Monday, August 16, 2021

ဆရာမ မိုးမိုး(အင်းလျား)


ဒီပုံလေးက မနေ့တစ်နေ့ကမှ 
ကျွန်တော့်သူငယ်ချင်း သူ့သားကပေးသွားတာ၊ သူငယ်ချင်းပြန်သွားမှ ကြည့်ဖြစ်တာကိုယ်တိုင်က ဟာကနဲဖြစ်မိတာပဲ။

ဒီပုံလေးကို မြင်တဲ့သူတိုင်းက
ဟယ်ချစ်စရာ၊ လှလိုက်တာ၊ မင်းသမီးလားတဲ့မဟုတ်ပါဖူး။ကျွန်တော်ကတော့ ဒီလိုပြောချင်တာပါ။နှလုံးသားကို မြင်နေရတဲ့ မျက်နှာလို့ပါ။

ကြည့်ပါလား အမြင်မှာတင် သူများဆီက ဘာအမြတ်မှထုတ်ယူမှာ မဟုတ်ဖူးလို့ အပြီးမြင်နေရတယ်။
မျက်နှာလေးက လှလိုက်တာဆိုတာထက် နှလုံးသားလေးက လှလိုက်တာလို့ 
ခင်ဗျားလည်း ပြောမိမှာပါပဲ။

၁၉၄၄က မွေးတဲ့ သူမက ၂၁ နှစ်အကြာ ၁၉၆၅ မှာ ရန်ကုန်ကို လာခဲ့တယ်တဲ့၊ 
ရန်ကုန်တက္ကသိုလ်ကို တက်ဖို့ပါ။

သူမက အင်းလျားဆောင်မှာ နေပြီး 
ရန်ကုန်တက္ကသိုလ်မှာပညာဆည်းပူးတယ်။၁၉၆၅ မှာ အင်းလျားဆောင်ကို ဝင်ခဲ့တဲ့သူမက နောင် ၉ နှစ် အကြာမှာ ပထမဆုံး စာအုပ်တစ်အုပ် ထုတ်ဝေလိုက်တယ်။

ပျောက်သောလမ်းမှာ စမ်းတဝါး တဲ့။

အဲဒါ ၁၉၇၄ ခုနှစ်အတွက် 
အမျိုးသား စာပေဆု ရခဲ့တဲ့
စာအုပ်လည်း ဖြစ်ခဲ့ပါတယ်။

နှလုံးသားလှတာကို မျက်နှာမှာ မြင်နေရတဲ့ ဒီဓါတ်ပုံပိုင်ရှင်ကသူနေထိုင်ခဲ့တဲ့ အဆောင်ရဲ့အမည်နာမကို သူ့နာမည်နဲ့အတူတွဲပြီး မိုးမိုး( အင်းလျား) ဆိုတဲ့အမည်နဲ့ စာတွေ ဆက်တိုက် ရေးပါတော့တယ်။

ကြည့်ပါဦး

၁၉၇၈ - သဗ္ဗေသတ္တာ အဝေရာဟောန္တု  
၁၉၇၈ - မှ တစ်ပါး အခြားမရှိပြီ
၁၉၇၉ - ရွှေတိဂုံကို မြင်လျှင်
၁၉၈၀ - ငြိမ်းကိုရှက်ပါ 
၁၉၈၀ - ဂျိုး
၁၉၈၀ - သမုဒ္ဒရာခုနှစ်စင်း မြစ်မင်းတစ်ဆယ့်သုံးသွယ် 
၁၉၈၁ - ကြွေမလိုနဲ့ဝေ ဝေမလိုနဲ့ကြွေ
၁၉၈၁ - ပန်းရိုင်းတရာ
၁၉၈၁ - ညီမလေးက အချစ်ကိုကိုးကွယ်သတဲ့လား
၁၉၈၂ - မသုဓမ္မစာရီ
၁၉၈၃ - နာမကျန်းသည် အိုနှင်းဆီ
၁၉၈၃ - မြန်မာပြည်မှာ နေကြသည်
၁၉၈၃ - ကြွေရင် အတူကြွေမယ်
၁၉၈၅ - မီးရောင်အောက်ကိုဝင်လျှင် စသည်ဖြင့်တဲ့

အခုပုံက ဆရာမ မိုးမိုး( အင်းလျား) ရဲ့ပုံပဲ။
ဆရာမရဲ့ ပုံကို နောက်ခေတ်တွေမှာ 
လိုက်ကြည့်လည်း ဒီမျက်နှာ အတိုင်းပဲ။ 
ပုံတွေကိုလိုက်ကြည့်မနေပါနဲ့
စာအုပ်ခေါင်းစဉ်တွေပဲ ကြည့်ပါလားလို့ 
ပြောချင်တာက
ဆရာမရဲ့ နှလုံးသားက ဒီပုံထဲကအတိုင်းပဲ စာတွေကလည်း
ဆရာမရဲ့ လှတဲ့ နှလုံးသားကို မြင်နေရတာပဲ 
မဟုတ်လား။

