■ ခရစ်တော်မပေါ်ခင် ၅၈၉ ခုနှစ်မှာ ဒီကမ္ဘာမြေပေါ်မှာ ဗုဒ္ဓဘုရားရှင် ပွင့်တော်မူခဲ့တယ်။ ဘုရားအဖြစ်ရောက်တော်မူပြီးနောက်ပိုင်း ၄၅ နှစ် တိုင်တိုင် လောကသတ္တဝါတို့ အကျိုး စီးပွားအတွက် တရားဒေသနာတွေဟောပြောလမ်းညွှန်ဆုံးမတော်မူခဲ့တယ်။
■ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အချိန်တုန်းက ဘုရားရှင်ဟောကြားခဲ့တဲ့ တရား ဒေသနာတွေနဲ့ပတ်သက်ပြီး ပရိတ်နိဗ္ဗာန် စံဝင်ခါနီးအချိန်မှာ “စိတ်ထဲ မရှင်းတာရှိတဲ့ အချက်တွေ၊ ဒွိဟဖြစ်နေတဲ့ အချက်တွေရှိရင် မေး”ဖို့ မိန့်တော် မူခဲ့တယ်။
■ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ အာနန္ဒာကို
“အာနန္မယာ ဝေါ ယောဓမ္မောစ ဒေသိတော ယောဝိနယောစပညတ္တော သော မမစ္စယေန ဝေါတုမှာကံ သတ္တာ” ဆိုပြီး မိန့်တော်မူခဲ့တယ်။ အဓိပ္ပာယ်ကတော့ “ ချစ်သား အာနန္ဒာ၊ ငါဘုရား ဟောကြားသော သုတ်၊ ဝိနည်း၊ အဘိ ဓမ္မာတရားတော်သည် ငါဘုရား ပရိနိဗ္ဗာန်စံတော်မူသောအခါ သင်တို့၏ ဆရာဖြစ်သည်” ဆိုပြီး မိန့်တော်မူခဲ့တယ်။
■ မြတ်စွာဘုရားဟာလည်း ခရစ်တော်မပေါ်မီ ၅၄၄ - ခုနှစ်မှာ ပရိနိဗ္ဗာန်စံတော်မူခဲ့သလို သာသာနာတော်နှစ်ကိုလည်း ထိုအချိန်ကနေစပြီးတော့ (၁)နှစ်အဖြစ် စတင်ရေတွက် ခဲ့ကြတယ်။ ဒါပေမဲ့လည်း နှစ်ကာလ ကြာမြင့်လာတဲ့အခါမှာ ဒွိဟဖြစ်စေတဲ့ ပြသနာတွေ ပေါ်ပေါက်လာတဲ့ အခါတိုင်း သာသနာ မကွယ်ပျောက်ဖို့၊ သာသနာ သန့်ရှင်းစေဖို့နဲ့ သာသနာ စည်ပင်ပြန့်ပွားစေဖို့ဆိုတဲ့ အချက်ကြီး(၃)ချက်အတွက် ဘုရားရှင် ဟောကြားခဲ့တဲ့ အတိုင်း ဖြည့်စွက်၊နှုတ်ပယ်ခြင်းမပြုဘဲ သင်္ဂါယနာတင်ခြင်းဆိုတာတွေ ကို ပြုလုပ်ခဲ့ကြရတယ်။
■ လက်ရှိအချိန်အထိ သင်္ဂါယနာတင်ခြင်း (၆)ကြိမ်အထိဆောင်ရွက်ခဲ့ပြီးဖြစ်တယ်။
#ပထမအကြိမ်သင်္ဂါယနာတင်ခြင်း
သာသနာတော်နှစ် ၁ နှစ် (ခရစ်တော်မပေါ်မီ ၅၄၄-ဘီစီ) တွင် သုဘဒ္ဒအမည်ရှိသော ရဟန်းကြီးက သာသနာတော်အား ထိပါးပုတ်ခတ် ပြောဆိုမှုကြောင့်။
#ဒုတိယအကြိမ်သင်္ဂါယနာတင်ခြင်း
