၁၃.၈.၂၀၂၁ ရက်နေ့မှာ
kia + အမာခံ + pdf တွေ
ခလရ ( ၅၈) ကိုတိုက်ဖို့
လက်နက်ကြီးတွေ ချိန်နေတယ်ဆိုတာ
( ၁၆း၃၀) ချိန်လောက်မှာ သတင်းရတယ်...
မိမိဘက်ကလည်း တပ်ပါတ်လည်
ကင်းအားလုံးကို အသင့်ရှိ့နေဖို့
ရန်သူ့လက်နက်ကြီးပစ်ခတ်မှု့လမ်းကြောင်းကို
နားထောင်ဖို့
လက်နက်ငယ်တွေကို ထိန်းချုပ်ပစ်ခတ်ဖို့
ရင်းမှူးက ညွှန်ကြားခဲ့တယ်...
အားလုံးအသင့်ဖြစ်ပြီးချိန်
( ၁၇း၁၅) လောက်မှာဘဲ
တပ်ရင်းရဲ့အရှေ့ဘက်ခြမ်း
ပေါင်းလောင်းဆီဆိုင်ဘက်
ကားလမ်းမကြီးပေါ်မှာ လက်နက်ကြီး
၆ လုံးစတင်ကျခဲ့ပါတယ်....
၄င်း ၆ လုံးကျပြီး မရှေ့မနှောင်းမှာဘဲ
တပ်ရင်းရဲ့အရှေ့မြောက်ဘက်
လဘန်ရွာစပ်မှာ လက်နက်ကြီး
၄ လုံးကျပြန်ပါတယ်....
တစ်ပြိုင်ထဲလိုအချိန်မှာဘဲ
တပ်ရင်းအနောက်ဘက်ခြမ်း
မဒိန်သဂျိုင်္င်းကုန်ဘက်ကလည်း
၄၀ မမနဲ့ ၆ လုံးခန့်ပစ်ပြီး
လက်နက်ငယ်ပါ ပစ်ခတ်လာခဲ့ပါတယ်....
မိမိတပ်ရင်းက မဒိန်ဘက်အခြမ်း
ကင်းအဖွဲ့တွေကို မဒိန်သဂျိုင်္င်းဘက်ကို
လက်နက်ငယ် / အီနာကာနဲ့
ပြန်ပစ်ဖို့သာ အမိန့်ပေးခဲ့ပါတယ်....
တပ်ရင်းအရှေ့ဘက်ခြမ်းကပစ်တဲ့
လက်နက်ကြီးတွေဟာ အဝေးက
ပစ်ခတ်တာဖြစ်ပြီး တပ်ရင်းဧရိယာအစပ်
လမ်းမကြီးပေါ်မှာကျရောက်ပေါက်ကွဲနေတာမို့
ပြန်လည်မပစ်ခတ်ဖို့ အမိန့်ပေးထားပြီးဖြစ်ပါတယ်....
( ၁၈း၁၅)ချိန်လောက်မှာ
ရန်သူ့ပစ်ခတ်မှု့တွေရပ်သွားခဲ့ပါတယ်...
အဲဒီအချိန်မှာဘဲ တပ်ရင်းအရှေ့ဘက်ခြမ်း
ပေါင်းလောင်းဆီဆိုင်ရှေ့မှာ
ဆိုင်ကယ်တစ်စီးနဲ့ အမျိုးသမီးတစ်ယောက်
မှောက်လျှက်လမ်းဘေးမှာ
တွေ့ရကြောင်း ရွာသားတွေက
ဖုန်းဆက်အကြောင်းကြားလာခဲ့ပါတယ်....
၄င်းအမျိုးသမီးဟာ ရန်သူ့လက်နက်ကြီးပစ်နေချိန်
တပ်ရင်းဂိတ်ရှေမှဆိုင်ကယ်စီးသွားတာကိုလည်း
တပ်ရင်းဂိတ်က ကင်းကျစစ်သည်တွေက မြင်လိုက်ပါတယ်.....
၄င်းအမျိုးသမီးလဲကျရာနေရာ
ပေါင်းလောင်းဆီဆိုင်မှာ တပ်ရင်းဂိတ်နဲ့
ကိုက် ၅၀၀ လောက်အကွာအဝေးရှိ့ပါတယ်....
နောက်ဆုံးဆေးရုံက ခွဲစိတ်ကုသမှု့့အရ
၄င်းအမျိုးသမီးဟာ လက်နက်ကြီးအဆ
ထိမှန်ထားတယ်လို့ သိရပါတယ်....
kia + အမာခံ + pdf တွေရဲ့
လက်နက်ကြီးပစ်ခတ်ရာနေရာတွေကတော့
တပ်ရင်းရဲ့အရှေ့ဘက်ခြမ်း ၁မိုင်ခွဲခန့် ဆယ်မြောင်း
မယ်ဇလီတောနဲ့
တပ်ရင်းရဲ့အရှေ့မြောက်ဘက်
၁မိုင်၆ဖာလုံခန့် လဘန်ရွာဘုရားကျောင်း
နောက်ဘက်ဝါးရုံတောမှဖြစ်ကြောင်း
မြေပြင်သတင်းအရ သိရှိရပါ
ကြောင်းရေးသားတင်ပြ အပ်ပါသည်....
အောင်အောင် မြန်မာ