Wednesday, August 18, 2021

ကိုယ်တို့ နိုင်ငံကတော့ လက်မတင်လေးမှ လက်မတင်လေး လွတ်သွားခဲ့တာပါ .လေ ..? ???


မြန်မာနိုင်ငံက
ဒလက်မီဒီယာတွေက 
ဘာကြောင့် အမေရိကန်နဲ့ အာဖဂန်
စစ်ပွဲအကြောင်း မရေးရဲကြပါသလဲ...? 

မနေ့က 
အာဖဂန်မှာ ၁၀ ခုမြောက်မြို့ကို
တာလီဘန်အစွန်းရောက်တို့ သိမ်းပါတယ်။ 

ရိုးရိုး သိမ်းတာ မဟုတ်ပါဘူး။ 

သိမ်းတဲ့မြို့က 
တာလီဘန် မဟုတ်သူ
အာဖဂန် အမျိုးသမီးငယ်တွေကို 
တာလီဘန်မျိုးဆက်သစ်မွေးဖွားပေးဖို့
မဒိန်းကျင့်ကြသတဲ့ ဗျာ ။ 

နိုင်ငံခြားသတင်းတွေက
ရေးသားတာကို တွေ့ရတာပါ။ 

မြန်မာမကောင်းကြောင်း
မငြီးငွေ့တမ်း ဒိုင်ခံရေးသားနေကြတဲ့ 
မာမူတို့ရဲ့ပေးစာကမ်းစာ စားနေကြရတဲ့
မြန်မာနိုင်ငံက ဒလက်မီဒီယာတွေက
ဒီကိစ္စမျိုးကျ မဖော်ပြ မရေးကြပါဘူး။ 

ဒီနေရာမှာ
အဓိက သရော်ချင်တာက
အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒကိုပါပဲ။ 

အမေရိကန်ဟာ 
သူ စစ်ရေးစီးပွါးရေး အရ
အသာစီး ရဖို့ အတွက် Democracy နဲ့ 
Human Right ကို ရှေ့တမ်းတင်ပြီး
Lobbyist Media အားနဲ့ ပုံစံသွင်း
အနိုင်ကျင့်လေ့ရှိပါတယ်။ 

သူက ပထမဆုံး 
လူအခွင့်အရေး အော်မယ်။ 
လူမျိုးတုန်းသတ်တယ်လုပ်ကြံရေးကြမယ်။ 
Weapon of mass destruction 
ဘန်းပြပြီး အီရတ်ကိုဝင်ပြီး စစ်တိုက်၊ 
လူသောင်းချီပြီး သေကြ…၊ 
သူလိုချင်တဲ့ ရေနံစျေးကွက်ချုပ်၊ 

ဆော်ဒီ ကူဝိတ်က
လက်နက်ဘီလျံချီရောင်း၊ 
ပြန်ဆုတ်ထွက်။ 

ဆီးရီးယား 
လက်ဘနွန် ကိုလည်း ဒီလိုဘဲ။ 
အခုဆို သူထွက်ပြေးလာပြီလေ။ 

ဒုကမ္ဘာစစ်ပြီးတော့
ဒီမိုဘမ်းပြပြီး စစ်အေးကာစ 
ကိုရီးယားစစ်မှာ သူဝင်ပါတယ်။ 

ဘူဆန်မှာစစ်စခန်းချ 
တောင်နဲ့မြောက်တိုက်ကြတော့
ဒီမိုကရေစီ စပြီး အော်တော့တာပါပဲ။ 

အမေရိကန်တွေ 
အဆုံးအရှုံးများ အသေအကြေ
များလာရင် ထွက်ပြေးပါလေရော။ 
တောင်ကိုရီးယား မြောက်နဲ့ခွဲထွက်
စစ်ပွဲရပ်စာချုပ်ချုပ် ဒီမိုကရေစီ နဲ့
လူ့အခွင့်အရေးဟာ အာပလာနဲ့ 
အမေရိကန် ထွက်ပြေးပေါ့။ 

ထိုင်ဝမ်ကိစ္စလဲ အတူတူပဲ။ 
ချန်ကေရှိတ်မိန်းမက 
အမေရိကန်သမ္မတနဲ့ အတန်းဖော်လေ။ 
လာကူမလားဆို မလာဘူး။ 

