Tuesday, August 17, 2021

ဘာကြောင့် တာလီဘန် တွေကို မနိုင်တာလည်


အာဖဂန်စစ်တပ်မှာ အင်အား၃ သိန်း ရှိတယ်။ 
ကြည်း/ရေ/လေ ရှိတယ်။ 

ဘာကြောင့် တာလီဘန် တွေကို မနိုင်တာလည်း
ဆိုတာလေး ပြောချင်တယ်။ 

သူက စစ်တပ်စဖွဲ့ကတည်းက အမေရိကန်
စစ်တပ်ရဲ့ လက်အောက်ခံ အဖြစ်သာ
ရပ်တည် ခဲ့ရတာ။ 

အမေရိကန် တွေ ဆုတ်ခွါထွက်ပြေးတော့
ကိုယ်တိုင် ဘာမှ မလုပ် တတ်တော့ဘူး။ 

နောက် ဘာသာရေးပြသနာ ကလည်း
စစ်တပ်ကို ရိုက်ခတ် ပါတယ်။ 

စစ်တပ်တွင်း ချစားမှု တွေကလည်း ကြီးမား
တယ်။ 

အမေရိကန်တွေက ရက်၉၀ အတွင်း အာဖဂန်
အစိုးရကျရှုံံးနိုင်တယ်လို့ သုံးသပ်တယ်။ 

တာလီဘန်တွေက ၃ ရက်နဲ့ ကဘူးမြို့ကို
ရောက်လာတယ်။ 

ကျွန်တော်တို့က သတိမထားမိလို့ပါ။ 

အာရှမှာ အဲ့လို အမေရိကန်စစ်တပ် ရဲ့ ထိန်းချုပ်ခြင်း
ခံထားရတဲ့ စစ်တပ်တွေ ရှိပါတယ်။ 

၁။  တောင်ကိုရီးယားစစ်တပ် သူလည်း 
အမေရိကန် စစ်တပ်က ခွင့်ပြုမှ စစ်ဆင်ရေး
လုပ်ရတယ်။ ၁၉၅၀-၁၉၅၃ခုနှစ်
ကိုးရီကျွန်းဆွယ်စစ်ပွဲ 

၂။ ဂျပန်စစ်တပ် ဒုတိယကမ္ဘာစစ်ရှုံးနိမ့်ရာက
     အစပြု ပါတယ်။ 

၃။ ပါကစ္စတန် ပေါ့ ပါကစ္စတန်ကို ရောင်းထား
    တဲ့ f16 တိုက်လေယာဉ်တွေ အမေရိကန် ခွင့်မပြုရင်
    မသုံးရဘူး။ 

၄။ ထိုင်း ကတော့ ဗန်ကောက်မြို့လည်ကောင်မှာ
      အမေရိကန် စစ်အခြေစိုက်စခန်းကြီးနဲ့ပေါ့

အခု အချိန် မြောက်ကိုရီးယားနဲ့တောင်ကိုရီးယား
စစ်ဖြစ်ကြည့်ပါ။ အခြေအနေမကောင်းရင် 
အမေရိကန် ဆုတ်မှာပဲ။ တောင်ကိုရီးယားစစ်တပ်ဟာ
အခု လို အာဖဂန် စစ်တပ်လိုပဲ ကျန်ခဲ့မှာပါ။ 

အာဖဂန် အဖြစ်အပျက်ဟာ အမေရိကန်ကို 
မှီခိုနေရတဲ့ နိုင်ငံတွေ အတွက် မီးမောင်းထိုးပြ
လိုက်တာပါ။ 

မြန်မာစစ်တပ်နဲ့တော့ မယှဉ်ထိုးတော့ပါဘူး။ 

မြန်မာစစ်တပ်ဆိုတာ စစ်ဆင်ရေးတွေကို 
ကို့လက်ကိုခြေ ကို့လူမျိုး တွေ အပြည့်အဝ စီမံ
ခွင့်ရသော စစ်တပ်ပါ။ 

