Sunday, October 17, 2021

* လွတ်တဲ့ငါးကြီးနေတဲ့ တရုတ်ကြီး*


နယ်စပ်ဂိတ်တွေပိတ် စတာတွေ
လုပ်လာတယ်။တကယ်ဆိုမြန်မာဟာ 
တရုတ်နှင့် အင်အားကြီးမိတ်ဆွေအဖြစ်
လက်တွဲချင်တာပေါ့ ..ဒါပေမဲ့ 
အိမ်နီးချင်းကောင်း မဖြစ်ခဲ့ဘူး။

မြန်မာဟာ သူ့သာလျင် တစ်ခုတည်းသောအားကိုးရာလို့
ထင်နေခဲ့တယ် အဲဒါဟာ တရုတ်ကြီးရဲ့မဟာအမှားပဲ။
ခုတော့ မထင်မှတ်တဲ့ အင်အားကြီး ပြိုင်ဘက်တစ်ခုကခြံစည်းရိုး နားလာပြီးအခြေချလာနေတာကို စိုးတစ်ထိတ်ထိတ်နှင့်နောင်ရေး တွေးပူလာရတဲ့အခြေနေကို
ရောက်လာခဲ့ရပြီ။

အမှန်ဆို မြန်မာကိုအရင်ကတဲက မိတ်ဆွေကောင်းပြီသခဲ့မယ်ဆိုရင် တရုတ်ကြီးရဲ့အနာဂါတ်ဟာ ကမ္ဘာမှာပြိုင်ဘက်ကင်း အလှပဆုံး ဖြစ်ဘို့ ၉၀% သေချာတယ်။

ခုတော့ တရုတ်ကြီးရဲ့အနာဂါတ်က ပြိုင်ဘက်ကောင်းမြင်းတစ်ကောင် နှင့်ယှဉ်ပြေးနေရသလိုဖြစ်လာခဲ့ရပြီ။
ဘယ်သူမပြု မိမိမှုပဲပေါ့။

တကယ်တော့တရုတ်ကြီးက မြန်မာကိုအထင်သေးခဲ့မိတာ
အဲဒါက မဟာ့မဟာအမှားကြီးပဲ။
အမှန်ဆိုရုရှားက သူ့ဟာသူ သီးခြားကြီး ထီးထီးဖြစ်နေမယ့်
အခြေနေပါ။ 

အရှေ့တောင်အာရှဘက်ကို
ခြေဆန့်နိုင်ဘို့ဆိုတာအိပ်မက်တောင် မယောင်နိုင်တဲ့အခြေနေပါ။ 
မြန်မာနှင့်သာမဟာ
မိတ်မဖြစ်ခဲ့ဘူးဆိုရင်ပေါ့။

ခုတော့ အိမ်နီးချင်းအပေါ် ပါးပါးလွှာစားမိတဲ့အကုသိုလ်က
မထင်မှတ်တဲ့အင်အားကြီးပြိုင်ဘက်
တစ်ခုက ကိုယ့်ခြံစည်းရိုးနားကို ရောက်လာခဲ့ရပြီ။
ဒီပြဿနာဟာ မြန်မာအတွက်လဲ အသက်ဝင်နေတဲ့မိုင်းတစ်လုံး
ကိုဆုပ်ကိုင်ထားရသလိုပဲ။
 မတတ်နိုင်ဘူးလေ ဒီလိုမှမလုပ်ရင်
မဖြစ်တော့တဲ့အခြေနေကိုဆိုက်နေ
မှတော့ ခွချက်ကစားရတော့
တာပဲလေ။

တရုတ်ဆိုတဲ့ကျားကြီးကတော့ အိမ်နားမှာလာအိပ်နေတဲ့ဝက်ဝံကြီး
တစ်ကောင်ကြောင့် နေသာနေရပေမဲ့ နောင်ရေးစိတ်မအေးနိုင်ပဲ စိုးတစ်ထိတ် ထိတ်ဖြစ်နေရတဲ့အခြေနေ။
အမှန်ဆိုဝက်ဝံကြီးရဲ့စာကျက်က ဒီဘက်ကိုရောက်မလာနိုင်တဲ့
ကျားတစ်ကောင်တည်းရဲ့
စာကျက်သာလျင်ဖြစ်နေရမှာပါ။

ကမ္ဘာကိုကျားကြီးကသာလျင် အင်အားအကြီးဆုံးဖြစ်ပြီး
၂၁ ရာစုရဲ့ပြိုင်ဘက်ကင်းဖြစ်ဘို့ ကံဇာတာက အသာပေးခဲ့ပေမဲ့
မြန်မာအပေါ်အကျင့်မကောင်းခဲ့
မိတဲ့အတွက်ကြောင့် ကံဇာတာက ဖဲတစ်ဝက်ချိုးဖြစ်လာခဲ့ရလေပြီ။
မြန်မာအတွက်လဲ ရေချိုအေး တစ်ခွက်ကိုသောက်ချင်ပေမဲ့
ဆားငန်ရေတစ်ခွက်ကို မလွဲမရှောင်သာသောက်ခဲ့ရပြီ။
ဘယ်တတ်နိုင်မလဲလေ
လုပ်သလိုမဖြစ်ရင် ဖြစ်သလိုလုပ်ရတော့တာပေါ့။
.
.
.
တကယ်ဆိုတရုတ်အနေနှင့် ဘယ်လိုမှ ပြင်မရနိုင်တော့တဲ့မိမိရဲ့အမှားကြီး တစ်ခုကို ကျေနပ်စွ ာ လက်ခံပြီး ရေအေးဖျမ်းနိုင်မယ်ဆိုရင် အားလုံး အတွက်အကောင်းဆုံးဖြစ်လာလိမ့်မယ်....။

#အရှင်ဇဝန(တောင်ကတုံး)