အရှေ့အလယ်ပိုင်း၊ ဗဟိုအာရှနဲ့ အိန္ဒိယနိုင်ငံတွေရဲ့ ကြားမှာ တည်ရှိနေတဲ့ အာဖဂန်နစ္စ တန်ဟာ မြန်မာနိုင်ငံလိုပဲ ပထဝီအေနအထားအရ အရေးပါတဲ့နိုင်ငံဖြစ်တယ်။ အရှေ့ဘက် မွာ ပါကစ္စတန်၊ အနောက်ဘက်မှာ အီရန်နဲ့အရှေ့မြောက်မှာ တရုတ်နဲ့ထိစပ် နေတဲ့အပြင် ပိုဆိုးတာက မာကိုပိုလိုရဲ့ ပိုးလမ်းမကြီးဖြတ်သန်းရာ အဓိက အစိတ်အပိုင်းနယ်မြေ တစ္ခု အဖြစ်နဲ့လည်း အချက်အခြာကျပြီး အေရးပါတဲ့ နိုင်ငံတစ်ခုဖြစ်ခဲ့တယ်။
ကန်ဒါဟာ ဆိုတဲ့ မြို့ကနေ လက်ရှိ လူအများသိနေတဲ့ ကဘူးမြို့လေးကို ၁၇၇၆ ခုနှစ် မွာ ရွှေ့ပြောင်း အခြေစိုက်ခဲ့တယ်။ ၁၉၁၉ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့တဲ့ အာဖဂန်နိုင်ငံဟာ ၁၉၇၉ ခုနှစ်မှာ ဆိုဗီယက်တွေရဲ့ ကျူးကျော်ခြင်းကို ခံခဲ့ရသလို ၂၀၀၁ ခုနှစ်မှာလည်း အစွန်းရောက် အစ္စလမ်မစ်တွေကို တိုက္ထုတ္ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ယန်ကီးတွေရဲ့ ကျူးကျော်ခြင်းကိုခံခဲ့ရတယ်။
နိုင်ငံရဲ့အကျယ်အဝန်းဟာ မြန်မာနိုင်ငံနဲ့ မတိမ်းအယိမ်းရှိတဲ့ အနေအထားဖြစ်ပေမယ့် ကုန်တွင်းပိတ်နိုင်ငံဖြစ်တာကြောင့် သူတို့ဆီမွာ ရေတပ်ဖွဲ့စည်းထားခြင်းမရှိဘဲ အာဖဂန် လေတပ်နဲ့ အာဖဂန်အမျိုးသားတပ်မတော်ဆိုပြီး ကြည်းတပ်နဲ့ လေတပ်(၂)ခုတည်းသာ ဖွဲ့စည်းတည်ဆောက်ထားတယ်။ ကမ်ဘာ့အဆင့်မှာ ၇၅ အဆင့်ရှိပြီးတော့ စစ်သည် အင်အားကလည်း ကြည်းတပ်မှာ ၂ သိန်းနီး ပါးနဲ့ လေတပ်မှာ ၇ သောင်းကျော် လောက်နဲ့သာ ဖွဲ့စည်းထားတယ်။ အဆိုးဆုံးကေတာ့ ယန်ကီးတွေဝင်လာပြီးတဲ့နောက်ပိုင်း နိုင်ငံတနိုင်ငံရဲ့ တပ်မတော်ကို ယန်ကီးတွေရဲ့ အုပ်ချုပ်ထောက်ပံ့မှုနဲ့ နေတိုးတွေရဲ့ လေကျင့်သင်ကြားပေးမှုအောက်ကို လုံးလုံးလ်ားလ်ား ရောက်သွားခဲ့ခြင်းက ပ်က္စီးမွု တစ်ခုရဲ့လမ်းစကို ရောက်မှန်းမသိရောက်သွားခဲ့ရတယ်။
