မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးမဟာဗျူဟာက ပြည်သူ့စစ်ဗျူဟာလို့ ကြားဖူးပါတယ် ။
တချိန်တုန်းက ဗကပတို့ ပဲခူးရိုးမကနေ ထွက်ပြေးပြီး အရှေ့မြောက်ဒေသကနေ ခြေကုတ်ယူပြီး ပြည်မထဲကို သွေးတိုးစမ်း စိမ့်ဝင်လာပါတယ် ။ ရှမ်းမြာက် နဲ့ ရှမ်းတောင်အစပ် နောင်ချိုနဲ့ ရပ်စောက်အကြား နယ်တလျှောက် ထိုးဖောက်လာကြပါတယ် ။
နောက်ဆုံး ရပ်စောက်အစပ် ကျောက်ဆည်အပိုင် အုံးကြော ၊ ဟဲလယ် ဆိုတဲ့ ပလောင်ရွာမှာ ဗသိန်းတင်ကိုယ်တိုင် ဌာနချုပ်လုပ်ပြီး ကွပ်ကွဲလာတဲ့အထိ ဖြစ်လာပါတယ် ။
(ထိုရွာ၌ ဗသိန်းတင်နေသွားတဲ့ ကုန်းလေးကို ယနေ့တိုင် ဗသိန်းတင်ကုန်းလို့ ခေါ်နေတာ ကိုယ်တိုင်ရောက်လို့ သိရပါတယ်)
ဒီတော့မှ ဒေသခံ အရပ်သားတွေနဲ့ စုပေါင်းပြီး တနယ်ချင်း တောခြောက်သလို ဖြန့်ကျက်တောနင်း တိုက်ခိုက်ခဲ့တဲ့ အတွက် ဗကပ ကင်းစင်နယ်မြေ ဖြစ်သွားရပါတယ် ။
ယနေ့ ဖြစ်နေတဲ့ PDF လှုပ်ရှားမှုများအား နှိမ်နင်းနေသော တိုင်မှူးများဟာ အလွန်ညံ့ဖျင်း နိမ့်ကျတဲ့ အရည်အချင်းတွေ နဲ့ လုပ်ဆောင်နေတဲ့ အတွက် အချိန်ကာလ ကုန်တာ အဖတ်တင်ပြီး အောင်မြင်မှု မယ်မယ်ရရ မပြနိုင်တာ တွေ့နေရပါတယ် ။
နယ်မြေမပိုင်နိုင်ပါဖူး ၊ တိကျတဲ့ စစ်ဆင်ရေး မလုပ်နိုင်ပဲ ဆန်စင်ရာ ကျည်ပွေ့လိုက်နေတဲ့ ရူးကြောင်ကြောင် စစ်ဆင်ရေး ၊ ဖြစ်ပြီးမှ ဂရူးမူးတိုး ဂယောင်ခြောက်ခြား ထလုပ်နေတဲ့ စီမံချက် ၊ အရေးကြီးလို့ သတင်းပေးတာတောင် သတင်းပေးသူ အသတ်ခံရတဲ့ အထိ လှုပ်ရှားမှု မရှိတဲ့ နှေးကွေးလေးလံ မှုတွေကြောင့် ပြည်သူတွေက တပ်မတော်ကို အားမကိုးရတဲ့ အဖွဲ့အစည်း အဖြစ် ရှုမြင်နေကြပါပြီ ။
ရန်ကုန်လို နေရာမျိုးရဲ့ တိုင်းမှူးတောင် အလွန်ညံ့ဖျင်းစွာ စီမံနေတာ တွေ့ရပြီး စစ်ကိုင်းတိုင်းဆိုရင်တော့ တနိုင်ငံလုံးက ညံ့လွန်းလို့ ရွံရှာ စက်ဆုပ်တဲ့ အဆင့်ရောက်နေပါပြီ ။
တပ်မတော်အနေနဲ့ အရည်အချင်း လွန်မင်းစွာ နိမ့်ကျနေသော စစ်တိုင်းမှူးများအား အားဖြည့်ပေးရန်အတွက် တပ်မတော်မှ ပင်စင်ယူထားသည့် အရည်အချင်းပြည့် နယ်မြေကျွမ်းကျင်သော စစ်သားဟောင်းကြီးများအား စစ်ဖက် အကြံပေး အဖြစ် ပြန်လည် ခေါ်ယူ တာဝန်ပေးဖို့ ကောင်းနေပါပြီ ။
ယခုလက်ရှိ စစ်တိုင်းမှူးများ ၊ စကထမှူးများ အနေနဲ့ မိမိနယ်မြေများအား တည်ငြိမ်အောင် စွမ်းဆောင်နိုင်စွမ်း မရှိဖြစ်နေသည်မှာ ပြည်သူအားလုံး သိနေကြပါပြီ ။
အစီရင်ခံစာ ဖတ်ပြီး သာယာနေရင်တော့ တပ်မတော်ကို အားကိုးယုံကြည်မည့်သူများ တနေ့တခြား လျော့ပါးလာရပါ့မယ် ။
အင်အားမရှိဟူသော ဆင်ခြေ ၊ မြေပြင်သတင်းမရ ဟူသော အနေအထားများဟာ ခွင့်လွှတ်ဖွယ် အနေအထား မဟုတ်ပါဘူး ။
