Tuesday, August 10, 2021

အစိုးရဆိုတာ... အစိုးရပဲ Government is government.



ဘာသာကွယ်ပျောက်ပြီး
တိုင်းပြည်နွံနစ်မဲ့အရေးက
စိတ်ချရပြီလို့ခံယူပြီး အတော်လေး
စိတ်သက်သာရခဲ့တယ်၊

ဒါပေမဲ့
ရေးစရာတွေကတွေ့လာရတယ်
အတော်များများကိုတော့မရေးခဲ့ပါဘူး
ဒီလိုကိစ္စမျိုးကတော့ရေးမှသင့်မယ်လို့ယူဆပါတယ်၊

.................

UK သံအမတ်ကိစ္စ
မြန်မာနိုင်ငံဆိုင်ရာ ယူကေသံအမတ်ကို
ယူကေအစိုးရကသဘောတူပြီး
ဗီဇာထုတ်မပေးသေးတာရယ်...
ယူကေဆိုင်ရာ မြန်မာသံအမတ်အဖြစ်
23.7.21 ထဲက Press conference ထုတ်ပြီး
သံအမတ်ခန့်အပ်လွှာ လာမပေးအပ်သေးတာရယ်။

.................

အစိုးရဆိုတာ အစိုးရပဲ
အာဏာထိမ်းပဲဖြစ်ဖြစ်
အာဏာသိမ်းပဲဖြစ်ဖြစ်
အိမ်ပဲစောင့်စောင့်
ရာယီလပိုင်းပဲလုပ်လုပ်
အစိုးရတာဝန်ထမ်းဆောင်ဆဲကာလမှာ

အစိုးရဆိုတာ အစိုးရပဲ

..................

သံအမတ်တွေအပါအဝင်နိုင်ငံတွေအားလုံး
အစိုးရတရပ်ကို အစိုးရလိုပဲဆက်ဆံရတယ်
လေးစားရတယ်
ကျင့်ဝတ်နဲ့လုပ်ထုံးလုပ်နည်းတွေကိုလိုက်နာ
ပေးရတယ်၊

အစိုးရဟာ အစိုးရပဲ
နိုင်ငံကြီးတာသေးတာမရှိရဘူး
ဆင်းရဲတာချမ်းသာတာလဲမရှိရဘူး
ဖြူတာ မဲတာလဲမရှိရဘူး
အစိုးရကို အစိုးရလိုပဲဆက်ဆံရတယ်။

................

အစိုးရကို အစိုးရလို
တဖက်က မဆက်ဆံရင်
အစိုးရလိုပဲ ပြန်တုန့်ပြန်နိုင်တယ်
ပြန်တုန့်ပြန်ခွင့်လဲရှိတယ်

( UN မှာ မြန်မာအစိုးရလက်မခံတဲ့ အသုံးအနှုံးကို
   ဆက်သုံးမယ်ဆိုရင်၊ အစည်း​ဝေးခန်းက
   ထွက်သွားရပါလိမ့်မယ်လို့ ပြောခဲ့တာဟာ
   အစိုးရကိုယ်စားပြုစကားပါ )

..................

အစိုးရဆိုတာ အစိုးရပဲ
ဘယ်လိုပုံစံမျိုးနဲ့အစိုးရဖြစ်ပလေ့စေ
အစိုးရဆိုတာ အစိုးရပဲဆိုတာ သိထားကြရပါ့မယ်
ကိုယ်ကိုယ်တိုင်လဲ သိထားရမှာဖြစ်သလို
အခြားသူတွေကလဲသိထားရမှာဖြစ်တယ်
အခြားသူတွေ မသိထားရင်လဲ
အစိုးရဆိုတာ အစိုးရဖြစ်ကြောင်း
သိထားအောင်လုပ်ပေးရမှာလည်းဖြစ်တယ်။

#BaMaung  (10.8.21)


Related Posts:

  • ဘယ်လိုယုံရမလဲ ဒီမိုကရေစီ     ခေါင်းစဥ်ကြည့်ပြီး ဘာလိုလိုတော့မထင်စေလိုပါ   ရုရှားကစစ်သက်ရှည်လာတော့ စစ်လက်နက်များလိုအပ်ချက်အရ တရုတ်ကို အကူအညီတောင်းပါတယ် တရုတ်ကလဲ ကူညီမယ်ပေါ့ ရိုင်းပင်းတာပေါ့လေ    အဲဒီမှာပြဿနာက အမေရိကန်&nbs… Read More
  • #မုတ်ဆိုးမနောက်လိုက်ထမိန်ခြုံတွေဖတ်ဖို့မေမေလာမှဆေးထိုးမယ် ဆေးထိုးမယ်ဆိုတဲ့လူတွေလည်းမရှိတော့ဘူး ထိုးပလိုက်ကြပြီ မေမေကိုချစ်လှပါရဲ့ဆိုပြီး အာဏာရတုန်းက ဘေးကမခွာငဖားဖက်ခွက်စားအနူပညာရှင်တစ်သိုက်လည်းမရှိတော့ဘူး ယုံကြည်ချက်ကို ၅၀၅နဲ့လဲပြီးအိမ်ပြန်နပ်နေကြပြီး C… Read More
  • စစ်သတင်းအမှန်နဲ့ စစ်ရေး သုံးသပ်ချက်လေးတွေနဲ့ စလိုက်ကြရအောင်လား ခင်ဗျာ             ခုတစ်လော သိပ် HOT ဖြစ်နေတဲ့ ကော့ကရိတ်က တိုက်ပွဲသတင်းနဲ့ စလိုက်ကြရအောင်ပါကော့ကရိတ်နဲ့ ဘီးလင်းကို KNLA နဲ့ KKO ခွဲထွက်ကျော်သက် တို့ပူးပေါင်းပြီး KNLA 1/5 ပူးပေါင်းပြီး… Read More
  • မန္တလေး နန်းတွင်းတိုင်းမှူးကတော့ကြမ်းပြီမန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးလိုသောသဘောဖြင့် စာသင်ကျောင်းများ၊ဆေးရုံဆေးခန်းများနှင့်အများပြည်သူ သွားလာလှုပ်ရှားနေကြသည့် နေရာများတွင် မိုင်းထောင်ဖောက်ခွဲခြင်း၊ အပြစ်မဲ့ပြည်သူမျ… Read More
  • #ပအိုဝ်းသူ* ၁၃၈၃-ခုနှစ်၊(16-3-2022)    တပေါင်းလပြည့်နေတွင်    ကျရောက်သော    (၇၃)နှစ်မြောက်    ပအိုဝ်းအမျိုးသားနေ့ကို    ကြိုဆိုဂုဏ်ပြုသောအားဖြင့်    ဤဝတ္ထုဇာတ်လမ်းကို  &… Read More