Sunday, October 17, 2021

"မစင်ထုပ်တွေ"


မယ်ဒွေးရဲ့ ခြံအမှတ် (၅၄) ကိစ္စ
သတင်းက အိပ်ယာက အနိုးမှာ
ပလူပျံစွာ အွန်လိုင်းမှာ မြင်ရတယ်။

အိမ်စောင့်အစိုးရက အတည်ပြု
ထုတ်ပြန် ပြောကြားခြင်း မရှိသေး
သည့်အတွက် ဒီသတင်း မှန်သည်၊
မှားသည် မဝေဖန်လိုပေမယ့် 
ဖြစ်နိုင်ချေတော့ ရှိတယ်။

နှစ်ဖက်စလုံးက လျှို့ဝှက်ချက် အပြည့်
နှင့် လူထုကတော့ ဘာယုံရမှန်း မသိပါ။

အကယ်၍ မှန်တယ်ဆိုရင် အိမ်စောင့်
အစိုးရ အနေနှင့် အမြန်ဆုံး အတည်
ပြုသင့်တယ်။

သူ့အိမ်နဲ့ အမေရိကန် သံရုံးဝင်း
ဥမှင်လှိုင်ခေါင်း ဖောက်ထားတယ်
ဆိုရင်လည်း မြေအောက်ကနေ
ဖောက်ထားတာမျိုး မဟုတ်ဘဲ
မြေပျော့ ရွံ့မြေဖြစ်တဲ့ အင်းလျား
ကန်ဖက်ကနေ လူတရပ်စာ အမြင့်
ရှိတဲ့ ပလပ်စတစ် ပိုက်လုံးကြီးတွေ
ချပြီး ဆက်သွယ်ထားတာမျိုး ဖြစ်နိုင်
ချေ ရှိတယ်။

အင်္ဂလိပ် လက်ထက်ကတည်းက 
တက္ကသိုလ် ရိပ်သာလမ်း ဆိုတာ
ဗွက်တော ရယ်သာ၊ နောက်ပိုင်း
နှစ်အတော်ကြာမှ ကတ္တရာလမ်း
ဆိုတာ ဖြစ်လာတာ။

အင်းလျားကန် ပြိုမကျလာအောင်
ကျောက်တုံး တန်ချိန် များစွာ မြှုပ်ပြီး 
ကျားကန်ထားပြီး အပေါ်က မြေဖို့
ထားတဲ့အတွက် နှစ် (၁၀၀) ကျော် 
ဒီမြေအောက်က ကျောက်တုံးတွေ
ကို ဖြတ်ဖောက်ပြီး ဥမှင်လှိုင်ခေါင်း
တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ပါ။

အင်းယားကန်ဖက်ကနေ ပိုက်လုံးချ
ဆက်သွယ်ပြီး ဗမာပြည်ရဲ့ ရွှေ၊ ငွေ
သံယံဇာတတွေ၊ တဖက်က လက်
နက်တွေ၊ ပြည်ဖျက် စီမံကိန်းအတွက်
လိုအပ်ချက်တွေ  စသဖြင့် သယ်ထုတ် 
ပို့ဆောင် နေတာမျိုး သူအာဏာ မရ
ခင် နှစ်အတော်ကြာကထဲက ရှိနေပုံ
ပေါ်တာ သူ့အစ်ကို အောင်ဆန်းဦး
နဲ့ အမှု ဖြစ်တော့ အောင်ဆန်းဦးက
`သူမသိဘဲ အမွေဆိုင် အိမ်ကို ပြုပြင်
နေတာ သူလက်မခံကြောင်း´ ပြော
ထားဖူးတာ ရှိတယ်။

အာဏာ မထိမ်းခင် လပိုင်းအလိုမှာ
ကိုရီယား လေကြောင်းနဲ့ သေတ္တာ
အလုံးပေါင်း (၂၀) ကျော် ကသုတ်
ကယက် သယ်ထုတ်သွားတဲ့ သတင်း
ကိုလည်း လူအများ သတိမမူမိကြပါ။

ဒီအစီအမံတွေအားလုံးဟာ ဂျော့
ဆိုးရော့စ်ရဲ့ `ပွင့်လင်း လူ့အဖွဲ့အစည်း
[Open Society Foundations (OSF)]´ 
တဖြစ်လဲ `OSI´ စီမံကိန်း အချို့တဝက်
သာ ဖြစ်တယ်လို့ ယူဆစရာပါ။

`OSI´ ပြည်ဖျက် စီမံကိန်းမှာ တနှစ်
ကို ဒေါ်လာ (၅) သိန်းပေးပြီး လော်
ပေးတဲ့ အပျံမ၊ ခေါကြီး အပါအဝင် 
လူ (၂၀) ကို သူတို့ ခြေရှုပ်ထားတာ
တွေ ပေါ်မှာစိုးလို့ အမေရိကန်ကို 
အရောက် ခေါ်လိုက်တာလည်း 
သက်သေ တစ်ခုပဲ။

အောင်ဆန်းစုကြည် ကိုယ်၌က
ဂျော့ဆိုးရို့စ် `OSF´ ရဲ့ ဒလန်၊
တိုင်းပြည်ရဲ့ သစ္စဖောက်လို့
ပြောလို့ရတယ်။

အခြား မပြောနဲ့ ငဖြိုး မိန်းမ ရွှေဆိုင်
ကနေ မယ်ဒွေးဆီ လာဘ်ထိုးသူတွေ
ရွှေဝယ်တာတင် ပိသာ (၅၀) ရှိတယ်
ဆိုတော့၊ စဉ်းစားကြည့်လို့ရတယ်။

ငဖြိုး မိန်းမက ရွှေဝယ်ပြီး ပစ္စည်း အပ်
သူတွေရဲ့ နာမည်၊ လိပ်စာတင်မက
ကျသင့်တန်ဘိုးနှင့် ပစ္စည်းပုံစံ၊ ဥပမာ
ရွှေရင်ထိုး၊ ရွှေဆံထိုး စသဖြင့် ဘောက်
ချာနှင့်ကို သက်သေအဖြစ် ပေးအပ်ခဲ့
တာကြောင့် မယ်ဒွေး ရှေ့နေတွေလည်း
ဒွါရ ကိုးပေါက် ပိတ်သွားရတယ်။

တိုင်းရေး ပြည်ရေးက တို့တတွေ
ထင်တာထက် ဒီအပျက်မကြီး ရှုပ်
ထားတာ ဘယ်သူမှ ငြင်းမရနိုင်ပါ။

(Andrew Soe)
11th Oct 2021

======================