သာသနာတော်နှစ် ၁၀၀ ခရစ်တော်မပေါ်မီ ၄၄၃-ဘီစီတွင် ဝေသာလီပြည် ဝဇ္ဇီတိုင်းသား ရဟန်းများက ရဟန်းတို့၏ ဝိနည်းနှင့် မညီသော အကျင့်(အဓမ္မဝတ္ထု) ဆယ်ပါးကို ဟောပြော ပြုကျင့်ကြသောကြောင့်။
#တတိယအကြိမ်သင်္ဂါနာတင်ခြင်း
သာသနာတော်နှစ် ၂၃၅ (ခရစ်တော်မပေါ်မီ ၃၅၈ ဘီစီ)တွင် ပါဋလိပုတ်ပြည် အသောကကျောင်းတိုက်၌ ရဟန်းတု၊ ရဟန်းယောင်(တိတ္ထိ) ခြောက်သောင်းတို့က ရဟန်းကောင်းအသွင်ဖြင့် သာသနာအတွင်း ဝင်ရောက်ပြီး မိစ္ဆာဝါဒများကို သွတ်သွင်း လာကြသော အန္တရာယ်ကြောင့်။
#စတုတ္ထအကြိမ်သင်္ဂါနာတင်ခြင်း
သီရိဓမ္မာသောကမင်း၏ သားတော်ရဟန္တာအရှင်မဟိန္ဒနှင့် သမီးတော်ရဟန္တာ သင်္ဃ မိတ္တာ ထေရီတို့ ပြုခဲ့သောသာသနာသည် သီဟိုဠ်တွင် ထွန်းကားခဲ့ရာမှ သာသနာတော်နှစ် ၄၅၀၊ (ခရစ်တော်မပေါ်မီ ၄၉ ဘီစီ)တွင် သီရိလင်္ကာနိုင်ငံ (သီဟိုဠ်)နိုင်ငံတွင် သူပုန်ဘေး၊ ငတ်မွတ်ခေါင်းပါးဘေးကြီးကို ၁၂ ကြာ ခံစားရသောကြောင့်။
#ပဉ္စမအကြိမ်သင်္ဂါယနာတင်ခြင်း
သာသနာတော်နှစ် ၂၄၁၅၊မြန်မာသက္ကရာဇ် ၁၂၃၃ တန်ခူးလပြည့်ကျော် ၁၁ရက် (ခရစ်နှစ် ၁၅-၄-၁၈၇၁) စနေနေ့တွင် မန္တလေးမြို့ (ရတနာပုံ နေပြည်တော်)၌ ပေရွက်ပေါ်တင် ထားသော ပိဋကတ် ၃ ပုံတို့သည် ရာသီဥတုနှင့် ပိုးမွှားအန္တရာယ်တို့ကြောင့် ပျက်စီးလာခဲ့ ခြင်းနှင့် အချို့မူကွဲများ ဖြစ်ပေါ်လာခြင်းတို့ကြောင့်။
#ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း
သာသနာတော်နှစ် ၂၄၉၈၊ (ခရစ်နှစ် ၁၉၅၄၊ မြန်မာသက္ကရာဇ် ၁၃၁၆)ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏ လိုဏ်ဂူတော်ကြီး၌ မြန်မာနိုင်ငံသည် နှစ်(၁၀၀)ခန့် သူ့ကျွန်ဘဝ၌ နေခဲ့ရ၍ သာသနာတော် သန့်ရှင်းစင်ကြယ်ရေး၊ ပိဋကတ်တော် သန့်ရှင်းစင်ကြယ်ရေးတို့အတွက်။
ပြောချင်တာက ခုမှစတာပါ
