Friday, August 20, 2021

အာဖဂန်နစ္စတန်လေတပ်က လေယာဉ် ရဟက်ယာဉ်တွေ ဘယ်ရောက်သွားလဲ??🇦🇫🇦🇫


အာဖဂန်နစ္စတန်ကို တာလီဘန်တို့ ထိန်းချုပ်လိုက်ပြီးနောက်ပိုင်းမှာ တပ်မတော်ဟာ အလုံးစုံပျက်စီးသွားခဲ့ပါသည်...

ထိုအထဲမှာ ခေတ်မှီလေယာဉ် ရဟက်ယာဉ် တွေဟာ စစ်ဆင်ရေး များအတွင်း ဆုံးရူံးခဲ့ခြင်း၊ တာလီဘန်တို့ လက်ရသိမ်းယူခြင်း၊ အာဖဂန်လေတပ်သားတို့ စွန့်ခွာထွက်ပြေးခြင်းနှင့် အိမ်နီးချင်းနိုင်ငံများသို့ လေယာဉ်နှင့်အတူ ထွက်ပြေးခိုလှုံခြင်းတို့ ဖြစ်လာပါတယ်

တိုက်ပွဲမပြင်းထန်မီက အာဖဂန်လေတပ်တွင် တပ်ဖွဲ့၀င် ၇၂၀၀ ခန့်နှင့်
လေယာဉ် ရဟက်ယာဉ် စုစုပေါင်း ၂၄၂ စီးခန့် အထိ အင်အားရှိခဲ့သည်။

သို့သော် တာလီဘန်များ သြဂုတ်လ ၁၅ ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံအား ထိန်းချုပ်လိုက်ပြီးနောက် တာလီဘန်များ လက်သို့ လေယာဉ်များမကျရောက်စေရန် အာဖဂန်လေတပ်မှ 
လေယာဉ်အစင်း ၄၇ ကျော် ဥဇဘက်ကစ္စတန်သို့ ပျံသန်း
ထွက်ပြေးခဲ့သည်။  ၄င်းလေယာဉ်များနှင့်အတူ အာဖဂန်စစ်သားများနှင့် ၄င်းတို့နှင့် နီးစပ်သောလူ ၆၀၀ ခန့် ဥဇဘက်ကစ္စတန်တွင် နိုင်ငံရေးခိုလှုံခွင့်ရရှိရန် လိုက်ပါလာခဲ့ကြသည်။ 

ဂြိုဟ်တုဓာတ်ပုံများ၏ဖော်ပြချက်အရ ရဟတ်ယာဉ် ၂၆ စီးနှင့် တောင်ပံတပ်လေယာဉ်ငယ် ၂၁ စင်းတို့ကို တာ မက်ဖ်လေဆိပ်တွင်တွေ့ရကြောင်း၊ ရဟတ်ယာဉ်များမှာ Mi-17 ၁၆ စင်း၊ Mi-25 ၅ စင်းနှင့် UH-60 ဘလက် ဟော့ခ် ၅ စင်းတို့ဖြစ်ပြီး လေယာဉ်ငယ် ၂၁ စင်းမှာ C-208 လေယာဉ်ငယ် ၁၁ စီးနှင့် A-29 စူပါတူကာနို အပေါ့စားတိုက်ခိုက်ရေးလေယာဉ် တို့ဖြစ်ကြောင်းသိရသည်။ 

အာဖဂန်လေယာဉ်များ ဥဇဘက်ကစ္စတန်သို့မရောက်မီတစ်ရက်ခန့်က C-208 လေယာဉ်များနှင့် Mi-17 ရဟတ် ယာဉ်များအပါအဝင် အာဖဂန်လေယာဉ် ၁၀ စင်းကျော် ဥဇဘက်ကစ္စတန်သို့ ဦးတည်ပျံသန်းနေသည်ကိုတွေ့ရှိ ရကြောင်း လေယာဉ်ခြေရာခံဝက်ဘ်ဆိုက်တစ်ခုကဖော်ပြခဲ့သည်။ 

သြဂုတ်လ ၁၅ ရက်နေ့ကလဲ မည့်သည့်တုန့်ပြန်မှုမှ မပြုလုပ်သော A-29 စူပါတူကာနို အပေါ့ စားတိုက်ခိုက်ရေးလေယာဉ်တစ်စင်းကို ဥဇဘက်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချခဲ့သေးသည်။ 

#ST