လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရတနာ့သုတ်တော်ကို လှောင်ပြောင်ခဲ့တာတွေ့ခဲ့ရပါတယ်။ ယခုတဖန် မြတ်စွာဘုရားရှင်၏ အလိုတော်ကျ မိုးကုတ်ဆရာတော်ဘုရားကြီး ပြန်လည်ဖြည့်စွက်မွမ်းမံထားသော ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာတော်ကို အလုပ္မရွိ အကိုင်မရှိ လူ့မိုက်ရိုင်းကာတွန်းရေးဆွဲသူမှ လှောင်ပြောင်နေပြန်ပြီ ဖြစ်ပါတယ်။
ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ဟာ မိစၧာအတွေး၊ မိစၧာအမြင်ရှိသူတို့အတွက်တော့ ရယ္စရာ၊ လှောင်စရာတစ်ခု အနေနဲ့ လှောင်ပြောင်တာ မဆန်းပါဘူး။ လူ့မိုက်ရိုင်း မိစၧာဒိဋ္ဌိတွေအတွက် သူတော်ကောင်းတရား၊ သစ္စာတရားဟာ အမြင်မဆန်းသလို နားလည်းခါးစေပါတယ်။ ယခုပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာကို လှောင်ပြောင်သူဟာ ဘာသာခြားလည်းဖြစ်နိုင်ပါတယ်။ ဘာသာခြားအလိုကျ ဘာသာခြားခိုင်းဖတ် အမည်ခံ ဗုဒ္ဓဘာသာဝင်လည်း ဖြစ်နိုင်ပါတယ်။ ဘာသာမဲ့လည်း ဖြစ်နိုင်ပါတယ်။ ဘယ္သူပဲ ဖြစ်ဖြစ် စော်ကားသူကိုပဲ လူ့မိုက်ရိုင်းဟု ခေါင်းစဉ်တပ်ပါတယ်။ အစိမ်းတွေ အနီတွေ အပြာတွေ အဝါတွေနောက်ထား၊ သာသနာတစ္ခုလုံးကို စော်ကားတာဖြစ်လို့ သာသနာဖျက် လူ့မိုက်ရိုင်းဟု ခေါင်းစဉ်တပ်ချင်ပါတယ်။
စားဝတ်နေရေးအခြေအနေကြောင့်ပဲ စော်ကားစော်ကား၊ နိုင်ငံရေးအခြေအနေကြောင့်ပဲ စော်ကားစော်ကား ဗုဒ္ဓသာသနာတစ်ရပ်လုံးကို စော်ကားခြင်းဖြစ်ပါတယ်။ ကိုယ်မကိုးကွယ်ချင်လို့ မကိုးကြယ္လိုက ရပါတယ်။ ယခုလိုစော်ကားမော်ကား လှောင်ပြောင်မှုကိုတော့ လုံးဝ လက်မခံနိုင်ပါ။ ဗုဒ္ဓသာသနာကို အသက္လို ကြည်ညိုကြသူတို့အဖို့၊ ယုံယုံကြည်ကြည်နဲ့ ဝိပဿနာတရား အားထုတ္သူတို့အဖို့ စိတ်နှလုံး မချမ်းမြေ့ဖွယ်ရာ ဖြစ်နေရပါတယ်။ သက်ဆိုင်ရာ သာသနာရေးဌာနမှ သေချာစွာ ကိုင်တွယ်ဖြေရှင်းစေလိုပါတယ်။ တစ်ခုပြီးတစ်ခု အကြက္က်က် စော်ကားမော်ကား လှောင်ပြောင်နေကြတာ လက်ပိုက်ကြည့်နေမည်ဆိုပါက ပို၍ ဆိုးလာနိုင်ပါတယ်။
