Sunday, August 15, 2021

မနေ့က အာဖဂန်မှာ ၁၀ ခုမြောက်မြို့ကို တာလီဘန်အစွန်းရောက်တို့ သိမ်းပါတယ်။


ရိုးရိုးမသိမ်းဘူး။

သိမ်းတဲ့မြို့က တာလီဘန်မဟုတ်သူ အာဖဂန်အမျိုးသမီးငယ်တွေကို တာလီဘန်မျိုးဆက်သစ်မွေးဖွားပေးဘို့ မဒိန်းကျင့်ကြသတဲ့။

နိုင်ငံခြားသတင်းတွေကရေးတာပါ။
မြန်မာမကောင်းကြောင်း ဒိုင်ခံရေးနေတဲ့ မာမူပေးစာကမ်းစာ စား မီဒီယာတွေက မဖော်ပြမရေးကြပါဘူး။

အဓိကသရော်ချင်တာက အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒကိုပါဘဲ။

အမေရိကန်ဟာ သူ စစ်ရေးစီးပွါးရေးအရအသာရဖို့ Democracy နဲ့ Human Right ကို ရှေ့တင်ပြီး Lobbyist Media အားနဲ့ ပုံစံသွင်းအနိုင်ကျင့်လေ့ရှိပါတယ်။

ပထမဆုံး လူအခွင့်အရေးအော်မယ်။
လူမျိုးတုန်းသတ်တယ်လုပ်ကြံရေးကြမယ်။

Weapon of mass destruction ဘမ်းပြပြီး အီရတ်ကိုဝင်စစ်ဖြစ်၊ လူသောင်းချီသေ၊ သူလိုချင်တဲ့ ရေနံစျေးကွက်ချုပ်၊ ဆော်ဒီ ကူဝိတ်ကို လက်နက်ဘီလျံချီရောင်း၊ ပြန်ဆုတ်ထွက်။

ဆီးရီးယား လက်ဘနွန်လဲ ဒီလိုဘဲ။

အခုဆို သူထွက်ပြေးလာပြီလေ။

ဒုကမ္ဘာစစ်ပြီးတော့ ဒီမိုဘမ်းပြ စစ်အေးကာစ ကိုရီးယားစစ်မှာ သူဝင်ပါတယ်။

ဘူဆန်မှာစစ်စခန်းချ တောင်နဲ့မြောက်တိုက်ကြတော့ ဒီမိုကရေစီစအော်တာပါဘဲ။

အမေရိကန်တွေ အဆုံးအရှုံးအသေများလို့ ထွက်ပြေးရော။

တောင်ကိုရီးယား မြောက်နဲ့ခွဲထွက် စစ်ပွဲရပ်စာချုပ်ချုပ် ဒီမိုကရေစီလူ့အခွင့်အရေးဟာ အာပလာနဲ့ အမေရိကန် ထွက်ပြေးပေါ့။

ထိုင်ဝမ်ကိစ္စလဲ အတူတူဘဲ။

ချန်ကေရှိတ်မိန်းမ အမေရိကန်သမတနဲ့ အတန်းဖော်လေ။

လာကူမလားဆို မလာဘူး။

စစ်ရှုံးဂျပန်ကို စစ်တပ်မဖွံ့ဖြိုးရ စာချုပ်ချုပ်ထားရာကနေ တရုတ်ရန်ကြောက်လာမှ ဖြေလျော့ပေးတာလဲ သူ့ဟာသလူ့အခွင့်အရေးပါဘဲ။

ဗီယက်နမ်စစ်လဲ ရှုံးတာဝက်ဝက်ကွဲ။

အဲဒီတုန်းက ဖိလစ်ပိုင် ဆူးဗစ်ဘေး Subic Bay မှာ Chemical Weapon တွေထုတ်ပြီး ဗီယက်နမ်ကို ဓါတုလက်နက်တွေနဲ့မျိုးတုန်းသတ်တာ သူကိုယ်တိုင်လေ။

ဘယ်မှာလဲ လူသားချင်းစာနာစိတ်။

တကယ့် big bully တွေပါ။

ထိုင်းမှာတပ်စွဲ ဗီယက်နမ်စစ်ပွဲကြောင့် ယိုးဒယားမတွေ ပြည့်တန်ဆာဖြစ်ကုန်တာ သိန်းချီသွားတယ်။

နောက်တော့ သူ့ထုံးစံ အူယားဖားယား ထွက်ပြေးပြန်တာပါဘဲ။

ရုပ်ရှင်တွေထဲတော့ သူဆရာကြီး တကယ့်အပြင်မှာ ခွေးပြေးဝက်ပြေးပါ။

အာဖဂန်ကို ဆိုဗီယက်ကိုမပေးချင်လို့ အီရန်အကြောင်းပြ ပါကစ္စတန်ကို အထက်က ဖိလစ်ပိုင် ထိုင်းတို့လို မိတ်ဖွဲ့ခြေကုတ်ယူပြီး သူမွေးခဲ့တဲ့တာလီဘန် သူ့ပြန်သမလို့ စစ်ခင်းတာ နှစ်၂၀ နီးပါးမှာ တစ်ယောက်ကို ဒေါ်လာ ၃ သန်းတန်တဲ့ အမေရိကန်စစ်သည် ထောင်ချီသေကုန်ပြီး ဘဏ္ဍာငွေ ထရီလျံချီကုန်ပါတယ်။

၂၀၁၃ မှာ ပါကစ္စတန်နဲ့ခွာပြဲပြီး ၂၀၂၁ ဇူလိုင်မှာတော့ သတင်းအမှောင်ချ ထွက်ပြေးပြန်ပါတယ်။

အခုသူ လူ့အခွင့်အရေး ဒီမိုကရေစီအစိုးရထားရေး လျှောက်အော်မြှောက်ပေးခဲ့တဲ့ အာဖဂန်အစိုးရ ဒုက္ခရောက်ပြီ။

အရှက်ဂုဏ်သိက္ခာမရှိ ပစ်ပြေးသွားတော့ အာဖဂန်ပြည်သူတွေ ခွေးလုံးလုံးဖြစ်ပြီဆိုတာ ပြောချင်တာပါ။

ကျနော်တို့တိုင်းပြည်လို အနုတ်စုတ်ဂုတ်စုတ်ကို မဆလ အိုဘားမား ၂ ခါလာတာ ရိုးသားတယ်ထင်နေလား။

ဒီမိုကရေစီနိုင်ငံဖြစ်စေချင် လူ့အခွင့်အရေးရစေချင်လို့ ဒေါ်စုကိုလေးစားလို့ဆိုတဲ့ အမေရိကန်ဂျင်းတက်တွေကို ခင်ဗျားယုံတယ်ဆိုရင် ကျနော်ပြောတဲ့ အမေရိကန် Foreign Policy သမိုင်းကို အရင်လေ့လာကြည့်ပြီးမှ ပြောကြပါလို့။

ကျနော်တို့တိုင်းပြည်ဟာ လက်မတင်လေးပါဘဲ။

အာဖဂန်၊ ဆီးရီးယား၊ ကိုရီးယား၊ ဗီယက်နမ်ဇာတ်ဖြစ်တော့မလို့ နည်းနည်းလေးဘဲလိုခဲ့တာပါ။

ယန်ကီးပြောတဲ့ ဒီမိုကရေစီလူ့အခွင့်အရေးကတော့ တကယ့်အာလောက်လောက်ပါ။

From Capt. YZ

credit...