Tuesday, September 7, 2021

ဦးသိန်းစိန်ဟုခေါ်သည်


အမျိုးဘာသာ သာသနာအတွက် ဒဂုံမြို့တော်
စီမံကိန်းကိုဖျက် ရွှေတိဂုံဘုရားအတွက် ကာကွ
ယ်ခဲ့သူ။
တီဗွီဖန်သားပြင်က လာတဲ့ မြန်မာဘောလုံးပွဲကို ပြည်သူနဲ့ တန်းတူ
ရိုးရှင်းစွာကြည့်ရင်း မြန်မာ
ဂိုးသွင်းတိုင်း ထအော်ပြီးအားပေးခဲ့တဲ့သူ။
ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီကို ကမ္ဘာက တိုင်းရင်း
သားအဖြစ် အသိအမှတ်ပြုဖို့ ဖိအားတွေပေး အာဆီယံက
ထုတ်ပစ်မယ်ဆိုတာတောင် ဂရုမ
စိုက် ခပ်မိုက်မိုက်ပြောခဲ့တယ် ငါတို့နိုင်ငံမှာ
ရိုဟင်ဂျာမရှိဘူးလို့ပြောရဲတဲ့သူ။
နိုင်ငံခြားကိုသွား သမ္မတတစ်ယောက်ဆိုတဲ့
ဂုဏ်ပုဒ်ကိုဖယ် အရင်အစိုးရလက်ထက်ကတည်းကတင် ခဲ့တဲ့
အကြွးတွေကြေဖို့ မျက်နာငယ်နဲ့တောင်းပန်ပြောဆိုခဲ့သူ .. (me.
Edited )
လမ်ခရီးတစ်ခုကို အသွား အိပ်ပျော်နေတဲ့
ဂိတ်စောင့်ကို မနှိုးရက်လို့ ကိုယ်တိုင်တံခါးဖွင့် ပင်ပန်းနေမှာပဲဆိုပြီး
ဂရုဏာသက်စွာ
ရပ်ကြည့်ခဲ့သူ။
ပြည်သူ့ဆန္ဒကို ငဲ့ကွက် ဧရာဝတီကို အသက်
ဆက် လွတ်လပ်စွာစီးဆင်းစေခဲ့သူ။
မကြည်ဖြူသူတစ်ချို့က ငြူ စူစွာဆန္ဒပြ ငါသမ္မတ
လို့မာန်မမောက် ခွင့်လွတ်ခြင်းကိုခြေချ သည်းခံခြင်းကို လမ်းလုပ်
နှုတ်ဆက်လို့ထွက်ခွာ အပြုံးနဲ့ လက်ပြခဲ့သူ။
ညဉ့်ကာလအခါ ပကာသန မပါ ဂုဏ်ဓနကို
ဘေးဖယ် ဆိတ်ငြိမ်စွာဝင်ခ ရွှေတိဂုံဘုရား
ကိုဦးချခဲ့သူ။
မြန်မာပြည်အတွက် စီးပွားရေးတွေတိုးတက်ဖို့ အကြံကောင်းတွေရရှိဖို့
စကာင်္ပူဝန်ကြီးချုပ်ကို သမ္မတကြီး တစ်ယောက်တန်မဲ့ (1)နာရီကျော်
ကြာ ထိုင်စောင့်ခဲ့သူ။
နိုင်ငံခြားကမပြန်ပါနဲ့ဦး ထမင်းစားချိန်ဧည့်ခံပါ
ရစေဆိုတာကို ငြင်းပါယ်ပြီး နိုင်ငံကိုစိတ်မချလို့ လေယာဉ်ပေါ်မှာ
ရိုးရှင်းစွာသုံးဆောင် နိုင်ငံခြားဧည့်သည်တွေ့ဖို့
စိတ်စောစွာ ပြန်ခဲ့တဲ့သူ။
အငြိမ်းစားယူရင်ခြံစိုက်ပြီး ဘဝကိုအေး
ချမ်းစွာဖြတ်သန်းမယ် နိုင်ငံကဆင်းရဲတော့ လစာကိုအပြည့်
မယူရက်ပါဘူးလို့ပြောတဲ့သူ။
