လူအတော်များများ " အလုပ်ဖြစ်ချင်တယ်" လို့
ပြောလေ့ရှိတယ်၊ ဒါပေမဲ့ လုပ်နည်းကိုင်နည်းကို
ပြန်သုံးသပ်လေ့မရှိတတ်ကြဘူး၊
ဘယ်သူတွေ ဘာကြောင့် တိုးတက်သလဲဆိုတာကို
မလေ့လာကြဘူး၊
မျက်ကန်းတောတိုးသလိုပဲ လုပ်တတ်တဲ့
မြန်မာ့ အလေ့ကို တခါတခါ မချိတင်ကဲ
ဖြစ်ရတယ်၊
.................
I want things happenning လို့ပြောတတ်ကြတယ်
ဒါပေမဲ့
- Work oriented လား
- Result oriented လားဆိုတာကို မသုံးသပ်နိုင်ကြ၊
ပထမတခုက အလုပ်များတာကိုပြတာ ( Work harder )
ဒုတိယတခုက ရလဒ်ကောင်း-မကောင်းပေါ်အခြေခံတယ်
( Work smarter )
ဘာအတွက်အလုပ်လုပ်ကြတာလဲဆိုတာကို
ပိုင်းပိုင်းခြားခြား သိမြင်ဖို့လိုတယ်
- အလုပ်လုပ်တယ်ဆိုတာကို လူမြင်အောင်ပြချင်တာလား
- အကျိုးဖြစ်ထွန်းဖို့က အဓိကလား ?
....................
Covid ကာလ
online အလုပ်လေးတွေ ဖြစ်ထွန်းလာတယ်
ကာလ မတိမ်းမယိမ်း လူ (၂) ယောက် အလုပ်လုပ်ကြတယ်
တယောက်က ထိုက်သင့်သလောက်ဖြစ်သွားပြီး
နောက်တယောက်က လိုင်းပေါ်မှမတွေ့ရတော့ဘူး။
- Vision ကအလွန်အရေးပါတဲ့ကိစ္စ
- ဘာပစ္စည်းရောင်းမလဲဆိုတာ
- ဘယ်လိုရောင်းမလဲ
အဲ့ဒီ (၃) ခုက ချိတ်ဆက်နေတယ်
နောက်ဆုံး ရလဒ်ကို ပေးသွားတာလဲ
အဲ့ဒီ (၃) ခုပဲ၊ သူတို့လုပ်ငန်းမစခင်ကထဲက
(၂) ယောက်လုံးရဲ့ စရိုက်နဲ့ သဘာဝကို
သိထားလေတော့... ဘာရလဒ်ထွက်လာမလဲဆိုတာ
ကြိုသိထားနေပါတယ်၊
လုပ်ငန်းစကြတော့... သူတို့ရွေးထားတဲ့ပစ္စည်း
ရောင်းပုံရောင်းနည်းကို ခဏကြည့်လိုက်တာနဲ့
ပိုသေခြာသွားတယ်၊
.................
လူတွေ စာတွေရေးကြတယ်
ပရိသတ်ရသွားပြီး အောင်မြင်သွားသူကနည်းနည်းလေး
ဘာကြောင့်လဲ ? သူ့အကြောင်းနဲ့သူရှိနေပါတယ်။
ဘမောင်ရဲ့ မြင်ဆရာက
ဆရာကြီး ဦးရွှေအောင် ( ဘာသာရေး ) နဲ့
ဆရာကြီး မောင်စူးစမ်း
ဆရာကြီးဦးရွှေအောင်ကို အပြင်မှာမမြင်ဘူးလိုက်ဘူး
ဗုဒ္ဓရဲ့ ဓမ္မတွေကို သူ့အတွေ့အကြုံ ပညာနဲ့ပေါင်းပြီး
ဖွင့်ဆိုသွားတာတွေကို ဖတ်မိတဲ့အခါ
ကြက်သီး ဖြန်းဖြန်းထတဲ့အထိ၊
ပညာအလွန်ကြီးတဲ့ဆရာကြီး၊
( ကျွန်တော့် အရေးအသားတွေမှာ သူ့ဩဇာ
