Monday, August 16, 2021

အာဏာကသိမ်းလို့မရဘူး ။တစ်ကယ်သိမ်းတာ မဟုတ်ဘူး။ (ယုံလိုက်ကြတာပဲ)


 ( ၇၂ ) နာရီပဲ ထိန်းလို့ရမှာ ( ၇၂ ) နာရီကျော်ရင် မရဘူး ။(ယုံလိုက်ကြတာပဲ)

သံပုံးတွေတီးကြ..မကောင်းဆိုးဝါးတွေ နှင်ထုတ်ကြ။
(ယုံပြီး လိုက်လုပ်ကြတာပဲ)

မြန်မာမှာ အာဏာသိမ်းလို့ အမေရိကန်က စစ်တပ်တွေ ချက်ချင်းလွှတ်ဖို့ ပြင်နေပြီ။
(ယုံလိုက်ကြတာပဲ)  

( ၅၈ ) နိုင်ငံက လက်မှတ်ထိုးပြီးပြီ။ဒေါ်စုကို ပြန်ပေးရမှာ (ယုံလိုက်ကြတာပဲ)

( ၄၈ ) နာရီအတွင်း UN တပ်တွေ ရောက်မယ်ပြောတယ်။အသင့်လုပ်ထားပြီးပြီ။ 
(ယုံလိုက်ကြတာပဲ)

ဒေါ်စု လွတ်လာပြီ။ဒေါ်စုကို လွှတ်ပေးလိုက်ပြီ ။
 (ယုံလိုက်ကြတာပဲ)

CDM လုပ်ကြ လုပ်ကြ။ဝန်ထမ်းတွေ အလုပ်မလုပ်ရင် အစိုးရ မလည်ပတ်နိုင်တော့ဘူး ။ဒေါ်စုကို အာဏာပြန်ပေးရမှာ
(ယုံလိုက်ကြတာပဲ)

 CDM ထဲ ရဲတွေ ပါလာပြီ။CDM လုပ်တာ ထိရောက်တယ် ဆက်လုပ်ကြ
(ယုံလိုက်ကြတာပဲ)

CDM ထဲ စစ်သားတွေပါ ပါလာပြီ။ဒေါ်စုကို ချစ်တဲ့စစ်သားတွေက ပြန်ပုန်ကန်တာ။စစ်တပ် နှစ်ဖွဲ့ကွဲသွားပြီ။(ယုံလိုက်ကြတာပဲ)

CDM က ဟိုဌာနကလုပ်ရင် ပိုထိရောက်မယ်။ဒီဌာနကလုပ်ရင် ပိုပြီး ထိရောက်တယ်။ 
(ယုံလိုက်ကြတာပါပဲ)

စစ်အာဏာရှင်က ယုတ်မာပြီ။ထောင်သားတွေကိုလွှတ်လိုက်တယ်။ ဆန္ဒပြသူတွေကို အဆိပ်ခပ်မလို့တဲ့
 (ယုံလိုက်ကြတာပါပဲ)

ရပ်ကွက်ထဲမှာ လူရိပ်တွေ့တယ်။ထောင်သားတွေလား မသိဘူး။
(ယုံလိုက်ကြတာပဲ)

ဟိုရပ်ကွက်မှာ မီးကွင်းတွေ ပစ်တယ်။ဒီရပ်ကွက်မှာ မီးကွင်းတွေ ပစ်တယ်။
(ယုံလိုက်ကြတာပဲ)

ဘဏ်တွေပိတ်ထားပြီ။CDM လုပ်တာထိရောက်တယ်။(ယုံလိုက်ကြတာပါပဲ)

ဝန်ထမ်းတွေကို လစာပေးစရာမရှိတော့ဘူး။ဘုရားငွေတွေကို ယူပြီး လစာပေးမလို့တဲ့။
(ယုံလိုက်ကြတာပဲ)

၂၂၂၂၂ အရေးတော်ပုံ အောင်ရမည်။အားလုံးချီတက်ကြ။
(ယုံလိုက်ကြတာပဲ)

ကျိန်စာတိုက်ကြ၊မဖဲဝါသဂြိုလ်သချိုင်္င်းချကြ။
(လုပ်လိုက်ကြတာပဲ)

ပရိတ်တွေရွတ်ဆိုတော့လည်း 
(ရွတ်လိုက်ကြတာပဲ)

လက်သုံးချောင်းထောင်ဆိုတော့လည်း 
(ထောင်လိုက်ကြတာပဲ)

အချင်းချင်းရိုက်ကြ၊နှက်ကြ၊သတ်ဖြတ်ကြဆိုတော့လည်း
(လုပ်လိုက်ကြတာပဲ)