စစ်ရှုံးဂျပန်ကို ဆိုရင်လည်း
စစ်တပ်မဖွံ့ဖြိုးရ စာချုပ်ချုပ်ထားရာကနေ တရုတ်ရန်ကြောက်လာမှ 
ဖြေလျော့ပေးတာလဲ သူ့ဟာသ
လူ့အခွင့်အရေးပါဘဲ။ 

ဗီယက်နမ်စစ်မှာလည်း
ပြန်ကြည့်အုံး ရှုံးလိုက်တာ ဝက်ဝက်ကွဲ။ 

အဲဒီတုန်းက 
ဖိလစ်ပိုင် ဆူးဗစ်ဘေး Subic Bay မှာ Chemical Weapon တွေထုတ်ပြီး  
ဗီယက်နမ်မှာ ဓါတုလက်နက်တွေနဲ့
မျိုးတုန်းသတ်တာ သူကိုယ်တိုင်လေ။ 
ဘယ်မှာလဲ လူသားချင်းစာနာစိတ်။ 
တကယ့် big bully တွေပါ။ 

ထိုင်းမှာတပ်စွဲ 
ဗီယက်နမ်စစ်ပွဲကြောင့် 
ယိုးဒယားမတွေ ပြည့်တန်ဆာတွေ
ဖြစ်ကုန်တာ သိန်းချီသွားတယ်။ 

နောက်တော့ 
သူ့ထုံးစံ အတိုင်း
အူယားဖားယား ထွက်ပြေးပြန်တာပါဘဲ။ 

ရုပ်ရှင်တွေထဲမှာတော့
သူက တကယ့် ဆရာကြီး ဗျ 
တကယ့်အပြင်မှာ ခွေးပြေးဝက်ပြေးပါ။ 

အာဖဂန္ကို 
ဆိုဗီယက်ကိုမပေးချင်လို့ 
အီရန်အကြောင်းပြ ပါကစ္စတန်ကို 
အထက်ကပြောခဲ့တဲ့ ဖိလစ်ပိုင် ထိုင်းတို့လို 
မိတ်ဖွဲ့ခြေကုတ်ယူပြီး သူမွေးခဲ့တဲ့
တာလီဘန်ကပဲ အခု သူ့ကို ပြန်သမလို့ 
စစ်ခင်းတာ နှစ်၂၀ နီးပါးမှာပဲ … 

တစ်ယောက်ကို 
ဒေါ်လာ ၃ သန်းတန်တဲ့
အမေရိကန်စစ်သည် ထောင်ချီသေကုန်ပြီး 
ဘဏ္ဍာငွေ ထရီလျံချီကုန်ပါတယ်။ 

၂၀၁၃ မှာ 
ပါကစ္စတန်နဲ့ ခွာပြဲပြီး 
၂၀၂၁ ဇူလိုင် အရောက်မှာတော့ 
သတင်းအမှောင်ချ ထွက်ပြေးပြန်ပါတယ်။ 

အခု သူ လူ့အခွင့်အရေး 
ဒီမိုကရေစီအစိုးရ ထားရေး
လျှောက်အော်မြှောက်ပေးခဲ့တဲ့ 
အာဖဂန်အစိုးရ ဒုက္ခရောက်ရပြန်ပြီလေ။ 

အရှက်ဂုဏ်သိက္ခာမရှိ
ပစ်ပြေးသွားတော့ အာဖဂန်ပြည်သူတွေ 
ခွေးလုံးလုံးဖြစ်ပြီဆိုတာ ပြောချင်တာပါ။ 

ကျနော်တို့ တိုင်းပြည်လို
အနုတ်စုတ်ဂုတ်စုတ်လောက်ကို
မဆလ အိုဘားမား ၂ ခါလာတာဟာ
ရိုးသားတယ်လို့များ ထင်ကြပါသလား။ 

ဒီမိုကရေစီနိုင်ငံ ဖြစ်စေချင်လို့ 
လူ့အခွင့်အရေးတွေကို ရစေချင်လို့ 
ဒေါ်စုကို လေးစားလို့ ဆိုတဲ့ …
အမေရိကန် 
ဂျင်းတက်ကြီးတွေကို
ခင်ဗျားတို့ ယုံနေသေးတယ်ဆိုရင်တော့ 

ကျနော်ပြောတဲ့ 
အမေရိကန် Foreign Policy သမိုင်းကို 
အရင်လေ့လာကြည့်ပြီးမှ ပြောကြပါလို့။ 

