Tuesday, August 10, 2021

အဘ ဘောမနေတဲ့ / စစ်ခွေး စစ်စစ်ပါ


ကျွန်တော်ဟာ မင်းတို့တွေခေါ်နေကြတဲ့
အဘ ဘောမတဲ့ " စစ်ခွေး စစ်စစ်ပါ လုံးဝရေအတု့အရောင်မပါဘူး...

ကျွန်တော် လူတွေ သန်းပေါင်းများစွာရှိတဲ့ ကမ္ဘာကြီးမှာနေပါတယ်...

လက်ရှိ လုပ်ဆောင်ချက်တွေက အားလုံးမြင်ကြတဲ့အတိုင်းပါပဲဗျာ...

သာမာန်လူတန်းစားတစ်ယောက်ပါ...

ပိုင်ဆိုင်မှုဆိုတာ ကြီးကြီးမားမား မရှိပါဘူးဗျာ...

မင်းတို့တွေ့တဲ့အတိုင်းပဲ ပိုင်ဆိုင်မှုဆိုလို့ လေဆာသွားတိုက်ဆေးနဲ့တိုက်ထားတဲ့ ဖြူဖြူဖွေးဖွေးတောက်တောက်ပြောင်ပြောင်နဲ့ သွားလေးတွေနဲ့ပြုံးပြနေတဲ့ အပြုံပဲရှိတယ်... လိုချင်ရင် Messenger ကိုကြွခဲ့ကြပါ 😁😁 ... ။

အဲ့ဒီ ပိုင်ဆိုင်ထားတဲ့ အပြုံးဟာ မင်းတို့ ခေါ်ခေါ်နေကြတဲ့ ( အဘ ... ဘောမ = စစ်ခွေးဆိုတဲ့ အသံတွေကို ခံနိုင်ရည်ရှိအောင် ငါ့မှာ မွေးရာပါ ပိုင်ဆိုင်ထားတဲ့ အပြုံးတွေနဲ့ မင်းတို့ကို အလိုက်တသိနဲ့ ပြုံးပြနေတာ...

ဘီလူးရုပ်ထွက်လာရင်တော့ ဘီလူးလို အစွာ်ထုပ်ပြပြီး ဘီလူးဆိုင်းလေး တီးပြလိုက်မယ်...
ဒါကလဲ မင်းတို့ ဘက်ကတောင်းဆိုမှုကြောင့် တီးပြရမှာ ကွ ... 

ငါလည်း ထမင်းစားပြီး သေရမဲ့နေ့ကို စောင့်နေရတာ မင်းတို့လဲ ထမင်းစားပြီး သေဖို့အတွက် စောင့်နေရတာ { အမုန်းဆိုတဲ့ ဆောင်ပုဒ်တစ်ခုကို စျေးကွက်ထဲမှာ စျေးပေါပေါနဲ့ ရောင်းနေတော့လဲ
အဘ = ဘောမ စစ်ခွေးစစ်စစ် တွေကလည်း ဝယ်ရတော့မှာပေါ့ စျေးပေါတာကို ဝယ်ရမှာပေါ့ ... }

အဘ = ဘောမ စစ်ခွေးစစ်စစ်တွေက 
မကောက်ကျစ်ဘူး စာနာတက်တယ်
ခေါင်းပုံ မဖြတ်ဘူး အမြတ်ကြီးမစားဘူး
ဆန်ကုန်မြေလေး မဟုတ်ဘူး
အမှားနဲ့ အမှန်ဆိုတာကို မျှမျှတတတွေးခေါ်တက်တယ် ...
=======================================

" အေး "
            ပြောပြီ 🗣
            ~~~~~~~~~

အဘ = ဘောမ ရတာ နာမည်တာဆိုးတာ ဂုဏ်သိက္ခာတော့ရှိတယ်ဟ ... 
ငါတို့သေသွားရင်တောင် မှတ်တမ်းတင်ကဗည်းထိုးပြီး ဂုဏ်ပြုအတင်စားတော့ခံရသေးတယ် ...

ထမိန်ခြုံရင်တောင်
===============

ငါတို့ကို အသက်လု့ပြီး သေမင်းနဲ့ သူနိုင်ကိုနိုင် စစ်ခင်းပြီး လူ့လောကထဲကို ပိုးမွေးသလိုမွေးပြီး
" စစ်သား " တစ်ယောက်အဖြစ် ရပ်တည်နိုင်အောင်
မွေးထုပ်ပေးခဲ့တဲ့ { မာတာမိခင် ကျေးဇူးရှင် " မွေး မေမေရဲ့ ထမိန်လေးကိုသာ သေသွားတဲ့အထိ ခြုံသွားပါရစေ ... 