ဆရာမရဲ့နောက်ဆုံးစာအုပ်က
၁၉၈၇ မှာ ထုတ်ဝေခဲ့တဲ့ ခံတက်နုလေးတွေ ညှိုးချိန်တန်တော့ တဲ့။
ဆရာမ မိုးမိုး(အင်းလျား) သေဆုံးသွားခဲ့ပါပြီ။

၁၉၆၅ အင်းလျားဆောင်ကို ရောက်စဉ်ကပင် 
၁၉၆၅ တိုင်းရင်းမေဂျာနယ်မှာရေးသား 
ပါဝင်ခဲ့တဲ့ ရွက်လှပန်းကလေးကိုယ့်ဘဝ 
ကဗျာကတည်းက မိုးမိုး( အင်းလျား) နာမည်နဲ့
စာတွေရေးခဲ့တဲ့
ဆရာမ မိုးမိုး(အင်းလျား)က 
၁၉၉၀ မတ်လ ၁၃ ရက်နေ့
၄၆ နှစ်အရွယ်မှာ သေဆုံးခဲ့တယ်။

ဆရာမ မိုးမိုး(အင်းလျား) သေဆုံးချိန်က
ရှေ့က အင်းလျားဆောင်သူ စာရေးဆရာမကြီး 
လူထု ဒေါ်အမာက

နှမြောလိုက်တာ မိုးမိုးရယ်။
 ဖြေမဆည်နိုင်အောင်ပါပဲ လို့
ရေးသားခဲ့တာ မှတ်မိနေပါတယ်။

ဆရာမ မိုးမိုး(အင်းလျား) ရဲ့ဂုဏ်က 
ကျွန်တော်ပြောဆိုရန် မဝံ့ပါ
ပြောဆိုရန်လည်း မသင့်ပါ၊ 
သို့သော် မျှဝေရန်က
၁၉၆၅ မှ ၁၉၈၇ အထိ မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ 
အဖြစ်အပျက်တွေကို အမှန်အတိုင်းသိဖို့က ဆရာမ မိုးမိုး(အင်းလျား)ရဲ့ စာတွေမှတစ်ပါး အခြားပြောပြနိုင်တဲ့သူမရှိပါ။

ပညာရှင်များက ညောင်ရမ်းခေတ်က 
ဝန်ကြီးပဒေသရာဇာရဲ့စာတွေကို 
အကဲဖြတ်ခဲ့ကြတာလေးကို သတိရမိပါတယ်။ဝန်ကြီးသည် သူ၏တျာချင်းများထဲတွင် ညောင်ရမ်းခေတ်သာမာန်ပြည်သူတို့၏ဘဝကို နှိမ့်လည်းမနှိမ့်ချ၊ ဂုဏ်လည်းမတင်အရှိအတိုင်းသာ ဖွဲ့ဆိုခဲ့လေသည်တဲ့။ဆရာမ မိုးမိုး(အင်းလျား) တွင်လည်း ထိုဂုဏ်နှင့် ပြည့်စုံလျက်ဆိုတာ
မြင်နေရပါတယ်။

ဆရာမဟာ ကျရောက်လာတဲ့ 
ခေတ်ရဲ့တာဝန်ကို မိမိနေထိုင်ခဲ့ရာ 
အင်းလျား ဟူသောအမည်နှင့်အတူ တွဲလျက် ကျေပြွန်ခဲ့သော အင်းလျားဆောင်ကမွှေးပျံ့လွန်းသည့် စပယ်ပန်းတစ်ပွင့်ပါလေ။

နိုင်ငံတွင်းသာမက နယ်နိမိတ်စည်းများကိုပါကျော်လျက်လူ့စရိုက်လူ့သဘာဝကို ကျွမ်းကျင်ပိုင်နိုင်စွာ ရေးဖွဲ့တတ်သည့် နှလုံးသားလှသော မြန်မာပြည်က စာရေးဆရာမဟုမိုးမိုး(အင်းလျား) ဟူသော အမည်နာမ မှာတင် 
ပြည့်စုံစေခဲ့သူတစ်ဦးပါလေ။

( အင်းလျားဆောင် ဓါတ်ပုံပြပွဲအတွက် 
မင့်အမေဓါတ်ပုံလိုလို့ဆိုတာနှင့် လာပို့သွားသော သူငယ်ချင်းနေမျိုးညွန့်
ကိုယ်ကြိုက်သော စာရေးဆရာမ ဖြစ်ပါလျက်ငါဘာလို့ မင့်အမေဓါတ်ပုံကို
တောင်းမကြည့်မိတာပါလိမ့်ဆိုတာနဲ့ မင်းနဲ့ငါနဲ့ အရေးမပါတဲ့အကြောင်းအရာတွေသာတစ်သက်လုံး ငြင်းခုန်နေခဲ့ကြပြီး ဘာလို့ မင့်အမေအကြောင်းကို မေးမကြည့်မိတာပါလိမ့်လို့ နောင်တရကြောင်း နှင့် ဓါတ်ပုံတွေအတွက် ကျေးဇူးတင်ကြောင်းပါ )

Credit.....

