Friday, August 20, 2021

အစမကောင်း၊သန္ဓေမကောင်း၊နိဂုံးမကောင်းပါ


ဒေါ်အောင်ဆန်းစုကြည်သည်
ငယ်စဉ်ကပင် မိခင်ဒေါ်ခင်ကြည်နှင့် ပြည်ပတွင် ကြီးပြင်းခဲ့
သူဖြစ်သည်။အချို့က အဘယ့်ကြောင့် ဒေါ်ခင်ကြည်ကို
အိန္ဒိယ သံအမတ်ကြီးအနေဖြင့် အဝေးပို့ရပါသနည်းဟု
စောဒကတက်ကြသူများလည်းရှိတတ်ကြပါသည်။
အဘယ့်ကြောင့်သံအမတ်အဖြစ်စေလွှတ်ရပါသည်ဟူသော
အကြောင်းကို လေ့လာလျှင် တွေ့ရပါလိမ့်မည်။
- တစ်ဦးတစ်ယောက်၏ လူမှုရေး၊ပုဂ္ဂလိကဆိုင်ရာကို
  ရေးသားသည်မဟုတ်၍ ဤနေရာတွင် ဖော်ပြမည်မဟုတ်
  ပါ။

အရွယ်ရောက်လာသောအခါ 
ဗြိတိသျှလူမျိုး မိုက်ကယ်အဲရစ်နှင့် အိမ်ထောင်ပြုသည်။
- ဒေါ်စု ဘဝတစ်ခုလုံးသည် အင်္ဂလိပ်ယဉ်ကျေးမှု၊အင်္ဂလိပ်
  အတွေးအခေါ်တို့ ကြီးစိုးခံခဲ့ရသည်။
- ငြင်းလျှင် ငြင်းမှုသက်သက်သာဖြစ်ပါလိမ့်မည်။
- မြန်မာကို သံယောဇဉ်ရှိသူဟုဆိုလျှင် တစ်နှစ်တစ်ခေါက်၊
   နှစ်နှစ်တစ်ခေါက် ပြန်လာနိုင်ပါ၏။သို့သော်လည်း
   ပြန်မရောက်ခဲ့။
- သားနှစ်ဦးပင်လျှင် မြန်မာစကား၊မြန်မာ့ယဉ်ကျေးမှု
   သင်ပေးရကောင်းမှန်း မသိခဲ့ပါချေ။

မိခင်ကြီး ဒေါ်ခင်ကြည် အသည်းအသန် နေမကောင်းမှ
နောက်ဆုံးအကြိမ် တွေ့ဆုံရန် မြန်မာပြည်ပြန်ရောက်ချိန်
တွင် (၈၈)အရေးအခင်းနှင့်ကြုံကြိုက်ကာ နိုင်ငံရေးထဲသို့
အမှတ်မထင် ရောက်လာသူဖြစ်သည်။
- ရှေ့ပိုင်း ကျောင်းသားဆန္ဒပြမှုတွင် တစ်လုံးတစ်ပါဒမှ
   ဒေါ်စု ပြောကြားခဲ့သည်ကို မတွေ့ရ။
- ဗကပများစည်းရုံးမှ၊အနောက်အုပ်စု၏ စည်းရုံးမှုကြောင့်
  သာ ဒေါ်စု နိုင်ငံရေးနယ်ပယ်ထဲ ရောက်လာခဲ့ခြင်းထင်ရှား
  ပါသည်။

နိုင်ငံရေးနယ်ပယ်သို့ ရောက်လာသောအခါတွင်လည်း
ဒေါ်စု၏ ဆောင်ရွက်ချက်များမှာ
- ကိုယ်ပိုင် သဘောတရား၊အတွေ့အကြုံနှင့် ဆောင်ရွက်ခဲ့
  ခြင်းမျိုး မတွေ့ရဘဲ
- ဗကပ အငွေ့အသက်နှင့် အနောက်နိုင်ငံသဘောတရား
   ပေါင်းစပ်မှုမျိုးကိုသာ တွေ့ရပါ၏။
- နိုင်ငံရေးရေချိန်၊တပ်မတော်၏ အခြေအနေမျိုးနှင့်
  လိုက်လျောညီထွေစွာ ဆောင်ရွက်နိုင်ခဲ့လျှင် မြန်မာနိုင်ငံ
   သည် ယခုကဲ့သို့သော အခြေအနေကိုရောက်မည်မဟုတ်။