ယခု ပဋိစ္စသမုပ္ပါဒ်တရားတော်ကို စော်ကားသူကို မေးချင်ပါတယ်။ ဘာရည်ရွယ်ချက်နဲ့များ စော်ကားပါသလဲ။ ကိုယ်စော်ကား လှောင်ပြောင်လိုက်တဲ့ ပဋိစ္စသမုပ္ပါဒ်တရားတော်ဆိုတာ ဘယ်လိုတရားမျိုးဆိုတာကိုရော သိပါသလား။ ထိုတရားမျိုးကိုရော လေ့လာဖူးပါသလား၊ နာကြားဖူးပါသလား၊ အားထုတ္ဖူးပါသလားဟု မေးပါရစေ။ သေချာတာတစ်ခုကတော့ ယခုလှောင်ပြောင် စော်ကားသူဟာ ဘာသာရေးနဲ့ ပတ္သက္လို့ ဘာအဆင့်အတန်းမှ မရွိတာ သေချာပါတယ်။ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို တကယ်သေချာစွာ လေ့လာဖူး၊ မွတ္သားဖူး၊ အားထုတ္ဖူး၊ နာကြာဖူးသူဖြစ်ပါလျှင် စီးပွားရေးအရပဲဖြစ်ဖြစ်၊ နိုင်ငံရေးအရပဲ ဖြစ်ဖြစ် တျခား ဘယ်လိုအရေးနဲ့မှ တရားတော်ကို စော်ကားလှောင်ပြောင်မှာမဟုတ်ပါဘူး။ သစ္စာတရား၊ ပဋိစ္စသမုပ္ပါဒ် တရားတွေ နေရာအနှံ့ထွန်းကားနေတာကြည့်ပြီး လွယ်တယ် တိမ်တယ်လို့ထင်မှတ်နေပုံရပါတယ်။ အမှန်တော့ ပဋိစ္စသမုပ္ပါဒ်တရားတော်ဟာ အင်မတန် နက်နဲပါတယ်။ သစ္စာတရား၊ သင်္ခါရဓမ္မ၊ ပဋိသနေ္ဓ၊ ပဋိစ္စသမုပ္ပါဒ ဆိုတဲ့ တရားလေးပါးဟာ မြင်လည်းမြင်နိုင်ခဲသလို ဟောပြောပြသဖို့လည်း အင်မတန်ခက်ခဲလှပါတယ်။
ပဋိစ္စသမုပ္ပါဒ်တရားတော်ဆိုတာ ဝိပဿနာ အားထုတ္သူတို့၏ နိဗ္ဗာန်ရောက်ကြောင်း လမ်းပြမြေပုံတစ်ခုဟု တင်စားချင်ပါတယ်။ ပဋိစ္စသမုပ္ပါဒ်တရားဟာ ဘုရားသာသနာမွာပဲရွိတာပါ။ တျခားသာသနာမွာ မရွိပါဘူး။ ဘုရားသာသနာမွာပဲ နာကြားခွင့်ရတာပါ။ တျခားသာသနာမွာ နာကြားခွင့်မရပါဘူး။ မြတ်စွာဘုရား ဘုရားအဖြစ်ရောက်ရှိတော်မူခဲ့တာဟာ ပဋိစ္စသမုပ္ပါဒ်တရား ကြောင့်ပါ။ မြတ်စွာဘုရားရှင် ပဋိစ္စသမုပ္ပါဒ်တရားကို သိဖို့ ကြိုးစားခဲ့တာဟာ လေးအသငေ်္ချ ကမ်ဘာတစ်သိန်းကြာမှ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဘုရားမျဖစ္မီ ဘုရားအလောင်း ဘဝမွာ ကျင့်တဲ့တရားဟာ ပဋိစ္စသမုပ္ပါဒ်တရားပါ။ ဘုရားပြီးတိုင်း ပြန်လည်သုံးသပ်လေ့ရှိတဲ့ တရားဟာ ပဋိစ္စသမုပ္ပါဒ်တရားပါ။ ဘုရားရှင်တိုင်း၏ သာသနာတော်မြတ်မှာ အရေးကြီးဆုံးတရားဟာ ပဋိစ္စသမုပ္ပါဒ်ပါ။ နက်နဲ ခက်ခဲ့လှတဲ့တရား ဖြစ်တာကြောင့် ပုထုဇဉ်ရဟန်းတစ်ပါးအဖို့ ဘယ္လိုမွ ပြည့်စုံအောင် မရေးသားနိုင်ပါ။ နက်နဲခက်ခဲတဲ့ တရားဖြစ်ကြောင်းကိုလည်း မြတ်စွာဘုရားရှင် ကိုယ်တိုင် အရှင်အာနန္ဒာကို အတိအလင်း ဟောကြားသတိပေးထားတာ ရှိပါတယ်။