ကျနော်တို့ တိုင်းပြည်ဟာ
လက်မတင်လေးမှ လက်မတင်လေးပါဘဲ။ ဒုတိယ အာဖဂန်၊ ဆီးရီးယား၊ ကိုရီးယား၊ 
ဗီယက်နမ်ဇာတ်တွေလို ဖြစ်တော့မလို့ 
နည်းနည်းလေးပဲ လိုခဲ့တာပါ ဗျာ…။ 

ယန်ကီးပြောတဲ့ 
ဒီမိုကရေစီလူ့အခွင့်အရေးကတော့ 
တကယ့် အာလောက်လောက်ပါပဲ ဗျ ာ…။
……………………………………………
20210815:Thuya ;Crd;YZ



Related Posts:

  • " အမှန်တရားဆိုတာ မျက်ကွယ်ပြုလို့မရပါ " အာရပ်နွေဦး ကျဆုံးရတဲ့ စိတ်ပျက်စရာ ဖြစ်ရပ်မျိုး ကြုံခဲ့ရပြီးတော့ ဥရောပတလွှား ဂျီဟက်ဒစ်တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပျံ့နှံ့လာပါတယ်ဆိုတဲ့ ဖော်ပြချက်နဲ့အတူ — ယနေ့မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ရှုပ်ထွေးမှုနှင့် နွေးဦးတော်လှန်ရ… Read More
  • ဝိုင်းမော် ခလရ (၅၈)ရဲ့ ဖြစ်စဉ်အပေါ်သုံးသပ် အကြံပြုချက်ဝိုင်းမော် ခလရ (၅၈) ကတော့နောက်ချန်ရဲမေအပေါင်းတို့ရဲ့စစ်စွမ်းရည်သတ္တိဗြတ္တိ အပြည့်နဲ့ အဖိတ်အစင်မဲ့ အောင်ပန်းဆင်နိုင်ခဲ့ပါပြီ။°°°°°°°°°°°°°°°°°°လွန်ခဲ့တဲ့  ၂၀၁၇ လောက်တုန်းက(ခုနှစ်တော့ မှားနိုင်ပါတယ်)ရှမ်းမြောက်မှာရှိတဲ့  နမ္မတူ… Read More
  • မိန်းမ တော့ မိန်းမ ပဲဒါပေမဲ့ ထူးမြတ်တဲ့ မိန်းမသားတွေပါ။အကြမ်းရော အနုပါ အကုန်ရတယ်။ပါရမီရှင်စစ်စစ်တွေပါ ။အထင်သေးလို့မရတဲ့ မိန်းမသားတွေ။ပုခက်လွှဲတဲ့ လက်ကနေကျည်ဆံထွတ် တတ်တဲ့ မိန်းမမြတ်တွေ။စစ်ရေးစွမ်းရည်စည်းရုံးရေးစွမ်းရည် အုပ်ချူပ်ရေးစွမ်းရည် ဆိုတဲ့ … Read More
  • ကိုဗစ်ကာကွယ်ဆေး ထိုးကြပါဒီနိုင်ငံမှာ လက်ရှိထိုးပေးနေတဲ့ ကာကွယ်ဆေးက တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစားဖြစ်လို့ WHO က အသိအမှတ် မပြုဘူး၊ အခုပျံ့နှံ့နေနေတဲ့ ကိုဗစ်မျိုးစိတ်သစ်တွေကို မကာကွယ်နိုင်ဘူးလို့ fb ပေါ်မှာ မြင်သိနေရလို့ ဒီကာကွယ်ဆေးနဲ့ ပတ်သက်ပြ… Read More
  • သွေးထိုးသွားစမ်းလို့ ခွေးမျိုးကန်းသွားမနေ့က ကချင်ဘက်မှာ တပ်ရင်းဌာနချုပ် တစ်ခု အတိုက်ခံရတယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက လည်းဒီလိုပါပဲ မကြာမကြာ အားနည်းတဲ့နောက်တန်းဌာနချုပ်တွေကို kiaက အလစ်ဝင်ပြီးတိုက်တယ်။ kia ရဲ့အကျင့်က ယောက်ကျားချင်း မယှဉ်ရဲတော့ အင်အားနည်းပြီး ရဲမေမှ… Read More