တောင်အာဖရိကမှ မင်ဒဲလားသည် အုပ်ချုပ်သူဒီကလပ်ကို
ကောင်းစွာနားလည်နိုင်သူဖြစ်သည်။လမ်းကြောင်းပေါ်
တင်ပေးနိုင်သူဖြစ်သည်။
- မင်ဒဲလား အာဏာရစဉ် ဆောင်ရွက်ခဲ့ပုံနှင့် ဒေါ်စု
  အာဏာလက်ကိုင်ရှိချိန် အခြေအနေကို နှိုင်းယှဉ်ပါက
  အထင်းသားတွေ့နိုင်ပါ၏

ဆိုရှယ်လစ်စနစ်ကို စိတ်ကုန်နေသော
ခေါင်းဆောင်ကောင်းကို တောင့်တနေသော မြန်မာတို့သည်
- ဗိုလ်ချုပ်အောင်ဆန်း၏သမီးဟူသော
  ဂုဒ်ပုဒ်တစ်ခုထဲနှင့်ပင် ဒေါ်စုကို ထောက်ခံခဲ့ကြသည်။
- သို့သော် ဒေါ်စုသည် မင်ဒဲလား မဟုတ်ခဲ့ချေ။
- မင်ဒဲလား ကဲ့သို့ နိုင်ငံရေးရေချိန်နှင့် အချိန်အခါကို
  လိုက်လျောညီထွေစွာ မလိုက်ပါနိုင်ခဲ့။
- လူထု ထောက်ခံသည်ဟူသော တစ်ခုတည်းသော ခံယူချက်
  ဖြင့် အရာအားလုံးကို ဆန့်ကျင်ခဲ့၏။

ဂျင်းရှပ်၏"အမိန့်ဟူသမျှ ဖီဆန်ကြ" ဟူသော 
သဘောတရားကို လက်ကိုင်ထားခဲ့ခြင်းသည် 
- ဒေါ်စု၏အနာဂတ်ကို ပျက်စီးစေခြင်းဖြစ်နေသည်ကို
  ဒေါ်စု မသုံးသပ်နိုင်ခဲ့။
- နှုတ်က Compromise(အပေးအယူလုပ်ခြင်း၊ညှိနှိုင်းခြင်း၊
  သဘောတူညီချက်)ဟူသောစကားကို မည်သို့ဆိုစေ
- လက်တွေ့လုပ်ရပ်က အာဃာတ၊ဒေါသများ လွှမ်းခြုံထား
   သည်ကို တွေ့ရ၏။
ဤနေရာတွင် မင်ဒဲလားနှင့်ဒေါ်စု အကွာကြီးကွာခြားခဲ့၏။
ထို့အပြင် ဒေါ်စု၏ ထိပ်တန်းသူထဲမှတစ်ဦးဖြစ်ပြီး
တစ်ချိန်က တပ်မှူးကြီး တစ်ဦးဖြစ်ခဲ့သူက 
"နျူရင်ဘတ်ခုံရုံးတင်မယ်"ဟုပြောခဲ့ခြင်းက အခြားတစ်ဖက်
ကို"ငါတို့ဟာ မင်းတို့အတွက် အန္တရာယ်" ဟု သတ်မှတ်သွား
စေသည်။

အဆိုးဆုံးက ဖွဲ့စည်းပုံအခြေခံဥပဒေမရပဲ
ချက်ခြင်း အာဏာလွှဲခိုင်းခြင်းဖြစ်ပါသည်။ နိုင်ငံတစ်ခု၏
အုပ်ချုပ်ရေး၊ဥပဒေပြုရေး၊ တရားစီရင်ရေး စသော
အထွေထွေအာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီးမှ
သာ လွှဲလေ့ရှိ၏။လက်တန်းလွှဲ၍ရသော နိုင်ငံ ကမ္ဘာပေါ်
တွင် မရှိချေ။ အာဏာသိမ်းခြင်း တစ်မျိုးထဲသာ ဖွဲ့စည်းပုံ
အခြေခံမဲ့ဆောင်ရွက်၍ ရပါသည်။