မြတ်ဗုဒ္ဓရဲ့ တပည့်သာဝကကြီးတွေ အရိယာပုဂ္ဂိုလ်အဆင့်ဆင့်ရောက်ရှိစေခဲ့တာဟာ ပဋိစ္စသမုပ္ပါဒ် တရားဖြစ်ပါတယ်။ ပဉ္စဝဂ္ဂီငါးဦးကို ဟောတော်မူခဲ့တဲ့ ဓမ္မစကြာတရားတော်ဟာလည်း ပဋိစ္စသမုပ္ပါဒ်တရား (သစ္စာလေးပါး) တရားပါ။ အရှင်သာရိပုတ္တရာအား သောတာပန်ဖြစ်ခဲ့တဲ့ ပဉ္စဝဂ္ဂီငါးဦးမှ ရှင်အဿဇိပြန်လည် ဟောကြားတဲ့ တရားဟာ ပဋိစ္စသမုပ္ပါဒ်တရားပါ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် ရှင်ဆန္ဒကို ဒိဋ္ဌိကွာစေဖို့ အတွက် အရှင်အာနန္ဒာဟောကြားပေးခဲ့တာ ပဋိစ္စသမုပ္ပါဒ်တရား ဖြစ်ပါတယ်။ အစဉ်အဆက် သံဃာတော်များ တရားထူး တရားမြတ်ရရှိခဲ့တာဟာလည်း ပဋိစ္စသမုပ္ပါဒ်တရားပါ။
ယခုလက်ရှိမှာ ထိုပဋိစ္စသမုပ္ပါဒ်တရားတော်ကို အများနားလည်စေရန်အတွက် မိုင်းကိုင်းဆရာတော်ကြီးများ အစဉ်အဆက်ကနေ မိုးကုတ်ဆရာတော်ဘုရားကြီးတို့မှ (မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ္ဘဝသာသနာ) ပြည့်စုံအောင် မွမ်းမံဖြည့်စွက်ပြီး ရဟန်းရှင်လူ အပေါင်းအား ဟောကြားဆုံးနေတာပါ။ မိုးကုတ်ဆရာတော်ဘုရားကြီးစတဲ့ ဆရာတော်ဘုရားကြီးများ၏ ကျေးဇူးကြောင့်ပင် တရားသိမြင် နိဗ္ဗာန်ဝင်ခဲ့သူ အများအပြားရှိနေတာဖြစ်ပါတယ်။
မလောက်လေး မေလာက္စား လူ့မိုက်ရိုင်းတွေ စော်ကားလှောင်ပြောင်တိုင်း မြတ်ဗုဒ္ဓရဲ့ တရားတော်ဟာ ရာဇဝင်ရိုင်းရိုးထုံးစံမရှိသလို အဆိပ်သင့်စရာလည်း မလိုပါ။ သို့သော် တစ်ကြိမ်က နှစ်ကြိမ်၊ နှစ်ကြိမ်မှ အကြိမ်ပေါင်းများစွာ မြတ်စွာဘုရားရော၊ တရားတော်ရော၊ သံဃာတော်များကိုပါ အငြိုးအတေးနဲ့ စော်ကားနေသူ လူ့မိုက်ရိုင်းတို့ သတိသံဝေဂရစေရန် သာသနာရေးဌာနမှ လိုသလို အေရးယူ ဆောင်ရွက်ပေးပါဟု တောင်းဆိုပါရစေ။
#ဒေါက်တာအရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
သေချာစွာဖတ်ကြည့်ကြပြီး ပြန်ယူတင်ခြင်း၊
ပြန်shareပေးကြပါရန် တိုက်တွန်းပါတယ်ရှင်