ခပ်ပါးပါး လွှမ်းမိုးခံထားတာ သတိပြုမိကြမလားပဲ )
နောက်
ဆရာကြီးမောင်စူးစမ်း
ဆရာကြီး (၂) ယောက်တွေးပုံမတူကြဘူး
ဒါပေမဲ့ အတွေးနက်ပုံခြင်း၊ အတွင်းအထိ
ဖေါက်မြင်နိုင်ပုံခြင်းတော့တူကြတယ်၊
ဆရာကြီး ဦးရွှေအောင်က ဘာသာရေးဆိုတော့
အကန့်အသတ်ရှိနေရှာတယ်၊
အဲ့ဒီအကန့်အသတ်ကြားထဲကကို
ဖေါက်ထွက်ရေးနိုင်ခဲ့တာ၊ ( လက်ဖြားခါတယ် )
ဆရာကြီးမောင်စူးစမ်းက
နိုင်ငံရေး၊ စီးပွားရေး၊ သစ်ဆန်းတွေးခေါ်ရာမှာ
တကယ့် ဂုရုတပါး၊ သူအသက် (၈၀) ကျော်မှာ
မြင်တဲ့ အမြင်၊ တွေးမိလိုက်တဲ့ အတွေးမျိုးကို
ဘမောင် လိုက်မမှီဘူး၊
ကျောက်မဲ စာပေဟောပြောပွဲမှာ
ဆရာကြီး မောင်စူးစမ်းရယ်၊ ဆရာကျော်ဝင်းရယ်
ဘမောင်ရယ် အတူသွားခွင့်ရလို့ ဆရာကြီးနဲ့
ရင်းရင်းနှီးနှီး အဲ့ဒီတချိန်ပဲ ရှိခဲ့ဘူးတယ်၊
သူတို့ ဘာလို့ ဂရုကြီးတွေဖြစ်ခဲ့ကြသလဲ ?
ထောင်၊ သောင်းချီ စာရေးကြသူတွေအထဲမှာ
ဘာဖြစ်လို့ သူတို့ Big shot တွေဖြစ်လာကြပါသလဲ
( အချို့ရှိကြပါသေးတယ် )
ပညာပြည့်ခဲ့ကြလို့ပါ
အတွေ့အကြုံကောင်းတွေရှိခဲ့ကြလို့ပါ
လိုင်းရွေးတာလဲ မှန်ကြလို့ပါ
ပြောရရင် Work smart ၊
Both of them made things happening.
................
ဝမ်းစာပြည့်သူရေးတဲ့စာ
ရင့်ကျက်မှုရှိတဲ့စာ
ထိုးဖေါက်မြင်နိုင်စွမ်းသူတွေရေးတဲ့စာဟာ
သာမန်စာတွေနဲ့ အလွန်ကွာပါတယ်၊
သူ့တန်ဘိုးနဲ့ သူရှိနေတတ်ကြပါတယ်။
အထက်ဆရာကြီး (၂) ဦးရဲ့စာတွေဟာ
( အခြားဆရာကြီးများရှိပါသေး )
သူ့နယ်ပယ်မှာ ယှဉ်သူမဲ့လောက်အောင်
ထူးချွန်ကြပါတယ်၊ ဘမောင်ဆိုရင်
မကြာခဏ ဆရာကြီး ဦးရွှေအောင်ရဲ့စာတွေကို
ပြန်ဖတ်လေ့ရှိတုန်းပါ။
ဘယ်သူမှ တပည့်မဖြစ်ပဲဆရာဖြစ်မလာပါဘူး
အလိုလို တတ်မြောက်လာတဲ့သူလဲမရှိပါ
ဘမောင်တို့လဲ အလိုလိုတတ်မလာပါဘူး
ဆရာတွေဆီက လေ့လာသင်ယူနေရတုန်းပါ။
#တခါဆရာ #ထာဝရဆရာပါ
.................
အခြေခံအကျဆုံးနဲ့ အတွေးအခေါ်စပွင့်တာက
ဆရာကြီးဦးရွှေအောင်ကျေးဇူး၊
ခေတ်အမြင်နဲ့ နိုင်ငံတကာအကြောင်းရေးဖို့က
ဆရာကြီး မောင်စူးစမ်းရဲ့ အိုင်ဒီယာ၊
ထပ်ထဲ့လိုက်တာက
Peter Drucker
Warren Buffett
Michael Porter.
