ချင်းပြည်နယ်က ဒေါက်တာဆာဆာ အကြောင်း ရေးပါအုံးဆိုသူတွေ ရှိလာလို့ပါ ။
NLD ပါတီ အတွက်
ချင်းပြည်နယ်မှာ အာဏာရလာနိုင်ဖို့ အဆင်အကွက်တွေ ဖန်တီးလာပါတယ် ။
ကြံ့ခိုင်ရေး လက်ထက်တုန်းက
ချင်းဝန်ကြီးချုပ် ဦးဟုန်ငိုင်း ဆိုရင်
ကန်ပက်လက်မှာ ကျောက်ရုပ်ထုပြီး ဂုဏ်ပြုထားရလောက်အောင်
ချင်းလူမျိုးတွေက ချစ်ခင်လေးစားကြပါတယ် ။
လိုင်းပေါ်မှာ
ချင်းပြည်နယ်အတွက် ဆူရ်ဘုန် လေဆိပ် ဖွင့်တော့မယ်
အဲဒါ အမေစုရဲ့ စေတနာ ဘာညာ ဆိုပြီး
တရုတ်ပြည်က ဟီချီ လေဆိပ်ပုံကြီး နဲ့
လိမ်ညာခဲ့တဲ့ ပို့စ်ကို အားလုံးသိကြမှာပါ ။
အဲဒီလေဆိပ်အတွက် ၂၀၁၂ မှာ စီမံကိန်းကိန်းတင်ပြပြီး
၂၀၁၄ မှာ ဝန်ကြီးချုပ် ဦးဟုန်ငိုင်း ကိုယ်တိုင်
အုတ်မြစ်ချပေးခဲ့ရတာပါ ။
ဒါကို နှမ်းဖြူးပြီး လော်ခဲ့တာ မှတ်မိမှာပါ ။
အဲလို ချင်းလူထု ထောက်ခံနေတဲ့ ဦးဟုန်ငိုင်းကို ပြိုင်ဆိုင်ဖို့ NLD ဟာ စီမံကိန်းချပြီး
ဆောင်ရွက်ခဲ့ပါတယ် ။
ပထမဆုံး ဒေးဗစ်လား ရဲ့ ဘာသာရေး သြဇာကို ပုံကြီးချဲ့ပေးခဲ့တယ် ။
နောက် လူမှုရေး ပရဟိတ လုပ်နေတဲ့ ဒေါက်တာဆာဆာကို
ဒေးဗစ်လား တပည့်အဖြစ် ပွဲထုတ်လာပါတယ် ။
ဒေါက်တာဆာဆာ ဆိုသူဟာ
အင်္ဂလန် တော်ဝင်မျိုးနွယ်တွေရဲ့ မွေးစားသားလို့
ဆိုကြပါတယ် ။
Health & Hope ဆိုတဲ့
NGO ထူထောင်ဖို့ အင်္ဂလန်တော်ဝင်အသိုင်းအဝိုင်းကပဲ
ရံပုံငွေတခု ထူထောင်ပေးခဲ့ပါတယ် ။
ဒီတော့ ချင်းလူမျိုးတွေ ကြားမှာ လူသိများလာခဲ့ပါတယ် ။
အဲဒီအရှိန်အဝါကို အသုံးချဖို့ NLD ဟာ ဒေါက်တာဆာဆာကို NLD ပါတီရဲ့
အောင်နိုင်ရေးအကြီးအကဲ အဖြစ်
ရွေးချယ်ခဲ့ပါတယ် ။
ဒေါက်တာဆာဆာက
သူသည် နိုင်ငံခြား အထောက်အပံ့နဲ့
NGO လုပ်ငန်း ဆောင်ရွက်နေသူ ဖြစ်တဲ့ အတွက်
ရွေးကောက်ပွဲ ဥပေဒ နဲ့ မကိုက်ညီလို့
မလုပ်ချင်ဘူးလို့
အကြောင်းပြ ငြင်းပယ်ခဲ့ပါသေးတယ် ။
ဒါပေမယ့် ဒေါ်စုကြည်က အင်္ဂလန်တော်ဝင်မိသားစုထံ
အကူညီတောင်းလို့ လား သို့တည်းမဟုတ် အင်္ဂလန်တော်ဝင်မိသားစုကိုယ်၌ကပဲ
သူတို့ မွေးစားသားကို
မြန်မာ့နိုင်ငံရေးလောကအတွင်း
နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်စေဖို့လား
ဆိုတာ မသိနိုင်ပဲ
ဒေါက်တာဆာဆာ အပေါ် ဖိအားပေးပြီး
လုပ်စေခဲ့ပါတယ် ။
အဲလိုနဲ့ နိုင်ငံခြားအထောက်အပံ့ နဲ့
NGO လုပ်နေတဲ့ ဒေါက်တာဆာဆာ တယောက် အောင်နိုင်ရေးအကြီးအကဲ အဖြစ်
တာဝန်ယူလိုက်ရပါတယ် ။
ရွေးကောက်ပွဲ ဥပဒေနဲ့ ညီမညီဆိုတာ ကတော့
ပြိုင်ဖက် နိုင်ငံရေး ပါတီတွေသာ အသိဆုံးဖြစ်မှာပါပဲ ။
ဒီလောက် ဥပေဒ ဖောက်ပြန်ပြီးလုပ်ချင်တဲ့ လုပ်ပြနေတဲ့ NLD ပါတီကို
ထုံးစံအတိုင်း လက်ပိုက်ကြည့်နေမယ် ဆိုရင်လည်း
မထူးပါဘူးလေ ။
ဒေါက်တာဆာဆာ ရဲ့ ပြဿနာက အနူဝဲပေါက်တဲ့ အဆင့်ကိုးဗျ ။
မျိုးဝင်း
( ဆာဆာ အကြောင်း မျိုးဝင်းရေးခဲ့တာ ကြာပေါ့ ဗျာ ဒီမှာပါ )