Inflation ဆိုတဲ့ ငွေကြေးဖေါင်းပွမှုဟာ
မရှိမကောင်း-ရှိမကောင်းအရာ၊
နိုင်ငံအတော်များများက ( 0.5- 1.5)%
လောက်ကို အတော်ပဲလို့လက္ခံထားကြတယ်
တချို့လဲ (1.5-2)% လောက်အထိလက်ခံကြပါတယ်၊
ရုတ်တရက် ငွေတန်ဘိုးကျတာ
ရုတ်တရက်ငွေကြေးအလွန်မာတာမျိုးက
စီးပွားရေးမှာ မကောင်းလှဘူး၊
ငွေကြေးတည်ငြိမ်မှုအပေါ် တွက်ချက်ပြီး
လုပ်ကြရတဲ့သဘောရှိလို့ပါ။
...............
လက်တွေ့စီးပွားရေးလုပ်ရင်
(နယ်ပယ်အစုံအတွေ့အကြုံမျိုး ) စဉ်းစားပုံတွေ
အတော်ပြောင်းလာတယ်၊
ဘမောင်ဆရာ ဂျာမာန်ကြီးဆိုရင်
နိုင်ငံတွေမှာ ပရောဂျက်ကြီးကြီးတွေသာ
လုပ်နေတာ... သူအကုန်နီးပါးလုပ်ဖူးတယ်၊
ဘမောင်လဲ စီးပွားရေးနယ်ထဲစဝင်တော့
Import နဲ့စတယ်၊ ပြီးတော့ Export လုပ်တယ်
နောက် Manufacturing လုပ်ရတာပဲ၊
Rep... ( Representation ) လုပ်သလို
မီးစက်၊ ရေစုပ်စပ်ကနေ... မော်တော်ကားတွေ
Heavy machineries တွေ၊ အခြားအရေးကြီး
ပစ္စည်းတွေ ပေးသွင်းတဲ့လုပ်ငန်းလဲလုပ်ရတယ်၊
နိုင်ငံ (၃-၄) ခုလောက်ကို ရေနံရောင်းတယ်
မြန်မာမှာဆိုရင် ဘိုးအေအုပ်စုထဲမှာပါလိမ့်မယ်။
ဒိထက် ပိုတဲ့လုပ်ငန်းတွေအများကြီးပါ၊
ပြောချင်တာက
မတူတဲ့ လုပ်ငန်းတွေမှာ သဘာဝမတူတဲ့
လူ့စရိုက်၊ လူ့လက္ခဏာ တွေကွဲပြားခြားနားတာကို
သတိပြုမိတာ၊ တော်တော်များများ
အမျိုးအစားမတူတဲ့ လုပ်ငန်းတွေကိုလုပ်ဘူးမှ
စီးပွားရေးသဘောသဘာဝကို ပိုပြီးစေ့ငုမိလာတာ၊
စီးပွားရေးဆိုဟာ ဘာလဲလို့ပိုသိလာတာ။
တနိုင်ငံနဲ့တနိုင်ငံမှာ စီးပွားရေးအပေါ်
တွက်ချက် ရှုမြင်ပုံတွေမတူကြဘူး၊
ဒီအတိုင်းပဲ... Inflation အခံထားပုံလဲမတူကြဘူး
Long term ဆို သိပ်သိသာတယ်၊
အတွက်မှန်ရင် ပို Gain သလို၊ အတွက်မှားရင်
တော်တော်ကွဲတယ်၊
...............
