လက်ရှိ UN မှာ တော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် ကို စက်တင်ဘာ ၁၄ ရက်နေ့မှာ ကျင်းပမယ့် ၇၆ ကြိမ်မြောက် အထွေထွေညီလာခံ - အန်ဂါ ( UNGA) ကို စတင်ကျင်းပမှာ ဖြစ်ပါတယ်..
ညီလာခံဥက္ကဌ အဖြစ် အာရှ ပစိဖိတ်ဒေသ၊ တောင်အာရှ ထဲက မော်လ်ဒိုက်နိုင်ငံ နိုင်ငံခြားဝန်ကြီးက ဆောင်ရွက်မှာ ဖြစ်ပါတယ်..မော်လ်ဒိုက်ဟာ မွတ်စလင် ကျွန်းစုနိုင်ငံဖြစ်ပြီး မြန်မာနဲ့ဆက်ဆံရေး သိပ်မကောင်းပါဘူး..
သူက ၉ ဦးပါ Credentials Committee ကို သူ့ထောက်ခံချက်နဲ့ ဖွဲ့စည်းမှာဖြစ်ပါတယ်..ဒီ ၉ ဦးကော်မတီကမှ မြန်မာအိမ်စောင့်အစိုးရ ကိုယ်စားလှယ်ကို ဒါမှမဟုတ် NUG က တင်တဲ့ ကိုယ်စားလှယ်ကို ရွေးချယ်မှာ ဖြစ်ပါတယ်..ရွေးချယ်လိုက်တဲ့သူကို ညီလာခံဥက္ကဌထံ အတည်ပြုကြေညာဖို့ တင်ပြရပါတယ်..ဒီလို မတင်ပြမီ..UN အဖွဲ့ဝင် နိုင်ငံတစ်ခုခုက ကန့်ကွက်နိုင်တဲ့ အခွင့်အရေးရှိပါတယ်..Credentials Committee ရဲ့ Rule 29 အရ ဖြစ်ပါတယ်..
Credentials Committee အနေနဲ့ ဘယ်သူ့ကို ရွေးမလဲ ဆိုတာ အလွတ်သဘောစဉ်းစားကြည့်ရာမှာ..သူခန့်ချင်သလို ခန့်အပ်ခဲ့တာ ရှိသလို မခန့်ဘဲထားတာလည်း ရှိခဲ့ပါတယ်..
မြန်မာ အိမ်စောင့်အစိုးရဘက်ကတော့ လက်ရှိ အစိုးရအာဏာကို အသင့်အတင့် ထိန်းကျောင်းလှုပ်ရှားနိုင်ပြီး ပြည်ပဆက်ဆံရေးလည်း ကောင်းမွန်လျက်ရှိပါတယ်..ဆိုလိုတာက မဏ္ဍိုင် ၃ ရပ်ကို ထိန်းချုပ်နိုင်တာရယ်..နောက်ခံ တရုတ် ရုရှား အိန္ဒိယ နဲ့ အာဆီယံ တစ်ဝက်ကျော်ကျော် အင်အားရှိပါတယ်..ပြီးခဲ့ သြဂုတ်လ ၄ ရက်နေ့က အာဆီယံ အထူးကိုယ်စားလှယ် ကို လက်ခံအသိအမှတ်ပြုပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက်ကို သဘောတူညီမှု ရလိုက်တာလည်း အင်အားတစ်ခု ဖြစ်စေပါတယ်..နောက်တစ်ချက်က လူထုတစ်ရပ်လုံးရဲ့ ထောက်ခံမှု မရစေကာမူ နိုင်ငံနယ်မြေ နဲ့ အစိုးရရုံးစိုက်ရာ မြို့တော်သာမက အစိုးရဌာနတွေကို ကောင်းစွာ လည်ပတ်လှုပ်ရှားနိုင်တာ အားသာချက်တွေ ဖြစ်ပါတယ်..