အဆိုးဆုံးကေတာ့ နိုင်ငံချစ်စိတ်မရှိဘဲ တည်ဆောက်ဖွဲ့စည်းထားတဲ့ တပ်မတော် တစ္ခုပဲ။ ယန်ကီးတွေရဲ့ လက်နက်တွေနဲ့ငွေကြေးအင်အားပြည့် ထောက်ပံ့ပေးထားချိန်မှာ တောင် တာလီဘန်တွေကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခြင်း မရွိတဲ့ အပြင် ယန်ကီးတွေ ဆုတ် ခွာထွက်ပြေးတော့မယ်ဆိုတဲ့ အချိန်ရောက်ပြန်တော့လည်း နိုင်ငံတစ်ခုရဲ့ တပ်မတော် ဟာ ခပ်လွယ်လွယ်လက်နက်ချပြီး ပြည်ပနယ်စပ်တွေကို ထွက်ပြေးသွားခဲ့ကြတယ်။ ဒါဟာ လက်ရှိ တာလီဘန်တွေလက်ထဲ ရောက်မှာစိုးလို့ အသက်ကိုတောင်မငဲ့ဘဲ ယန်ကီးတွေရဲ့ လေယာဉ်ပျံနဲ့ အတူ လိုက်ပါဖို့ ကြိုးစားခဲ့တဲ့ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို နိုင်ငံတစ်ခုရဲ့ တပ်မတော်က မကာကွယ်မစောင့်ရှောက်ဘဲ လစ်လျူရှုခြင်းဆိုတဲ့ ပြယုဒ်တစ်ခုကို ကောင်းကောင်းမြင် တွေ့ခဲ့ကြရတာဖြစ်တယ်။
အမိန့်နာခံမှု အားမကောင်းတဲ့ စစ်တပ်ရယ်၊ တိုင်းတပါးပြည်ကို အလွန်အမင်း မွီခိုအား ထားရတဲ့ တပ်မတော်တွေရဲ့ အရည်အချင်းကင်းမဲ့မှုတွေဆိုတာ တကယ့်တိုက်ပွဲတွေနဲ့ ယှဉ်ပြိုင်ရချိန်မျိုးက အဆုံးအဖြတ်နဲ့ မှတ်ကျောက်တင်ခံရစမြဲပဲ။ နိုင်ငံတစ်ခုရဲ့ အချုပ် အျခာအာဏာ ပိုင်ဆိုင်မှုနဲ့ ဆုံးရှုံးခြင်းတွေ၊ပြီးတော့ အစိုးရတစ္ခု အားကောင်းခြင်း ရွိ/မရွိဆိုတဲ့ နောက်ကွယ်တွေတိုင်းမှာ အင်အားတောင့်တင်းပြီးစွမ်းရည်ထက်မြက်တဲ့ တပ်မတော်ဆိုတာ ရှိနေစမြဲပဲ။
မြန်မာ့တပ်မတော်ဆိုတာ အမိန့်နာခံမှုအားကောင်းသော၊ အပင်ပန်း အဆင်းရဲခံနိုင်သော ၊ အမျိုးချစ်သော ၊ စွန့်လွှတ်စွန့်စားရဲသော ဆိုတဲ့ ဂုဏ်ထူးဝိသေသ တွေနဲ့ ခေတ်အဆက်ဆက်က ဖြစ်ခဲ့တဲ့တိုက်ပွဲတွေတိုင်းမှာ သက်သေပြစရာမလိုလောက် အောင်အထိ ပြီးပြည့်စုံခဲ့ပြီးသားမဟုတ်လား။
တကယ်တော့ အာဖဂန်နစ္စတန်ဟာ တာလီဘန်တွေအောက် လွယ်လွယ် ကျရှုံးရခြင်းတွေရဲ့ နောက်ကွယ်က အမှန်တရားတွေထဲမှာ အင်အားတောင့်တင်းခိုင်မာတဲ့ တပ်မတော်မရှိတာကြောင့်ဖြစ်သလို အသက်ပေးကာကွယ်လိုစိတ်မရှိတဲ့ ရုပ်ပြစစ်သား တွေနဲ့ ဖွဲ့စည်းထားခြင်းကြောင့်ကသာ အဓိက ပိုကျခဲ့တယ်။
#ဖိုးစီ