ဘမောင်တို့ခေတ် St.John မှာ
ဘော်ဒါနေတော့.... မိဘတွေတတ်နိုင်တာ
လာမပြောနဲ့၊ တနေ့ မုန့်ဘိုး ၁၀ ပြားပဲ
အလယ်တန်းမှ တမတ် (၂၅ ပြားရတာ )
ဒါကကျောင်းသည်းကမ်း၊
မိဘက နည်းနည်းပိုပေးဖို့ အဓွန့်တက်ရင်
အဆောင်မှုး Mrs. Mary ရဲ့ မျက်လုံးလှန်ကြည့်တာ
ခံရလိမ့်မယ်၊
လက်တဝါးစာ ကာတွန်းတအုပ် ကို ၁၀ ပြား
စာဖတ်ဝါသနာပါတော့ တနေ့ ၅ ပြားသုံးတယ်
(၂) ရက်ဆိုရင် လက်တဝါးဆိုက် ကာတွန်းတအုပ်ရပြီ။
ဘမောင် (၄) တန်းကျောင်းသားဘဝ
လဘက်ရည်တခွက် ပြား ၂၀ ဖြစ်ပြီ
၂၅ ပြားကိုတိုးတော့.. လူထုအသံနည်းနည်း
ထွက်လာတယ်၊ သတင်းစာထဲကနာမည်ကြီးဆရာ
တယောက်က ဆောင်းပါးရေးယူရတဲ့အဆင့်၊
ကမ္ဘာမှာလဲ အင်ဖလေးရှင်းရှိနေပါတယ်၊ ဒါကြောင့်
လဘက်ရည်တခွက် ၅ ပြားတက်တာဟာ
မထူးဆန်းတဲ့အကြောင်း၊ တချိန်ကျရင်
လဘက်ရည်တခွက် တစ်ကျပ်လောက်တောင်
ဖြစ်နိုင်တဲ့အကြောင်း၊
အဲ့ဒီတုန်းက ဘမောင်ကချာတိတ်လေ
လဘက်ရည်တခွက် တကျပ်သာဖြစ်ရင်
လုံးဝမသောက်တော့ဘူးလို့တောင် ပြောခဲ့ဘူးသေးတယ်
( ဒီနေ့ စီလုံတီး ၁၅၀၀-၂၀၀၀)
လွန်ခဲ့တဲ့ နှစ် (၃၀) ဘမောင်အငြိမ်းစားယူတော့
လစာက (၁၄၅၀) 😂
...................
RIT ကို ၁၉၇၃ မှာရောက်တယ်
"နွေးအေး" မှာ လဘက်ရည်တခွက် တစ်ကျပ်
ကြက်ဥကျော်၊ ပေါင်မုန့်ထောပါတ်သုတ် တပွဲတစ်ကျပ်
ထမင်းတပွဲ ၃ ကျပ်၊ လိုက်ပွဲ ၅၀ ပြား၊
လပေးစားရင် အဝစား ၉၀ ကျပ်၊ အနပ် (၃၀) ကို
လက်မှတ်ထိုးစား။
အလံပြဘုရားလမ်းက စစ်ရုံးကို 1984 မှာရောက်တယ်
ထမင်းတပွဲ ၄ ကျပ်၊ ဆင်းဒဝစ္စလမ်းဂိတ်က
ဝက်သားထမင်းပေါင်းက ၂ -ကျပ် ၅၀ပြား
လိုက်ပွဲက ၅၀ ပြား၊
..................
1991 မှာ အငြိမ်းစားယူတယ်
နိုင်ငံခြားသားဧည့်သည်တွေ (၈-၁၀) ယောက်လောက်နဲ့
ညစာ စားရင် (၁၄၀၀၀-၁၆၀၀၀) ပဲကုန်တယ်
Red label 250, Black က ၄၀၀
ဒီနေ့ 200,000 ကျော်တန်တဲ့ Parker pen တွေက
အဲ့ဒီတုန်းက 600၊ ကုပ္ပဏီက လက်ဆောင်ပေးဖို့
ဘမောင်ဆီပေးထားတာ ဒါဇင်ပေါင်းများစွာ
ပဲလှော်ပေးသလိုပေးပစ်တာ။
ဒီနေ့မိသားစု ညစာထွက်စားရင်
၅၀၀,၀၀၀ လောက်က အပျော့လေး။
...................
စီးပွားရေးမှာ တိုးတက်တယ်ဆိုတာ
စံနှုံးတခုရှိပေးရတယ်၊ ကိုယ့်လက်ထဲ
ရောက်လာတဲ့ ငွေပမာဏသက်သက်ကိုလောက်
ကြည့်လို့မရဘူး၊
ဘမောင်မှာ သားသမီး (၄) ယောက်ရှိတယ်
သူတို့အိမ်ထောင်ဖက်တွေနဲ့ဆိုတော့ (၈) ယောက်။
သားအငယ်တစ်ယောက်ပဲ စီးပွားရေး
သဘောသဘာဝကိုသိတယ်၊
သူတို့လွတ်လွတ်လပ်လပ်လုပ်ကြပါစေဆိုပြီး
မြေတကွက်ရောင်းပြီး အညီအမျှခွဲပေးလိုက်တယ်
" ကဲ... မင်းတို့ အိုင်ဒီယာနဲ့လွတိလွတ်လပ်လပ် လုပ်ကြ
အဲ့ဒီရောင်းလိုက်တဲ့ မြေကွက်တန်ဘိုးထက်ကျော်မှ
တိုးတက်တယ်လို့ ပြောလို့ရမှာ "
မြေခေတ်ကောင်းမှီလိုက်ကြပါသေးတယ်
နောက်ဆုံး မြေကွက်တဝက်ဖိုးတောင်အနိုင်နိုင်
လက်ထဲ ငွေ ပမာဏတော့များလာပါရဲ့၊ ဒါပေမဲ့... မူရင်း
ရောင်းလိုက်တဲ့ မြေကွက်ရဲ့တက်သွားတဲ့ ဈေးကို
ပြန်မမှီတော့ဘူး။
Value vs Qty ဘာလဲဆိုတာ
ကောင်းကောင်း သဘောပေါက်သွားကြတယ်
You must kill inflation or you will be killed.
