစ် ချင်လည်း ချစ်ရမယ်
မကြိူက်ချင်လည်း ကြိူက်ရမယ်

ထပ်ပြောပါရစေ
လွပ်လပ်ရေးရပြီးကထဲက 
မြန်မာ့နိုင်ငံအရေး မှာ ဦးဆောင်ကဏ္ဍ ကို
အရပ်သား အစိုးရတွေမှာ
ဘယ်အစိုးရ က
စောက်သုံးကျကျ အုပ်ချူပ်သွားနိုင်လည်း
အရင်ဆုံး တွေးကြည့်ပါ

ပြီးရင်
တပ်မတော်ကြီးရဲ့ အခန်းကဏ္ဍ
တွေးကြည့်ပါ

မြန်မာ့ သမိုင်း ခေတ်အဆက်ဆက်
တက်မတော်ဖွဲ့ လို့ ကမ္ဘာ သိအောင်လုပ်ခဲ့တာက

အနော်ရတာ
ကျန်စစ်သား
ဘုရင့်နောင်
အလောင်းဘုရား ကစလို့

ဗိုလ်ချူပ်အောင်ဆန်း
ဗိုလ်ချူပ်ကြီး နေဝင်း
ဗိုလ်ချူပ်မူးကြီး သန်းရွှေ

ယခု အချိန်မှာတော့
ဗိုလ်ချူပ်မှူးကြီး မင်းအောင်လိူင်

ဒီကနေ့ 
မြန်မာတွေ ကမ္ဘာ မှာ မြန်မာလို့
ပြောနေနိုင် တာ
စစ်ဖိနပ် တစ်စုံ အနေမှန် နေလို့ ဆိုတာ
သိထားပါ

အဲ့ဒီ စစ်ဖိနပ်တစ်စုံ
စုတ်ပြတ် သပ်သွားတဲ့နေ့

ကမ္ဘာ မှာ မြန်မာဆိုတာ
စကားလုံး ပျောက်သွားမဲ့ နေ့ရယ်လို့
ခင်ဗျား သိထားလိုက်ပေ တော့ ကိုယ့်လူရေ

မောင်သစ္စာ






Related Posts:

  • မမှားသောရှေ့နေ... မသေသောဆေးသမား...လွန်ခဲ့တဲ့ (၂) နှစ်လောက်တုန်းက အမေရိကန်နိုင်ငံအနေနဲ့ တရုတ်ပြည်တွင်းမှာ သူမွေးထားတဲ့ စပိုင်တွေ လက်သယ်မပေါ်ဘဲ အစပျောက်ပျောက်သွားတတ်လို့ တရုတ်အစိုးရကို စိတ်ပျက်မိတဲ့အကြောင်း မီဒီယာကနေတစ်ဆင့် ညည်းငြူပြဖူးတယ်။ ဖြစ်စေလိုတာက အကယ်လို… Read More
  • အစမကောင်း၊သန္ဓေမကောင်း၊နိဂုံးမကောင်းပါဒေါ်အောင်ဆန်းစုကြည်သည်ငယ်စဉ်ကပင် မိခင်ဒေါ်ခင်ကြည်နှင့် ပြည်ပတွင် ကြီးပြင်းခဲ့သူဖြစ်သည်။အချို့က အဘယ့်ကြောင့် ဒေါ်ခင်ကြည်ကိုအိန္ဒိယ သံအမတ်ကြီးအနေဖြင့် အဝေးပို့ရပါသနည်းဟုစောဒကတက်ကြသူများလည်းရှိတတ်ကြပါသည်။အဘယ့်ကြောင့်သံအမတ်အဖြစ်စ… Read More
  • နိုင်ငံရေးမှာ လိမ်မာပါးနပ်မှု မရှိရင် ချင်းပြည်နယ်ဟာ ပိုနစ်မွန်းဖို့ပဲရှိမယ်ချင်းတွေရေ..သူများသွေးခွဲတိုင်းနားယောင်ကြပါနဲ့ ၂၀၁၉ ကြားဖြတ်သန်းကောင်စာရင်းတွေကိုပဲ ကြည့်ကြည့် ၊ မျက်မြင်တွေ့နေရတဲ့ အခြေအနေတွေကိုပဲ ကြည့်ကြည့် ချင်းပြည်နယ်ဟာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေထဲ မှာ အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တာတွ… Read More
  • အထူးတပ်ဖွဲ့လာပြီ ကြူကုတ်ပန်ဆိုင်းစစ်ကူရောက်ပြီအထူးတပ်ဖွဲ့တွေ..နဲ့ချနေကျပြီရန်သူအင်အားကလည်းနှစ်ရာကျော်ကျားသုံးကြိမ်တတ်ထိုးတယ်ရဲစခန်းကို..လက်နက်ချခိုင်းတယ်စခန်းမှူးကိုယ်တိုင်ရှေ့ကဦးဆောင်ပြီး လှံစွတ်တက်ထိုးတယ်. … Read More
  • နစက ဘာလုပ်မှာလဲဆရာဝန်လည်းရှိတယ်။ ဆေးခန်းလည်းဖွင့်တယ်။ ကုသဖို့ငွေလည်းရှိတယ်။ ရောဂါကလည်း ကုရင်ပျောက်တဲ့ရောဂါ ဖြစ်ပါရဲ့နဲ့   မကုတာကတော့ လူနာအမှားလား ဆေးအမှားလားလို့ မေးစရာရှိပါတယ်။နိုင်ငံကိုလည်း အုပ်ချုပ်ခွင့် အပြည့်ရထားတယ်။ အကြံပေးသော ပုဂ္ဂို… Read More