 🗣 စစ်ခွေးဆိုတဲ့ ခေါ်သံတွေ 🗣
~~~~~~~~~~~~~~~~~~~~~~~~~~

နားထဲကြားရတာ မချိုမိန်ပေမဲ့
" စစ်ခွေး ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ "
တိုင်းပြည်အတွက် အုပ်တစ်ချပ် သဲတစ်ပွင့်လောက်
ပါရမီဖြည့် လိုက်ရသလိုတော့ ခံစားမိသားဟ ...

သတင်းစာတစ်ရွက် ဖင်ကြားညှက်ကာ လက္ဘ်ရည်တစ်ခွက်ကို ၂၀၀ ပေးပြီး ဘောလုံးပွဲလေးလဲလောင်းရင်း { ဒေါ်လာစား 💵💵💵 မီဒီယာတွေက ဆိုရှယ်မီဒီယာဆိုတဲ့ Facebook ( ဖွဘွတ် စာမျက်နာပေါ်က) အမျိုးဘာသာ သာနာဆိုပြီးလူနားမခံနိုင်အောင်အသံကောင်းဟစ်ကာ အော်ပြောနေတဲ့ လူတစ်ချို့ရဲ့ စကားသံတွေကို ကြားနေရတွေ့နေရတယ် လုပ်ချလိုက်တော့ စောက်တလွဲတွေ ( အသဲလေးတွေပေး❤ Comment✍  လေးတွေရေးပြီ တစ်နေကုန် တစ်နေခမ်း မိသားစုအတွက် ခိုလုံမှု မရှိတဲ့ သူတွေထက်တော့ နည်းနည်းလေးတော့ သာနေပါလားဟ ...

အဘ = သုတ်ပိုး မိနေတာတဲ့ 

( မှတ်ချက်လေးမှာ) Ha Ha လေးပေးလိုက်တယ် 😁😁
======================================
အဘ = သုတ်ပိုး မိမမိတော့မသိဘူး
မင်းတို့ပြောသလိုမျိုး များဖြစ်နေမလားမသိဘူး
အဲ့ဒါကြောင့်ထင်တယ် ...
 { အဘ ကိုထောက်ခံတဲ့သူရော ငါတို့ကိုထောက်ခံတဲ့သူတွေရော ငါတို့ စစ်ခွေးတွေပါ အမြင်မှန်နေရာမှန်ကိုရကုန်ကြတာ ဒါ့ကြောင့်ကို } ... ။

အပြုံးတွေပိုင်ဆိုင်ထားတဲ့ ငါတို့ စစ်ခွေးတွေကို
လာပြီး စမ်းသလိုလို ကိုင်ကြည့်သလိုလိုတော့
လာပလုပ်နဲ့ { မာပြီးထန်လာရင် မင်းတို့ထွက်ပြေးတော့🏃🏃‍♀️ } ... ။

( မှတ်ချက် - စိတ်ဓာက်ကိုပြောတာ တစ်လွဲ မတွေးရ 😁😁 )

ပြီးပါပြီ
          အဘ = ဘောမ အညတရ စစ်ခွေး
#Aung Myo Paing(suleyman) ✍


Related Posts:

  • စီးပွားပျက်ကပ် ဟူသည်         ကမ္ဘာ့သမိုင်းမှာ စီးပွားပျက်ကပ် ဖြစ်ခဲ့တဲ့ သမိုင်းတွေကို လေ့လာကြည့်ရင် ငွေတန်ဖိုးတွေကျပြီး ကုန်စျေးနှုံးတွေ တက်လာလို့ ပျက်တာ မဟုတ်ဖူး ဗျ ။ ငွေတန်ကြေးတွေ အဆမတန် တက်လာပြီး ကုန်စျေးနှုံးတွေ ကျဆင… Read More
  • အခြေအမြစ် အကျိုးအကြောင်း        မနက်လင်းတာ နဲ့ ရောက်လာတဲ့ ကိုစိုးတယောက် စပ်ဖြီးဖြီးနဲ့ လောင်းကြေးနိုင်တဲ့သူကို လာကျွေးတာပါ ဗျာ ။ လက်ဖက်ရည်ဆိုင်ထိုင် စားသောက်ပြီးတာ နဲ့..."မင်း ကြိုရေးတဲ့ သတင်းကတော့ မှန်သွားပြီ ငါမေးစရာရှိတာတွေ မေ… Read More
  • အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (28)       NLD အမတ်တွေဟာ အဆိုတခု တင်သွင်းဖို့ အတွက် စီစစ်ဆေး အဖွဲ့ကို အရက်ပုလင်း လာဘ်ထိုးရပါတယ် ။ ဇေလောက် ၊ ဘီအီးလောက်တောင် နပ်မမှန်ခဲ့တဲ့ NLD CEC အဖွဲ့ဟာ အဆိုရဲ့ အရေးပါပုံကို ကြည့်ပြီး အရက်အကောင်းစားထဲက သင့်ရ… Read More
  • သူရမချစ်ပိုပြင်ဦးလွင်မြို့ (မေမြို့)ကို သွားတိုင်းသွားတိုင်း မဖြစ်မနေ စောင်းငဲ့ကြည့်ဖြစ်တဲ့ “ သူရမချစ်ပိုရဲ့    လဲလျောင်းအိပ်စက်ရာ စံအိမ်လေးပါ “အုတ်ဂူဖြူဖြူလေးတစ်လုံးကို ပြင်ဦးလွင်မြို့ ထုံးဘိုရပ် လမ်းဘေးမြို့ထဲ… Read More
  • နောက်ဆုံးရ စစ်သတင်းများKNU & PDF -------------          KNU ဖာပွန်ခရိုင်ရှိ GZ သင်တန်းကျောင်း ကုန်သလောက်ဖြစ်သွားပြီ ။ ဖာပွန်ဂွင်ထဲက တပ်မဟာ ၅ ဌာနချုပ် နဲ့ အရေးကြီးသော ရွှေတွင်းနေရာအားလုံး BGF နဲ့  တပတ လက်အောက်ခ… Read More