ကားတွေပျက်အောင်လုပ်ကြ၊ရထားလမ်းတွေပိတ်ကြ၊ကားလမ်းတွေပိတ်ကြ(လုပ်လိုက်ကြတာပဲ)

သနပ်ခါးကမ်ပိန်းတွေလုပ်ကြဆိုတော့လဲ။
(ယုံပြီးလိုက်လုပ်ကြတာပဲ)

ဟော...လူစုံချီတက် ၂၈ ရက်ဆိုတော့လဲ 
(လုပ်လိုက်ကြတာပဲ)

နွေဦး တော်လှန်ရေးတဲ့.ထမိန်သပိတ်တဲ့..စုံလို့
(လိုက်လုပ်ကြတာပဲ)

တာဝန်ရှိသူတွေ၊ထိန်းသိမ်းသူတွေ၊CDM မလုပ်သူရဲ့ HD တွေဆိုလည်း 
(ယုံလိုက်ကြတာပဲ)

ယုံကြတာမှ ပညာတက်လှချည်ရဲ့ဆိုသူတွေကပါ ယုံကြတာ။ကိုယ်ယုံတာတင်မကဘူး Fb ပေါ်မှာပါ မရှယ်ပါနဲ့။ ကော်ပီယူပြီး တင်ကြပါတဲ့ လုပ်လိုက်သေးတယ် ။ 

 လူဆိုတာ ... မျှော်လင့်ချက်နဲ့ အသက်ရှင်နေတာထက် အကြောက်တရားနဲ့ အတူ ရှင်သန်နေကြတယ်ဆိုတာ လက်တွေ့ မြင်လိုက်ရတာပါ။

ခင်ဗျားတို့ အာဏာရှင် မုန်းတာ မမုန်းတာ ခဏထား။ကိုယ်ကြိုက်တဲ့ပါတီကို အားပေးတာ မပေးတာ ခဏထား။ ကိုယ်သင်ခဲ့တဲ့ပညာတွေကို ဘယ်နားသွားထားကြသလဲ။ပညာတွေသင်ထားတာ စဉ်းစားတွေးခေါ်နိုင်ဖို့ မဟုတ်ဘူးလား????

လူတိုင်းမှာ ဦးနှောက်တစ်ခု၊ခေါင်းတစ်လုံးစီပါတယ်။
မိမိကိုယ်ပိုင်ဥာဏ်နဲ့ ဘာကလုပ်သင့်တယ်၊ဘာကမလုပ်သင့်ဘူး။အကြောင်းနဲ့အကျိုး၊အကောင်းနဲ့အဆိုး၊အမှားနဲ့အမှန်၊ဓမ္မနဲ့အဓမ္မမခွဲခြားနိုင်ကြတော့ဘူးလား?

တစ်ကယ်တမ်းပြောသင့် လုပ်သင့်တာက ဥပဒေနဲ့အညီအမြန်ဆုံးစုံစမ်းဖော်ထုတ်ပြီး ပြည်သူကိုချပြပါ။
ကုန်စျေးနှုန်းတွေတည်ငြိမ်အောင်လုပ်ပေးပါ။
အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးပါ။
တရားဥပဒေစိုးမိုးမှု့ရှိအောင်ဆောင်ရွက်ပေးပါ။
စနစ်ကောင်းတစ်ခုကိုဖော်ဆောင်ပြီး ရွေးကောက်ပွဲအမြန်ကျင်းပပေးပါ။
နိုင်ငံရေးမှာ မျှတတဲ့စနစ်ကိုရေးဆွဲပြီး ဥပဒေကိုအသက်သွင်းပေးပါ။
စသည်ဖြင့်ပေါ့။

ဘယ်ဂျောင်က အပေအတေ တွေ က ဖွမှန်းမသိ။ 
ပညာတတ်တွေက လိုက်လုပ်နေကြတယ်။
၁၀ တန်းတောင်မအောင်တဲ့သူက ခေါင်းဆောင်လုပ်
ဘွဲ့ရပညာတတ်ဆရာဝန်ဆိုသူတွေက နောက်လိုက်ဖြစ်ခြင်းတိုင်းကိုဖြစ်နေကြတာ။
ဘွဲ့မျိုးစုံရ နိုင်ငံအများကြီးမှာနေတဲ့ ပညာတတ်တွေ ရှယ်ကြ တင်ကြတာ တွေးကြည့်လေ ရှက်စရာ ကောင်းလေပါပဲ ။  

ခင်ဗျားတို့မှာ အဲ့လောက်တောင် ဆင်ခြင်တုံတရားမဲ့ကုန်ကြပြီလား။

Crd#