NUG ဘက်ကတော့ သူတင်တဲ့ ကိုယ်စားလှယ်ဟာ လက်ရှိမှာလည်း UN ကနေ အသိအမှတ်ပြုဆဲပုဂ္ဂိုလ် တစ်ဦးအဖြစ် သတ်မှတ်ထားတာ အင်အားတစ်ရပ် ဖြစ်စေပါတယ်..သူတို့ဘက်က ပြီးခဲ့တဲ့ ၄၇ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေး..၁၀၉ ကြိမ်မြောက် အလုပ်သမားညီလာခံ (ILC) ..၇၄ ကြိမ်မြောက် ကမ္ဘာ့ ကျန်းမာရေးညီလာခံ တွေမှာ အိမ်စောင့်အစိုးရ ကိုယ်စားလှယ်ကို တက်ရောက်ခွင့် ပိတ်ပင်ခဲ့တာဟာ ဝူတို့အတွက် အင်အားဖြစ်စေပါတယ်..ဒီလို အိမ်စောင့်အစိုးရကိုယ်စားလှယ်ကို တက်ရောက်ခွင့် မရဖို့ အတွက် NUG ဟာ ကုလ အထူးအေဂျင်စီတွေ.. နဲ့ စည်းရုံးပြီး ကန့်ကွက်လွှာ တင်ခဲ့ကြလို့ ဖြစ်ပါတယ်..ဥပမာ.. လူ့အခွင့်အရေးကောင်စီကို အိမ်စောင့်အစိုးရ ကိုယ်စားလှယ် တက်ရောက်ခွင့်မရအောင် Facts Finding Mission က ပုဂ္ဂိုလ်တွေနဲ့ လက်ဝါးချင်းရိုက်ခဲ့ကြပါတယ်..
မကြာသေးမီကလည်း အမေရိကန် အောက်လွှတ်တော်ရဲ့ နိုင်ငံခြားရေးကော်မတီက လွှတ်တော်အမတ်နဲ့ သူတို့ တွေ့ဆုံခဲ့ကြရာမှာ လွှတ်တော်အမတ် Ted Lieu က အခု CRPH က ဖွဲ့ထားတဲ့ NUG အစိုးရအဖွဲ့မှာ (ရဟဂ) တစ်ဦး မဖြစ်မနေထည့်သွင်းဖို့ နဲ့ ဒီလိုမှ မဟုတ်ရင် NUG ဘက်ကို ထောက်ခံပေးမှာ မုတ်ဘူးဆိုပြီး ပြတ်ပြတ်သားသား ပြောဆိုခဲ့တာ ရှိပါတယ်..ဒါကြောင့် NUG အစိုးရအဖွဲ့က ထည့်သွင်းဖွဲ့ထားတာ ရှိ မရှိ အသိရပေမယ့် (ရဟဂ)တွေကို နေရပ်ပြန်ခေါ်ရေးနဲ့ နိုင်ငံသားပေးဖို့အတွက် ၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင်ပေးမယ် ဆိုပြီး ကတိထား ဆောင်ရွက်ခဲ့တာတွေဟာ အင်အား တစ်ခု ဖြစ်စေပါတယ်..နယ်မြေရရှိဖို့ ဆိုတဲ့ အချက်ကလည်း အဓိက ကျတာကြောင့် EAOs တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတာ ရှိပါတယ်..ဥပမာ Chinland Defence Force - CDF လို အဖွဲ့မျိုးနဲ့ ပူပေါင်းပြီး နယ်မြေတစ်ခု ဖန်တီးရယူလိုခြင်းမျိုး ဖြစ်ပါတယ်..
