Sunday, October 17, 2021

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံဟာ(၃)အုပ်စု ကွဲသွားပါပြီ


ဒီအတိုင်း ဆက်သွားရင် အာဆီယံ
အကွဲအပြဲက ပိုပီပြင်သွားမယ်

တကယ်တော့ အာဆီယံဆိုတာ 
တရုတ် အင်အားကြီးထွားလာမှုကို 
တောင့်ခံဖို့ ရည်ရွယ်တဲ့ နိုင်ငံရေးအုပ်
စုပါ 

ကမ္ဘာ့မြေပုံမှာ အာဆီယံနိုင်ငံများ
တည်နေပုံကိုကြည့်ရင်တရုတ်ကြီးကို 
ဝိုင်းပတ်ထားပြီး တောင်တရုတ်ပင်
လယ်မှာ တရုတ်နဲ့ နယ်မြေပိုင်ဆိုင်မှု
အငြင်းပွားတိုင်းပြည်တွေ တရုတ်
ကြီးရဲ့စစ်အင်အားကြီးထွားလာမှုကို 
စိုးရွံ့နေတဲ့ နိုင်ငံများကို တွေ့ရလိမ့်မယ်

၁၉၈၈ အာဏာသိမ်း နဝတဟာ လက်ရုံးရည်သာမက နှလုံးရည် နိုင်ငံရေးကစားပုံ ပညာသားပါလွန်းတော့ ၁၉၉၇ မှာ မြန်မာကို အာဆီယံထဲ ဆွဲသွင်းရတဲ့အထိပဲ 

နိုင်ငံတကာ ဝေဖန်မှုကို အာဆီယံ ဂရုမစိုက်ခဲ့ပါ

မြန်မာ့နိုင်ငံရေးမှာ တပ်ကို ဖယ်ရှား၍မရ ဖြိုချ၍လည်းမရနိုင်ဆိုတာ ကမ္ဘာကမြင်အောင် 

နဝတလက်ထက် ပြသနိုင်ခဲ့တယ်

လောလောဆယ် အာဆီယံထဲ ရှိခြင်း မရှိခြင်းဟာ မြန်မာအတွက် အရေးမကြီးပါ

မြန်မာပြည်အရပ်ရပ် နေသူများအတွက် 

မိမိတို့ နေအိမ်မှာနေရင်း နားပြားအောင် အိပ်ပြီး 

နိုင်ငံတကာနည်းတူ စီးပွားရေးကျဆင်းမှု့ဒဏ်ကို တောင့်ခံဖို့ 

ငွေကြေး ဘဏ်စံနစ် တည်ငြိမ်ဖို့

မြန်မာ့မြေပေါ်နေ နိုင်ငံသားအားလုံး ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားနိုင်ကြဖို့

လက်ရှိ ကိုဗစ်ကပ်ရောဂါကို ခုခံတွန်းလှန်ဖို့သာ အရေးကြီးတယ်
..
..

ခုတော့ မြန်မာပြည်မှာ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးအောင် အုပ်ချုပ်နိုင်သူ မရှိဘူး သတ်မှတ်သလို

ထိပ်ပုတ်  ခေါင်းပုတ် လုပ်လာတာ နိုင်ငံသားတစ်ယောက်အတွက် အင်မတန် ခံပြင်းစရာကောင်းတယ်
..
..
..
အစဉ်လေးစားစွာဖြင့်

The Truths မှပြန်လည်မျှဝေလိုက်ပါသည်။

#HtayOung 
#OungMarine 
အောက်တိုဘာ-၁၇-၂၀၂၁
..