Wednesday, August 11, 2021

ပုဂ္ဂိုလ်ရေးသီးသန့်ခံစားချက်အရ RIP.ပါ။


နောက်ပိုင်းကာလမျိုးမှာ ခင်ဗျားရဲ့အဆိုး
သတင်းတွေရှိခဲ့ပေမဲ့၊ ခင်ဗျားတို့ KNU ရဲ့
လက်က အသက်လုပြေးခဲ့ရဘူးတဲ့ ကျွန်
တော်တို့ကျောင်းသား ၄ ယောက်နဲ့အတူ
ကျောင်းသူ ၂ ယောက်ကို ၊  တပ်က လာ
ပြီးကယ်မည့်သတ်မှတ်နေရာအထိထွက်
ပြေးရာမှာ ကူညီခဲ့ဘူးတာကျေးဇူးပါဗျာ။
ABSDF.ရဲ့ လက်နက်ကိုင်တော်လှန်ရေး
လမ်းစဥ်ကိုကျောခိုင်းထွက်ခွာ(အဲဒီအချိ
န်မှာတော့ သစ္စာဖောက်လို့သတ်မှတ်ခံ)
ခဲ့တဲ့ ကျွန်တော်တို့အဖွဲ့ကို ၊ နင်တို့ချိန်း
ထားတဲ့နေရာ(တပ်မတော်စစ်ကြောင်း
လာကယ်မည့်သတ်မှတ်နေရာ၊ချောင်း
ဖျားက,ဝါးရုံပင်တွေရှိတဲ့ကွင်းရဲ့အစပ်)
ကိုသာ ရောက်အောင် ပြေး ဆို ပြီး ... ၊
နောက်ကလိုက်လာတဲ့ သူ့အဖွဲ့တွေကို
ေ ြခ ာက် လှ န့် ပြီး ကာ ပစ်ပစ် ပေး ခဲ့
တဲ့ ဗို လ် စော။ နင်တို့ကပညာတတ်ရဲ့
သားနဲ့ တောထဲကိုဘါလို့လါကြတါလဲ၊
ဆိုပြီးမေးတတ်တဲ့,သူ့အမေးနောက်မှာ
ကပ်ပြီးပေါ်လာတတ်တာက ဒေါ် စု ရဲ့
"မင်းတို့အနေနဲ့  စစ်တပ်ကိုလက်နက်
ကိုင်ပြီးတိုက်မှရမယ်...အဲဒီတော့ တေါ
ထဲမှာသွားပြီး စစ်ပညာသင်ကြ....ကျန်
တဲ့ အကူအညီတွေ,အထေါက်အပံ့တွေ
က...အန်တီနောက်မှ စီစဥ်ပေးမယ်..."
ဆိုတဲ့အသံနဲ့ ပြောကြားဟန်ကြောင့်...၊
(လွန်ခဲ့တဲ့ အနှစ်,သုံးဆယ်ကျော်ထဲက
ဒေါ်စုရဲ့စိတ်ဓာတ်နော်) တော ထဲ ကို
တောင်ပံတွေမပေါက်ဘဲ ရောက်လါခဲ့
ကြတါ၊ဗိုလ်စောကိုပြန်မပြောဖြစ်ခဲ့ပါ။
နောက်ပိုင်းကျ  ဘာအထောက်အပံ့မှ
မရ၊တေါထဲမှာ ဒုက္ခကိုယ်စီရောက်ကြ၊
ကိုယ့်ရှေ့တင် သေကြေဒဏ်ရာရသူ...
ဘဝနဲ့အရှက်တွေစတေးသွားပြီး ပျက်
စီးခြင်းငါးပါးဆိုက်သွားသူတွေ၊ ရေလို့
ပင်မနိုင်အေါင်များခဲ့ကြတါလက်တွေ့။
KNU.ဗိုလ်စောက ကာပစ်ပစ်ပေးပြီးမှ
တပ်မတော်စစ်ကြောင်းဆီမှာရောက်
ကြလို့သာ အခု ဒီလိုစာရေးနိုင်တာပါ။
ပါတီနိုင်ငံရေးလှိုင်းတွေကြားမှာတော့
လူငယ်လူရွယ်တွေရဲ့ ဘဝသမိုင်းတွေ
မရိုင်းစေချင်တော့တာမို့ ရိုးသား သေါ
အရင်းခံစေတနာနဲ့တိုက်ဆိုင်မှုရှိတုန်း
မှာရေးသါးတင်ပြလိုက်ပါတယ်ခင်ဗျာ။
လမ်းမှားပေါ်ရောက်နေသူလူငယ်များ၊
လမ်းမှန်ပေါ်လျှောက်လှမ်းနိုင်ကြပါစေ။
#Min Min Mg
#credit