Monday, August 23, 2021

မင်းတုန်းမြို့ရှိ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းကို NUG သြဇာခံ PDF အစွန်းရောက် အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးသွားကြောင်း သိရ


ဩဂုတ် ၂၁
မကွေးတိုင်း၊ မင်းတုန်းမြို့ ပန်းတောကျေးရွာ ရွာဟောင်းရှိ ရှေးဟောင်းကျောင်းတော်ကြီးကို ဒီကနေ့ မနက် ၄ နာရီခန့်က အစွန်းရောက် အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

ရှေးဟောင်းကျောင်းဆောင်ကြီးဟာ ကျွန်းတိုင်ပေါင်း ၁၀၀ ကျော်နဲ့ ရှေးကတည်းကတည်ဆောက်ထားတာဖြစ်ပြီး မင်းတုန်းမြို့နယ် ရဲတပ်ဖွဲ့နဲ့ အနီးနားက ကျေးရွာနေပြည်သူတွေက မီးရှို့ဖျက်ဆီးသူကိုတောနင်းရှာဖွေနေပေမဲ့ အခုညနေထိမတွေ့ရှိရသေးဘဲ ကျောင်းထိုင်ဆရာတော်ကတော့ သူ့ရဲ့ဒကာ ဒကာမတွေနဲ့နီးတဲ့ ရွာသစ်မှာဘဲသတင်းသုံးနေထိုင်နေရကြောင်း သိရသည်။

NLD အစွန်းရောက် အကြမ်းဖက်များသည် တိုင်းရင်းသားပြည်သူအချင်းချင်း လိုက်လံ လုပ်ကြံသတ်ဖြတ်ရံမျှမက တိုင်းတပါးသားတို့၏ အလိုကျ သာသနိက အဆောက်အဦးများကိုပါ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးမှုများ လုပ်ဆောင်လာနေသည့်အပေါ် ဂျိဟာဒ် ဝါဒီတို့၏ လမ်းစဉ်ကို ဖော်ဆောင်လာခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများ ထွက်ပေါ်လာခဲ့သည်။

#MyanmarNationalPost
#mnpnews