ဗိုလ်ရှုခံအခန်းအနားအတွက် စစ်ကြောင်းလေ့
ကျင့်နေတာ သမ္မတကိုမြင်ရင် အနေခက်မှာစိုးလို့ လမ်းထောင့်တစ်နေ
ရာကချောင်းကြည့်ခဲ့သူ။
ရတနာစိန်ကျောက်တစ်ပြည်မောက်အောင် ချစ်လို့လက်ဆောင်ပေးတာကို
ဒါဟာလည်း
လာဘ်ထိုးမှုတစ်ခုပါပဲ နောက်အဲ့လို မလုပ်ပါနဲ့
တကယ့်လှူချင်သပဆို အစိုးရကိုလှူ ဘုရားကျောင်းကန်
တွေလှူပါလို့ ပြောခဲ့တဲ့သူ။
အစ်ကိုအရင်းဖြစ်သူကို အစ်ကိုရေ ညီသမ္မတ
ဖြစ်လို့တော့ ချမ်းသာမယ်မတွက်နဲ့ဗျာ....
ကိုယ်လုပ်မှကိုယ်စား ကိုယ့်အားကိုယ်ကိုး ကျွန်တော့်ကို သတိရရင်
စကားပြောလို့ရအောင် ဖုန်းတစ်လုံးကန်တော့လိုက်တယ်လို့ ပေးခဲ့တဲ့သူ။
မီဒီယာသတင်းထောက် အမြောက်အများနဲ့
ကတောက်ကဆ ဖြစ်မှာစိုးလို့ရှေ့ပေါက်က
မထွက် မလွယ်ပေါက်ကထွက်ပြီး တိတ်ဆိတ်စွာ အိမ်ပြန်ခဲ့သူ။
အမျိုးကိုချစ် ဘာသာကိုမြတ်နိုးတန်ဖိုးထားလို့ မျိုးစောင့်ဥပဒေကို ကမ္ဘာက
ကန့်ကွက်နေတဲ
့ကြားက လက်မှတ်တွေ ထိုးခဲ့တဲ့သူ။
မူစလင်က ဒေါ်လာသိန်းထောင်ပေါင်းများစွာ
လာဘ်ထိုး OIC ရုံးဆောက်ခွင့်ပေးဖို့တောင်းဆို
တာကို...ပြည်သူကိုလေးစား ရခိုင်တိုင်းရင်းသား
ကို သနား သာသနာထွန်းကားဖို့ ခေါင်းခါ
လို့ငြင်းခဲ့တဲ့သူ။
သီလကို မြတ်နိုးလို့့မြန်မာပြည်သားတွေခွန်အား
လည်းရှိ ကျန်းမာရေးနဲ့လည်း ညီညွှတ်ကုသိုလ်
လည်းရလို့ မိသားစု စီးပွားရေးအတွက်
အရက်အစား နွားနို့ပြောင်းသောက်ကြပါ
လို့မေတ္တာရပ်ခံ တောင်းပန်ခဲ့တဲ့သူ။
ဘယ်တပ်မတော်သား ကပဲ ဖြစ်ဖြစ် သမ္မတကြီးက တပ်ထဲမှာ
လာဘ်စားတာလည်း မရှိ ရိုးသားတယ်.. အေးချမ်းတယ် ....
ငယ်သားတွေအပေါ်ငဲ့ညှာတယ် .... လက်ရှိ ဗိုလ်ချုပ်တွေ
ထဲမှာအဆင်းရဲဆုံးပဲလို့ အသိအမှတ်ပြု ခံရတဲ့သူ။
အဲ့သလို သမ္မတကို မြန်မာပြည်သား တစ်ယောက်အနေနဲ့ ကျွန်တော်
မှာ လွတ်လပ်စွာချစ်ခွင့် ရှိတယ်။ ဒါကြောင့် သူ့ကို ကျွန်တော်ချစ်တယ်။
သူကို ချစ်သူတိုင်းရှယ်ပေးပါလို့ ...စာဖတ်သူ အားလုံးကျန်းမာပါစေ' ..

#De De
#Credit