Friday, August 20, 2021

ဂါထာ မန္တာန် မန္တရား အင်း အိုင် ခါးလှည့် လက်ဖွဲ့ ထို ၇-ပါး ရဲ့အကြောင်း


လောကီယလမ်းစဉ် လိုက်စားရင်
ကိုယ်စီးတဲ့မြင်း အထီးအမ သိအောင် လေ့လာသင့်၏

မိမိသုံးနေတဲ့ အရာဟာ
ဘာလဲဆိုတာ သေချာသိမှ အကျိုးပိုရှိပါမည်။

ဒီတော့ လောကီယ
စမအင်း ဆေး အင်း အိုင် လက်ဖွဲ့ စသည်ကို
အမျိုးအမည် သိအောင် လေ့လာထားရမယ်။

ဒါဟာ အခြေခံပါဘဲ
လောကီယလမ်းစဉ်ပညာပဲဖြစ်ပါတယ်။

လောကီပညာနဲ့ အကြောင်းအရာတချို့တဝက်ကို
ပြောင်းလဲနိုင်ပါတယ်။
ဘုရားဟောအရတော့ တနေ့နေ့ အနိစ္စ ဒုက္ခ အနတ္တ
ဟူသော တရားသဘောတွေ မဖြစ်မနေကြုံရမှာပါ။
 
&&&&&&&&&&&&&&&&&&&&&&&&&&&&&

(၁) အင်း - 
အကွက်မှန်ချ၍ ဂဏန်းရေးသွင်းသော အရာ၀တ္ထုကို
အင်း"ဟု ခေါ်ဆိုသည်။

 (၂) အိုင် - 
အကွက်မှန်ချ၍ "စ-ဓ-ဗ-၀"စသည်
အက္ခရာ ရေးသွင်းထားသည့်အရာကိုဆိုသည်။

 (၃) ခါးလှည့် - ရွှေပြား ငွေပြား ထန်းရွက် ပေရွက်
စသည်တို့၌ စာတန်းရေး၍
ခါး၌ပတ်စည်း  ရသည့်အရာကိုဆိုလိုသည်။

 (၄) လက်ဖွဲ့ - 
အင်း အိုင် အပြားအချပ်ကိုလိပ်၍ ခေါက်၍ 
ကြိုးဖြင့်ဖွဲ့ဆောင်ရသောအရာကို ဆိုသည်။

 (၅) မန်တရား - 
သြောင်း အစထား၍ ရွတ်ဆို မန်းမှုတ်ရသောအရာကို
မန္တရား"ဟု ခေါ်ပါသည်။
(ဥပမာ "သြောင်း ဒူရေ ဒူရေ သွာဟ"စသည်မျိုး)

 (၆) မန္တာန် -ဥုံ အစခံ၍ ရွတ်ဆိုမန်းမှုတ်ရသည့်အရာကို
မန္တာန်"ဟု ခေါ်ပါသည်။
( ဥပမာ- "ဥုံ စွာရတီကျ မေ မာတာ" စသည်မျိုး)

(၇) ဂါထာ - ဥုံ / သြောင်း မပါသော ရွတ်ဆိုမှုမျိုးကို
ဂါထာ"ဟု ခေါ်ပါသည်။
(ပရိတ်ကြီး-စသည်ကို ဆိုလိုပါသည်)

 ဤ ၇ မျိုးအား လောကီယ စမအင်းပညာ
လိုက်စားသူတို့ အလွတ်ကျက်မှတ်သိအပ်လှ၏

လောကီပညာ လိုက်စားသူများ
လောကီဗဟုသုတ တိုးပွားနိူင်ကြပါစေ။

#ရလောကီပညာ_ပဒေသာ

(အသေးစိတ် ဖုန်းနဲ့တိုင်ပင်ဆွေးနွေပါသည်)

https://m.facebook.com/groups/856315611552017/permalink/1244678239382417/


Related Posts:

  • ကျွန်ဖြစ်ချင်သူများ ဒေါ်စုကြည်ကို ထောက်ခံကြပါ။ Read More
  • မြန်မာကို ကမ္ဘာက တစ်ဖြည်းဖြည်း သိလာပါပြီ။ပျက်စီးဖို့လွယ်တဲ့ တိုင်းပြည်"သွေးခွဲလို့ကောင်းတဲ့ တိုင်းပြည်"စင်ခြင်တုံတရားနည်းပါးတဲ့ တိုင်းပြည်"ငွေပေးရင် အကုန်လုပ်တဲ့ တိုင်းပြည်"တစ်ယောက်ရှိရင် တစ်ယောက်မနာလိုတဲ့ တိုင်းပြည်"စည်းမဲ့ကမ်းမဲ့ နေတဲ့ တိုင်းပြည်"ပြောချင်ရာပြော ယု… Read More
  • အမှန်တရားကို ထုတ်ဖေါ်ပြောကြားခြင်းဟာ လူပီသ ပါတယ်။လူ့အသိုင်းအဝန်းကရော နိုင်ငံတကာကပါဖယ်ထုတ်သွားသင့်တယ်လို့ သတ်မှတ်ထားတဲ့လုပ်ရပ်တွေ... ။အခုလ 11ရက်နေ့ညကကျောက်ပြုတ်ကျေးရွာဖြစ်စဉ်ကို အဲ့ရွာက လူတစ်ယောက်ပြောပြလို့သိရတယ်....။ပထမက မရေးတော့ဘူးနေပေမယ့် ဒီလုပ်ရပ်ဟာ အတော်ရွံရှာစရာကောင်းလ… Read More
  • 🍉 ဒုတိယစစ်အေး စတင်ပြီပစိဖိတ်မဟာမိတ် AUKUS ကိုထပ်ဖွဲ့စည်းလိုက်တာဟာ ဒုတိယစစ်အေးကိုမွေးဖွားပေးလိုက်သလို အတော်လေးဂယက်ထသွားပြီး၊ တရုတ်ကိုလည်းအတော်စိတ်ဆိုးသွားစေတာတွေ့ရတယ်၊တရုတ်ထိတ်တန်းပုဂ္ဂိုလ်တဦးဖြစ်တဲ့Sha Zukang က ပစိဖိတ်မဟာမိတ် AUKUS ကိုကန့်ကွက်လို… Read More
  • 👉 စစ်အစိုးရခေတ်ရဲ့👈နိမ့်ကျတဲ့ပညာရေးအောက် မှာ ပညာသင္ခဲ့ ရတဲ့ငါတို့ကလမ်းမှာတွေ့ရင်လက်ပိုက်နှုတ်ဆက်တတ်ကြပြီးအခုထိဆရာကိုဆရာမှန်းသိတယ်ဒီမိုကရေစီခေတ်ရဲ့မြင့်မားလှပါတယ်ဆိုတဲ့ပညာရေးအောက် မှာပညာသင်နေရတဲ့နင်တို့ကအမြင်မတူရန်သူဆိုပြီးဆရာကိုတောင်ပုခုံးချင်း… Read More