■ သာသနာတော် (၂၃၅)ခုနှစ်၊ တတိယသင်္ဂါယနာ တင်ပြီးချိန်မှာ တိုင်းပြည်အရပ်ရပ်ကို ဗုဒ္ဓဘာသာ ပြန့်ပွားစေဖို့အတွက် ရည်ညွှန်းပြီးတော့ အာသောကမင်းတရားကြီးနဲ့ အရှင် မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်တို့က ၉-တိုင်း ၉-ဌာန ပြည်နယ်တို့ကို ဥပသမ္ပဒကံ ဆောင်နိုင်စေဖို့အတွက် ခေါင်းဆောင်တစ်ပါးနဲ့ ငါးပါးစီကို စေလွှတ်ကြွချီတော် မူခဲ့ကြတယ်။ အဲ့ဒီ တိုင်း ၉ တိုင်းကတော့-
■ ကသ္မီရ- ဂန္ဓာရတိုင်း
■ မဟိံသကတိုင်း
■ နဝါဒါသီတိုင်း
■ မဟာရဋ္ဌတိုင်း
■ အပရ န္တတိုင်း
■ ယောနကတိုင်း
■ စိနရဋ္ဌ ခေါ် စိန့်တိုင်း ၅-ရပ်
■ သုဝဏ္ဏဘူမိ တိုင်း
■ တမ္ဗဒီပ ခေါ် သီဟိုဠ်ကျွန်း တို့ဖြစ်ကြတယ်။
■အဲ့ဒီတိုင်း ၉ တိုင်းထဲမှာ အရှင်မဇ္ဈန္တိကထေရ်မြတ်ခေါင်းဆောင်တဲ့ အဖွဲ့ဝင် သံဃာတော် ၄-ပါးဟာ “အာသီဝိသောပမသုတ္တန်” ဟောကြားဖို့အတွက် ကသ္မီရ- ဂန္ဓာရတိုင်း တွေကို ကြွချီတော်မူခဲ့ကြတယ်။
■ တစ်ခါ အိန္ဒိယပြည်ရဲ့ အပြင်ဘက် ပါရှား တူရကီ ဂရိတ် အီတလီတို့ တည်ရှိတဲ့ ယောနကတိုင်းကို (မိလိန္ဒမင်းနှင့် ရှင်နာဂသိန်မထေရ်မြတ်တို့ မေးဖြေရာဌာနသို့) အရှင်မဟာရက္ခိတ မထေရ်ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၄-ပါးတို့က ကြွတော်မူပြီးတော့ “ကာဠကာရာမသုတ္တန်”ကို ဟောကြားတော်မူခဲ့ကြတယ်။
ဇာတ်ပြန်ပေါင်းရရင် လူအများသိကြတဲ့ စတန် ၇ နိုင်ငံလို့ခေါ်တဲ့ ပါကစ္စတန် ၊ အာဖကန် နစ္စတန်၊ တာဂျစ်ကစ္စတန်၊ကရစ်ဂစ္စတန်၊ တာခ်မင်နစ္စတန်၊ ဥစဘက်ကစ္စတန်၊ ကာဇက် စတန်ဆိုတဲ့ နိုင်ငံတွေဟာ မြတ်စွာဘုရားရှင်လက်ထက်တော်က ယောနက တိုင်းနဲ့ကန္တာရ တိုင်းလို့ခေါ်တဲ့ တိုင်း ကြီး နှစ်တိုင်းထဲကဗုဒ္ဓဘာသာဝင် နိုင်ငံတွေပေါ့။ ခုတော့ အေဒီ (၁၁)ရာစုမှာကတည်းက ကွယ်ပျောက်သွားခဲ့ကြပါပြီလေ။ ဘာသာတစ်ခု ပျက်သုန်း ကွယ်ပျောက်ရခြင်းဆိုတဲ့နေရာမှာ ဘာသာဝင်တွေ အချင်းချင်း မညီညွှတ် ခြင်း၊ မိမိ ဘာသာ အပေါ် အယုံအကြည်ကင်းမဲ့လာခြင်း၊ သင်္ကန်းဝတ်ထားတိုင်းလေးစားဖို့ လို သလားဆိုတဲ့ လစ်ဘရယ်ဆန်တဲ့ အတွေးအခေါ် တွေ စိမ့်ဝင်လာခြင်း၊ ဘာသာအားလုံး အပေါ်မှာ တန်းတူညီမျှ ဆိုတဲ့ အခြေခံစိတ်တွေ ထားရှိလာခြင်းတို့ကသာ အဓိကကျခဲ့တာမဟုတ်လား။
#ဖိုးစီ