လူထုထောက်ခံမှုက NUG ဘက်မှာ ပြောစရာ မရှိပါဘူး..UN ကိုယ်တိုင် နဲ့ အနောက်အုပ်စုကတော့ NUG ကတင်တဲ့ ကိုယ်စားလှယ်ကို အသိအမှတ်ပြုကြမှာ မြေကြီးလက်ခတ် မလွဲ ဖြစ်ပါတယ်..ပြီးခဲ့တဲ့ ဇွန်လ တုန်းက မြန်မာအစိုးရကို လက်နက်မရောင်းဖို့ ဆုံးဖြတ်ချက် (Resolution) တစ်ခုချမှတ်ရာမှာ နိုင်ငံပေါင်း ၁၁၉ နိုင်ငံက ထောက်ခံခဲ့ပါတယ်..ဘယ်လာရုစ် တစ်နိုင်ငံကသာ ကန့်ကွက်ခဲ့ပါတယ်..ဒီ ရလာဒ်အတိုင်း ဖြစ်လာနိုင်တယ် ဆိုပြီး တချို့ကလည်း အားတက်နေကြပါတယ်..
အကယ်၍ NUG က တင်တဲ့ ကိုယ်စားလှယ်ကို ရွေးချယ်မယ်ဆိုရင် UN အနေနဲ့ အိမ်စောင့်အစိုးရနဲ့ တရားဝင် လုပ်ငန်း လုပ်ကိုင်ရာမှာ အခက်အခဲ အကြပ်အတည်း ရှိလာနိုင်ပါတယ်..Credentials Committee အနေနဲ့ ဒီအချက်ကို ဉာဏ်ရှိရှိနဲ့ အဓိကထား ဆုံးဖြတ်မယ်ဆိုရင်တော့ အိမ်စောင့်အစိုးရ ကံကောင်းတယ် လို့ ပြောရပါလိမ့်မယ်..ပြည်တွင်းမှာရှိတဲ့ UNDP ရုံးတွေ..အထူးအေဂျင်စီ အဖွဲ့ရဲ့ ဌာနေကိုယ်စားလှယ်တွေ အခက်တွေ့သွားနိုင်ပါတယ်..
ခြုံငုံသုံးသပ်ကြည့်ရင်တော့..UN ဟာ အခုအချိန်မှာ US သြဇာအာဏာကျဆင်းပြီး တရုတ် အရှိန်တက်လာတာရယ်..တဖန် US ကလည်း EU အပါအဝင် သူဦးဆောင်တဲ့ အနောက်အုပ်စုက သူတို့ ရင်းနှီးပေးဆပ်မြှုပ်နှံထားတဲ့အရာတွေ ဆုံးရှုံးလက်လွတ်လိုက်ရတာကြောင့် နောက်ဆုံးထွက်သက်အဖြစ် ညစ်တွန်းတွန်းပြီး NUG ကိုယ်စားလှယ်ကို ရွေးချယ်ပေးဖို့ တွန်းအားပေးဆောင်ရွက်လာနိုင်ပါတယ်..
ဖြစ်နိုင်ခြေကတော့. UNGA အနေနဲ့ မြွေမသေ တုတ်မကျိုး..ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်တဲ့ ကြားဆုံးဖြတ်ချက်ဖြစ်တဲ့ ခုံအလွတ်ထားဖို့ ဆုံးဖြတ်ဖွယ်ရာ ရှိနိုင်ပါကြောင်း..
အခုအခါမှာတော့ ကမ္ဘာ့သံမန်လောကမှာ အန်ဂါက မြန်မာကိုယ်စားလှယ်အဖြစ် ဘယ်သူ့ကိုရွေးမလည်းဆိုပြီး "နယူးယောက်မြေက မြန်မာ့တိုက်ပွဲခေါ်သံ" အဖြစ် စိတ်ဝင်တစားစောင့်ကြည့်လျက်ရှိပါတယ်..
အိမ်စောင့်အစိုးရ ကံကောင်းပါစေ..ဟူ၍သာ..
(မိတ်ဆွေ ဦးသန်းမျိုးအောင်၏ မေတ္တာရပ်ခံချက်အရ ရေးသားလိုက်ရပါ၏။)
Crd.ဒေါက်တာ ထူးမောင်