ဒေါ်စု၏ 
- နိုင်ငံရေးပါးမဝမှု၊အနောက်သဘောတရား၊
   ဗကပတို့၏ လက္ခဏာတို့ကြောင့် လည်းကောင်း၊
- ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိသောကြောင့်လည်းကောင်း၊
- ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို လက်တွေ့တွင်
  အကောင်ထည် ဖော်ခွင့် မရခဲ့တော့ချေ။

အမှတ်မထင် နိုင်ငံရေးလောကထဲ ရောက်လာခဲ့သော
ဒေါ်စု၏ ဖြတ်သန်းမှု (၁၉၈၈-၂၀၁၂)ဟူသော (၂၄)နှစ်
ကာလရှည်ကို လေ့လာလျှင်
 - အမြဲတမ်း ဆန့်ကျင်နေရသည်ကိုသာ တွေ့ရပေလိမ့်မည်။
ထို့ပြင် ဒေါ်စု၏ အစ်ကိုတစ်ဝမ်းကွဲ ဒေါက်တာစိန်ဝင်း၏
အဝေးရောက် အစိုးရအဖွဲ့စည်းခြင်းကလည်း 
- ဒေါ်စု နိုင်ငံရေးအာဏာနှင့် ပိုးဝေးကွာစေသောအရာ 
  ဖြစ်သည်ကို ဒေါ်စု ရိပ်စားမိဟန်မတူ။
နောက်ဆုံး နှစ်ပေါင်း(၃၀)ကျော်သွားသည်အထိ ဒေါ်စု
အစ်ကို၏ အဝေးရောက်အစိုးရသည် ဘာမှမလုပ်နိုင်ခဲ့သလို
ဘာမှလည်း မယ်မယ်ရရ ဖြစ်မလာခဲ့ပါချေ။

အရာအားလုံးသည် 
အစ၊အလယ်၊အဆုံးကောင်းရန်လိုသည်
- အထူးသဖြင့် နိဂုံးလှပရန် လိုသည်။
- ပြင်းထန် ခါးသီးတတ်သော နိုင်ငံရေးလို အရေးကိစ္စတွင်
  အဝင်လွယ်သလောက် အထွက်ခက်တတ်သည်ကို သတိ
  ထားသင့်ပါသည်။
- လွတ်လပ်ရေးရပြီး မြန်မာ့နိုင်ငံရေးကို လေ့လာလျှင်
   နိဂုံး မကောင်းကြသူများပါသည်။

ဖြစ်တည်မှုတစ်ခုတွင်...
အစ၊အလယ်၊အဆုံး သုံးပါးလုံး ကောင်းရန်လိုအပ်ပါသည်။

အစနှင့်အလယ်တွင် မကောင်းခဲ့ပါလျှင်တောင်မှ
သင်ခန်းစာယူပြီး အဆုံးနိဂုံးတွင် ပြင်ဆင်ခွင့်ရှိနေကြပါသေး
သည်။
- အတ္တကြီး၊မောဟကြီးလွန်းလာလျှင်တော့
  အမှားကို အမှန်ထင်၊အမှန်ကို အမှားထင်တတ်သည်မို့
  အဆုံးနိဂုံးကိုလည်း မကောင်းစေတတ်ပါ။

ဒေါ်စုနှင့်အပေါင်းပါ NLD တို့၏ နိဂုံးပိုင်းသည်
- ဝမ်းနည်းဖွယ်ရာ ဖြစ်ခဲ့ရပါလေပြီ။

ဒေါ်စုနှင့် NLD နိဂုံး မကောင်းခြင်းသည်
မြန်မာ့သမိုင်းနှင့်ပါ ဆက်စပ်သေးသည်မို့ 
- မြန်မာ့သမိုင်းကိုလည်းအစွန်းအထင်းရှိစေမည်မှာမလွဲပါ။

#နေဇင်လတ်
(တစ်မွန်းတည့်နိုင်ငံရေးနှင့်ဟောလိဝုဒ်နွေဦးတော်လှန်ရေး
ဇာတ်ညွှန်း စာမျက်နှာ ၁၀၈-၁၀၉-၁၁၀-၁၁၆)