တပ်ချုပ်ကြီး ပြောသွားပါတယ် ၊ ပြည်သူ့အသက်က အဓိကပါတဲ့ ကိုဗစ်အတွက် ငွေကြေး အကန့်အသတ်မရှိ သုံးနိုင်ပါသတဲ့ ။
ဟုတ်ကဲ့ ခင်ဗျ ကိုဗစ်အတွက် သေနေတာကို စာနာ ကုစားနေသလို PDF GZ တွေရဲ့ ယုတ်မာမှုတွေကြောင့် သေနေရတဲ့ ပြည်သူတွေကိုလည်း စာနာသင့်ပါပြီ ခင်ဗျား ။
ပြည်သူ့စစ် အမြန်ဖွဲ့ပြီး လက်နက်တပ်ဆင်ပေးပါရန် တောင်းဆိုပါတယ် ။ စိတ်ပါဝင်စားသူတွေ ဆက်သွယ်ပါ လုပ်နေလို့ မရပါဘူး မဖြစ်မနေ မင်းမိန့် နဲ့ ဖွဲ့စည်းပြီး PDF GZ ကို နှိမ်နင်းစေချင်ပါတယ် ။
အချိန်တရက်ကြာလေ တပ်မတော်တပ်မှူးများ ရဲများ တာဝန်မကျေလေ ပြည်သူတွေ သေလေ ဖြစ်နေပါတယ် ။
သေရေးရှင်ရေးမှာ တိုင်ကြားတာတောင် တနာရီကျော်မှ ရောက်လာတဲ့ လုံခြုံရေး စီမံချက်ဟာ ရှက်စရာ ကောင်းလှပါတယ် ။
ရန်ကုန်လို မြို့လယ်မှာ ပစ်ပြေးတာကို မိအောင်မဖမ်းနိုင်တဲ့ လုံခြုံရေး စီမံချက်ဟာ ဘာလဲ မေးစရာပါပဲ ။
တပ်မတော် ၊ ရဲ အင်အားနဲ့ မရတော့ဖူးလား ၊ နယ်ခံတပ်တွေ အစွမ်းအစ တုံးနေပြီလား ၊ ပြည်သူစစ်မဖြစ်မနေ ဖွဲ့ကြပါတော့ ။ စောက်သုံးမကျတာကို ဖုံးဖိ အစီခံစာတင်ရင်း တိုင်းပြည်လုံး ဖွတ်ဖွတ်ညက်ညက် ကြေနေပါပြီ ။
BNPA လို တပ်မတော်ထောက်ခံပြီး သောင်းကျန်းသူ ပြန်တိုက်ပေးမယ့် အဖွဲ့အစည်း လိုအပ်နေပါပြီ ။
BNPA သည် လူများစရာ မလိုပါဘူး ၊ ကျနော့်အထင် လူ ၅၀၀ ဆိုရင် လုံလောက်ပါတယ် ။ လူ အင်အား ၄၀၀ လောက်က လက်နက်ကောင်းကောင်း နဲ့ စစ်ကိုင်းတိုင်းမှာ ဝင်မွှေကြမယ် ။ အင်အား ၁၀၀ လောက်က ဖြန့်ကျက်ထားပြီး ရန်ကုန်ဖြစ်ရင် ရန်ကုန် ဒေသခံ NLD ခေါင်းကြီးပိုင်းတွေ ဆော် ၊ မန္တလေးဖြစ်ရင် မန္တလေး NLD ခေါင်းကြီးပိုင်းကို ဆော် ရင် ငြိမ်သွားပါမယ် ။
တပ်မတော်က မသိချင်ယောင် ဆောင်ပေးဖို့ပဲ လိုပါတယ် ။ BNPA ကျမှ လက်စွမ်းပြနေရင်လည်း ပြဿနာပိုရှုပ်ကုန်ပါ့မယ် ။
ဖြစ်နိုင်ရင်တော့ အနားယူသွားတဲ့ နယ်မြေကျွမ်းကြင်သော ဖိုက်တာ စစ်သားဟောင်းကြီးတွေကို စစ်ဖက် အကြံပေး အဖြစ် ပြန်ခေါ်ပြီး ဆော်ပစ်တာ ထိရောက်ပါမယ် ။
ယခု လက်ရှိ စစ်ခေါင်းဆောင်များဟာ ဇိမ်ခံပြီး ရာထူးတက်လာကြသလား မသိပါဘူး အခုထိ ကိုယ့်နယ်ကို မထိမ်းနိုင်တာ ရှက်စရာ အလွန်ကောင်းနေပါပြီ ။
ပြည်သူတယောက်သေတိုင်း ကျနော်တို့ ရင်မှာ မခံချင်စိတ်တွေနဲ့ လှိုင်းထန်ခဲ့ကြရပါတယ် ။ တပ်မှူး တပ်မင်းများ ကိုယ့်တာဝန်ကို ကျေဖို့ လိုနေပါပြီ ။ တပ်မတော်သမိုင်း ခင်ဗျားတို့ လက်ထက်မှာ ရိုင်းနေပါပြီ ။ ကြာရင် ပြည်သူက စစ်တိုင်းမှူးတွေဆီ ထမီ နဲ့ ကျောက်ပြင် လက်ဆောင်ပေးကြရပါလိမ့်မယ် ။
ကိုရွှေမျိုးဝင်း
(တပ်ရင်း သုံးရင်း နဲ့ တနိုင်ငံလုံး ပြန်သိမ်းပိုက်ပြခဲ့တဲ့ ဒီလိုခေါင်းဆောင်သာ ရှိသေးရင် ယခု တပ်မှူးတွေ ဘာဖြစ်မယ် ထင်သလဲ ဗျ)