Thursday, August 19, 2021

ဆပ်ကပ်ထဲက ဒါးပစ်ဝိဇ္ဇာများ


         တခါတုန်းက နာမည်ကြီး ဆပ်ကပ်ကြီး တဖွဲ့ထဲမှာ ဒါးဝိဇ္ဇာ တယောက်ပါတယ် ။ 

       လည်နေတဲ့ သစ်သားပြားကြီးမှာ မိန်းမချောလေး တဦးကို လည်မျိုနား ဂျိုင်းနား ပေါင်ခွ အစရှိတဲ့ နေရာတွေကို ပွတ်သီးပွတ် အသဲထိတ်သွားအောင် ပစ်ပြရတာပေါ့ ။ 

       အဲဒီအပစ်ခံတဲ့ မိန်းကလေး နဲ့ ဒါးဝိဇ္ဇာက လင်မယားပါ ။ တနေ့ ဆင်ထိန်း နဲ့ သူ့မိန်းမဖောက်ပြန်နေတာကို ဒါးဝိဇ္ဇာ မြင်ခဲ့ရတယ် ။

       အဲဒါနဲ့ သူ့မိန်းမကို သတ်ပစ်ဖို့ တပည့် နဲ့ တိုင်ပင်တယ် ။ တပည့်က အကြံပေးတယ် လူသတ်ရင် သေဒဏ်ပေးခံရမှာ ဖြစ်တယ် ။ ဒါကြောင့် ဆပ်ကပ်ပြတုန်း ဒါးပေါက်ခန်းမှာ မတော်တဆ မှန်သလို နဲ့ လည်မျို မှန်အောင် ပစ်လိုက်ရင် အမှုပေါ့ မှာ ​သေချာတယ်လို့ အကြံပေးတယ် ။

      ဒါနဲ့ ည ဒါးပစ်ပြခန်းမှာ လုပ်ကြံဖို့ စီစဥ်တယ် ။ သို့သော် ပွဲစဥ်ပြီးတဲ့ အထိ ပုံမှန်အတိုင်းပဲ ဘာမှ မဖြစ်ပဲ ပြီးသွားတယ် ။ ဒီတော့ မနက်လင်းတာနဲ့ တပည့်ဖြစ်သူက သူ့ဆရာကို ရန်လုပ်ပါရော.....

"ဆရာက ဘာသဘောလဲ သစ္စာမရှိတဲ့ မိန်းမကို အတော်ချစ်နေတာလား ဗျ ''

"မဟုတ်ပါဘူး တပည့်ရာ ''

"ဘာ မဟုတ်ရမှာလည်း မနေ့ည က သတ်မယ်ဆို ဘာလို့ မှန်အောင်မပစ်ခဲ့တာလည်း '' 

"ငါ မှန်အောင် ပစ်တာပဲကွ မှန်ကို မမှန်တာပါ ကွာ ''

"ကြည့်လိမ်ပါ ဆရာရယ် နှစ်ပေါင်းများစွာ စင်ပေါ်မှာ သည်းထိတ်ရင်ဖို ပစ်ပြလာတဲ့ နာမည်ကြီး ဒါးဝိဇ္ဇာက မမှန်ဖူး ဆိုတော့..... ''

"အေး မင်း မနားလည်တာ တခု ငါ ပြောပြမယ် ကွ ငါ နှစ်ပေါင်းများစွာ ပရိတ်သပ်သဘောကျအောင် ပစ်ပြလာခဲ့တာက မမှန်အောင် ပစ်ခဲ့ရတဲ့ အကျင့်က အရိုးစွဲနေပြီ ကွ မနေ့က တကယ်မှန်အောင် ပစ်ပြတာကို မရတော့ဖူး ငါ့တပည့်ရေ လွဲနေကြအတိုင်း လက်ဆပြင်မရလို့ မမှန်တာ ဗျာ ကဲ ရှင်းပြီလား ''

        ငယ်စဥ်က ဖတ်ခဲ့ဖူးတဲ့ ဘာသာပြန် ဝတ္တုတိုလေး ကို သတိရလို့ပါ ။ 

      နစက အဖွဲ့ကြီးရဲ့  ဌာနဆိုင်ရာမှ ဒါးပစ်ဝိဇ္ဇာတွေလည်း ဆပ်ကပ်ထဲက ဒါးပစ်ဝိဇ္ဇာလိုပဲ တသက်လုံးက မှန်အောင် မပစ်ခဲ့ရလို့များ အခုထိ လွဲနေကြတာလားလို့ တွေးမိပါရဲ့ ။ 

      ဒါးပစ်ဝိဇ္ဇာ အသစ်တွေ ပြောင်းပေးဖို့ လိုနေပြီလား ဆိုတာ ပြန်လည်သုံးသပ်ဖို့ ကောင်းနေပါပြီ ။ 

      ကိုရွှေမျိုးဝင်း