Peter Drucker နဲ့ Warren Buffett စာတွေဖတ်ဖြစ်တယ်
Management စာတွေကို အငြိမ်းစားယူပြီး
စီးပွားရေးလုပ်တော့ လေ့လာဖြစ်တယ်၊
ဟိုတစ... ဒီတစနဲ့
စုစုစည်းစည်းဖြစ်အောင် MBA တက်ဖြစ်ခဲ့ရတာ
ပြည်ပမှာ နိုင်ငံတကာစီးပွားရေးလုပ်တော့
MBA မတတ်ထားရင် အတော်မျက်နှာငယ်ရတယ်
Terminology ကအစပေါ့၊ အနှစ်သာရကတော့
အဝေးကြီး၊
Peter Drucker ရဲ့ Leadership view တွေဆိုရင်
အရင်ဆရာကြီးတွေကတောင် ငိုင်သွားတယ်
Warrent Buffett ရဲ့ Underlying value
( မမြင်ရတဲ့တန်ဘိုးရှာခြင်း ) ကအတော်တန်ဘိုးကြီးတယ်
သူ့ကို Intelligent investor လို့အလကား
ပြောကြတာမဟုတ်ဘူး၊ ဘယ်နေရာမှာ သူ့ရင်းနှီး
မြှုပ်နှံမှု မှားခဲ့တယ်၊ ဘယ်နေရာမှာ ရှုမြင်ပုံ
မှားခဲ့တာကအစ ဝန်ခံရဲသူ၊ အသက် (၉၀) ကျော်ပြီ
အလုပ်လုပ်နေဆဲ၊
နောက်တယောက်က
Michael Porter ကြီး၊
MBA မှာသင်နိုင်တာ သူရဲ့ "က""ခ" ကြောရိုးလေး
သူရဲ့ National Competitiveness ကို
လေ့လာကြစေချင်တယ်၊
တော်ရုံတော့ ဖတ်နိုင်ဖို့မလွယ်ဘူး
ဘမောင်တို့တောင် အတော့်ကို အပြန်ပြန်အလှန်လှန်
လေ့လာရတာ၊
သူကျတော့ နိုင်ငံအဆင့်ဖွင့်ဖြိုးတိုးတက်ရေး
မဟာဗျူဟာအဆင့်ဖြစ်သွားပြီ၊
သူ့အဆင့်ကို အမြည်းလေးရေးပြမယ်။
လီကွမ်ယူက စင်္ကာပူကို ဦးဆောင်ခဲ့တယ်
တိုးလဲတိုးတက်လာတယ်၊ လီကွမ်ယူ ရဲ့
Beyond capacity အဆင့်ရောက်တော့
Porter ကြီးကို စစ်ကူတောင်းရတယ်
ဒေါ်လာ သန်းချီပေးရပါတယ်၊ လိုအပ်တဲ့ Data တွေကို
ပေးရတယ်၊ ပေါ်တာကြီးက Strategy formulate လုပ်ပြီး
စင်္ကာပူကိုသွား၊ လီနဲ့တွေ့၊ ဒါလုပ်... ဒါလုပ်ဆိုပြီး
ပြန်သွားတယ်၊
မြန်မာလိုဆိုရင် မခက်ဘူးလား၊
ဒါလောက်လေးပြောသွားတာကို "သန်း" ချီအကုန်ခံလား
စသဖြင့်ပြောကြလိမ့်မယ်၊
နောက်ဆုံး စင်္ကာပူတဆင့်ထပ်တက်လာတယ်
ဘယ်သူမှ မရိပ်မိလိုက်ကြဘူး၊
.............
ကိုယ့်ပြည်တွင်းကိုလဲ
ချန်ထားလို့မဖြစ်ပြန်ဘူး၊
ဘရွှေနဲ့တရင်းတနှီးမရှိပါ
ဒါပေမဲ့ သူ့ရဲ့ တည်ငြိမ်မှု၊ Vision ကတော့
ချီးကျူးစရာပါ၊
ဘစိန်ကတော့
သူ့လက်အောက်မှာတာဝန်ထမ်းရဘူးတယ်
ငြိမ်တယ်၊ စိတ်ရှည်တယ်၊ နိုင်ငံ့အကျိုးကို
အမြဲစဉ်းစားတယ်၊ အလွန်သိမ်မွေ့တယ်။
ဘလှိုင်နဲ့တော့ တခါတရံ
ထိတွေ့မှုရှိပါတယ်၊ သူလဲ အတော်စိတ်ရှည်ပုံရတယ်
နိုင်ငံချစ်စိတ်ရှိသူပါပဲ၊ နစက ကနေ
အိမ်စောင့်အပြောင်းက သူရဲ့ရဲရင့်မှုပါ၊
အာဏာထိမ်းမှုမှာ သူရဲ့သေသပ်မှုကိုပြသွားပါတယ်
...............
မေးခွန်းက ရှိလာရပြီ
Why and why not things are happening ?
ဘာကြောင့် အလုပ်ဖြစ် / မဖြစ်ကြတာလဲ ?
ကျန်တာတော့ Food for thought.
#BaMaung ( 14.8.21 )