ဆရာမကြီး မိုးမိုး(အင်းလျား )
အကြောင်း ကို မျှဝေပေးတဲ့ ရေးသားတဲ့
မူရင်းပိုစ့်ပိုင်ရှင်Aung ko ko Htetကိုလည်း
ကျေးဇူးတင်ပါတယ်ခင်ဗျ။ 
Aung ko ko Htet ပို့စ်ကိုပြန်လည်းကူးယူဖော်ပြသည်။

Thet Kaw Za ။





Related Posts:

  • #​ဘော်ပြင်းရွာသတင်း​ယောနယ်က ​ဘော်ပြင်းရွာမှာ ဖြစ်ခဲ့တဲ့ သတင်းက ခုမှ ​ယောနယ် Friend တစ်​ယောက်က ​ပြောပြလို့ သိရတဲ့ အတွက် ခုမှ တင်ဖြစ်ပါတယ်။ ဖြစ်တာက​တော့ ၁ ပတ်​လောက် ကြာပါပီတတ် ၊ စက်တင်ဘာ ၂၈ / ၂၉ ​လောက်က ​ဘော်ပြင်းရွာကို PDF  ၂၀၀ ခန့် ​လောက် ရွာကိ… Read More
  • “ FB တမ္ဘာလုံး အတိုင်းအတာ ၇နာရီကြာ outage ဖြစ်သွားပါတယ်။"မနေ့ည ၁၀ နာရီ ကျော်ခန့်ကစပြီး တညလုံး တမ္ဘာလုံး ၇ ရီခန့် FB , WhatsApp, Instagram ကျသွားပါတယ်။ အခုမနက် 4နာရီခွဲ ၅ နာရီခန့်ကမှပြန်ရပါတယ်။FB ကို မြန်မာနိုင်ငံအပါအဝင် တမ္ဘာလုံး နေ့စဉ် လူ သန်း၂၀၀၀ ခန့် actively သုံးနေကြပါတယ်။FB ဟာ… Read More
  • #မှတ်သားဖွယ်ရာအဖြာဖြာ* မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃​​ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။မြေကြီးပြန်လည်ဖို့သည့်အခါ တစ်ကြိမ်လျှင် ၆လက်မ အလွှာလိုက်ဖို့ပြီး သိပ့်သည်းအောင် ရေဖြန်း ဒင်ဆောင့် လိုအပ်သည့် သိပ့်သည်းမှု့ အနေအထားရအောင် ဆောင် ရွက်ပေးရမ… Read More
  • တချို့နီပိတ်တွေနဲ့ ထောက်ခံသူတွေ ပြောကြတာရှိတယ် NLD အစိုးရက ဝန်ထမ်းတွေကို လစာ နှစ်လစာ ထုတ်ချေးလို့ ထောက်ခံကြတာ တဲ့ဆန် ဆီ ကြက်သွန်နှစ်သောင်း လေးသောင်း တော့လာမပြောနဲ့တစ်စေ့ တစ်စက် တစ်ဥတစ်ပြားမှ ရခဲ့တာမရှိဘူးဝန်ထမ်းနှစ်လစာကတော့ဟုတ်ပါတယ် ချေးပါတယ်ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးရေးကာလမှာတိတိကျကျပြောရရင်၇ -၁၀ -၂၀၂၀  နေ့မှာပါနီပိတ်တွေနဲ့ထောက်ခံ… Read More
  • အကြမ်းဖက်သူပုန်ခေါင်းဆောင်တစ်နေရာတော့ရမှာပါအဖမ်းခံရမှာကြောက်လို့လွတ်မြောက်နယ်မြေသွားတာတော်လှန်ချင်စိတ်ကြောင့်တော့မဖြစ်နိုင်ဘူး ဒီတိုင်းဘဲသွားနေခိုင်းကြည့်ရိုက်ထုတ်ရင်တောင်သွားမှာမဟုတ်ဘူးစစ်ကိုင်းတိုင်းကလေးမြို့ စက်မှု့လက်မှု့သိပ္ပံကထိကဒေါ်ရတီအုန်း(CDM… Read More