...................
ဘယ်နေရာမှာဖြစ်ဖြစ်
Vision ကအရေးအကြီးဆုံးပဲ
နိုင်ငံအဆင့်မှာ ပိုအရေးကြီးတယ်၊
နိုင်ငံတွေမှာ GDP ကိုပြောရင်
Real နဲ့ Nominal ခွဲပြောလေ့ရှိတယ်
အလကားပြောကြတာမဟုတ်ဘူး၊
တသက်လုံးစကားနားထောင်လာတဲ့
လုပ်ငန်းရှင်ကြီးတဦး၊ ပြီးခဲ့တဲ့ (၅) နှစ်
အစိုးရမတက်ခင် စီးပွားရေး၊ နိုင်ငံရေးကို
သုံးသပ်ပေးပါတဲ့၊ မြင်တဲ့အတိုင်းပဲပြောလိုက်ပါတယ်
ဒီတခေါက် သူလက်မခံခဲ့ဘူး၊
ဝက်ဝက်ကွဲသွားတယ်၊ တသက်လုံးရှာထားသမျှ
ကုန်ပါပြီဆိုပြီး ငြီးတယ်၊ ပြန်တောင်းပန်တယ်။
သူတို့က ဆန္ဒာဂတိနဲ့ သဒ္ဒါကြီးနေကြတာကိုး၊
လုပ်ငန်းရှင်အုပ်စုတစုရှိသေးတယ်
ပွဲတပွဲလုပ်ပြီး သုံးသပ်ပြပေးပါတဲ့
မေးလိုက်တယ်၊ အလွတ်သဘောပဲလုပ်ပါ
Foreigner တွေပါရင်၊ တမျိုးပြောရလိမ့်မယ်
( Foreign investment ကိုမထိခိုက်စေချင်လို့ပါ )
ကောင်းတာက ကိုယ့်အချင်းဆိုရင်
ပိုလွတ်လပ်တာပေါ့လို့၊
အဲ့ဒီမှာလဲ (၂-၃) ဦးကလွဲပြီး ကျန်သူတွေနဲ့
အမြင်မတူပြန်ဘူး၊
2017 လောက်မှာ " တက်တက်စင်လွဲသွားပြီဆရာရယ် "
လို့ လာငြီးသွားတယ်၊
ဘယ်တတ်နိုင်မလဲလေ... ဖြစ်သမျှအကြောင်း
အကောင်းပေါ့။
.............
သူတို့ နှစ်ပြန်သေသွားကြတယ်
ပူထူသွားကြလေတော့ တပြန်သေလား
နှစ်ပြန်သေလားတောင် တချို့သတိထားမိလျင်မှ
ထားမိကြလိမ့်မယ်၊
- စီးပွားပျက်လိုသေတာက တမျိုး
- Inflation ကြောင့်သေတာတမျိုး
( သမ္မတကြီး ဦးသိန်းစိန်လွှဲတုန်းက
တစ်ဒေါ်လာ 890 K )
..............
တိုးတက်တဲ့နိုင်ငံတွေမှာ
တူညီချက်တခုကိုတွေ့ရလိမ့်မယ်
Inflation သိပ်မဟ တာပဲ၊
အခု....
တစ်ဒေါ်လာ (၁၇၀၀) နီးပါးဖြစ်နေပြီ
အကြော်မှာသာ နှစ်ပြန်ကြော်က စားကောင်းတာ
နှစ်ဆင့်သေ၊ နှစ်ပြန်သေရတာတော့ မကောင်းလှဘူး။
ဗဟိုဘဏ်က ငွေရောင်းပေးတယ်ဆိုတာ
ခဏထိမ်းနည်းပဲ၊
အခြေခံစီးပွားရေးကို ပြန်မတည်ဆောက်နိုင်ရင်
အတော့်ကိုခက်လိမ့်မယ်။
#နေဇင်လတ် (10.8.21)