စားစရာ ဆန်မရှိရင်တောင် ရန်သူကို 
ငှက်ပျောအူ ပြုတိစားပြီး စစ်တိုက်နိုင်သော
တပ်သားတွေကို ပိုင်ဆိုင်ထားတာပါ။ 

အဲ့တော့ နိုင်ငံတိုင်းဟာ စစ်တပ်ကို ကို့ကြမ္မာကိုယ်
ဖန်တီးခွင့်ရနေတာ မဟုတ် သလို
အမှီအခိုနဲ့ နေရတဲ့ စစ်တပ် ဆိုတာ နိုင်ငံကို
အပြည့်အဝ ကာကွယ် ခွင့်မရှိပဲ

အချုပ်အခြာအာဏာ အစိတ်အပိုင်းများ
ဆုံးရှုံးနေတာ ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်
ပါတယ်။ 

Kyaw Swar



Related Posts:

  • စကားဦးဖို့လိုတယ် 🗣     နိုင်ငံတကာအမည်ခံတွေ နဲ့ UN ဆိုတာတွေက န.စ.က နဲ့ NUG ဘယ်သူမှန်ပြီး ဘယ်သူက အကြမ်းဖက်နေလည်း သူတို့သိတယ်။ မသိချင်ရောင်ဆောင်နေကြတာပါ။ ဒါပေမဲ့ ကမ္ဘာ့ပြည်သူအများစုက အမှန်တရားတွေကို တကယ်ရိုးရိုးသားသားမသိကြပါဘူး။&nb… Read More
  • ၈၁သိန်းတန်ကြီးတောင် အောင့်သွားတယ်!OIC အုပ်ကတော့မောင်တောဒေသကို နိုင်ငံအသစ်တစ်ခု ပေါ်ပေါက်လာရေးအတွက် ဘင်ကျော်မင်းရဲ့သမီးဝေဝေနုကို အမျိုးသမီးစွမ်းဆောင်ရှင်ဆုပေးပြီးUS တို့ အုပ်စုမှ ပွဲထုတ်လာပါပြီ👌ဟုတ်ပြီဗျာ...!စုကြည်ကို ပြည်သူထောက်ခံတယ်ဆိုတာကပြည်သူအများစုသည် ဗိ… Read More
  • သာဖြိုးတို့ညီအစ်ကိုဖြိုးကြီးက 'ခေါင်' ကိုပဲပစ်မှတ်ထားတယ်ဖြိုးလေးက မီးခိုးကြွက်ရှောက်အခုပဲ 21 တွေထွက်လာပြီတဆင့်ချင်းဖေါ်ထုတ်သွားရင်...ပြည်တွင်းနောက်ခံတွေရောပြည်ပကဟာတွေပါအများကြီးထွက်လာလိမ့်ဦးမယ်CIA ဘယ်နေနိုင်ပါတော့မလဲ အဂတိလောက်နဲ့… Read More
  • ဗိုလ်နဂါးမိ​ပြီဗျာကဲ စစ်ကိုင်းတိုင်း ပုလဲ၊ ယင်းမာပင် နယ်မြေမှာ လူသတ်၊ ဓါးပြတိုက်၊ မုဒိမ်းကျင့်၊ မီးရှို့ခေါင်းဆောင် ခုတော့ ဗိုလ်ရေမြွေ ဖြစ်သွားပါရောလား။Credit… Read More
  • "အထူးဝမ်းနည်းခြင်း"😢မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အံခဲ ကျေးရွာနှင့် ဝဲကလောင်းကျေးရွာကြား ပင်လယ်ကမ်းခြေမှ နှစ်မိုင်ခန့်အကွာ ပင်လယ်အတွင်းရှိ ကျိုက်နဲရေလယ်ဘုရားပွဲတော်၌ နိုဝင်ဘာ ၂၁ ရက် (ယနေ့) နံနက် ခုနစ် နာရီခန့်က နတ်လမ်း မှဘုရားရှိရာသို့သွားစဉ် … Read More