Sunday, October 17, 2021

#အာဆီယံနဲ့နစက


အာဆီယံကတော့ နစက ကိုယ်စားလှယ်ကို မဖိတ်ကြားဖို့ ဆုံးဖြတ်တယ်လို့ တဖက်သတ် သဘောထား ထုတ်လိုက်တယ်။

နစက အနေနဲ့ ပြည်တွင်းက အခြေအနေကို အကြိမ်ကြိမ် ရှင်းပြခဲ့ပေမယ့်လည်း နိုင်ငံကြီးတွေရဲ့ လွှမ်းမိုးမှုကိုခံနေရတဲ့ အာဆီယံက ဒီလိုဆုံးဖြတ်တာက အိမ်နီးချင်း မိတ်ဆွေချင်း သစ္စာဖောက်တာပါပဲ။ 

နစက အနေနဲ့ ရွေးချယ်စရာ ရှိတာတွေ ပြတ်ပြတ်သားသား ရွေးချယ်ဖို့သင့်ပြီ။ အာဆီယံက ဘာမှ အရေးမပါတဲ့ သေခါနီး အဘွားကြီးနဲ့ တွေ့ချင်တယ်ဆိုရင်လည်း တွေ့ခွင့်ပေးလိုက်ပါတော့။ တွေ့ခွင့်ပေးတော့လည်း ဘာများထူးသွားမှာလဲ။ နီပိန်းတွေ ဟေး ဟား ခဏပျော်သွားရုံကလွဲပြီး ဘာမှမထူးဘူး။ အဘွားကြီးနဲ့ တွေ့ရလို့ တောထဲက နီပိန်းတွေကို သေနတ်ပေးမှာလည်း မဟုတ်ဘူး။ 

တွေ့ခွင့်မပြုနိုင်ဘူးဆိုရင်လည်း အနောက်သံရုံးတွေကို ပိတ်ပလိုက်၊ အီသီယိုးပီးယားလို ကလားသမဂ္ဂ ကလူတွေလည်း မောင်းထုတ်ပစ်လိုက်တော့။ သံအမတ်တွေကိုခေါ်ပြီးတော့ ပြင်းပြင်းထန်ထန် ရာဇသံပေးလိုက်။ ဒါမှ မှတ်သွားမှာ။ 

ပျော့ပျော့ပြောင်းပြောင်း သံတမန်နည်းလမ်းနဲ့ သွားမယ်ဆိုရင်လည်း ပီပီပြင်ပြင်သွား။ မာမာထန်ထန် ငုံ့မခံဘဲ တုံ့ပြန်မယ်ဆိုရင်လည်း တုံ့ပြန်။ ဟိုလိုလို ဒီလိုလိုတော့ အချိန်မဆွဲနဲ့။

 ဆွေမျိုးမိတ်ဆွေတွေ ဒလံလို့ ပြောပြီး အသတ်ခံရလိုက်၊ ကိုယ့်အိမ် ကိုယ့်ရာကို မနေရဲလို့ တခြား ရွှေ့နေရတဲ့သူက ရွှေ့ရနဲ့။ ဆီဈေး၊ ကုန်ဈေးနှုန်း တက်တဲ့ဒဏ်ကလည်း ခံရသေး။ ကိုယ်ကသာ မီတာခ ပုံမှန်ဆောင်တာ မီးကျ မဆောင်တဲ့လူတွေနဲ့ အတူတူပဲ ရတာပဲ။ ပညာရေးတွေလည်း နှောင့်နှေးရတာလည်း တိုင်းပြည်အတွက် မကောင်းဘူး။ 

နစကရေ လုပ်စရာရှိတာ ပြတ်ပြတ်သားသားလုပ်ပါလို့ တောင်းဆိုပါရစေ။ အေးအေးလူလူ ဘုရားဒကာလုပ်ချင်ရင်တော့ တပ်ချုပ်ကြီး ရာထူးက ဆင်းပေးပြီး ဘုရားတရားသာ လုပ်နေပါတော့။
#မိုက်တီး