Sunday, August 1, 2021

"ရွေးကောက်ပွဲ ပျက်ပြယ်တယ်"


အလွန်ရှက်ဖို့ကောင်းပါတယ်
(ကမ္ဘာမှာလည်း မကြားခဲ့ဘူးပါဖူး)

   မြန်မာ့ ဒီမိုကရေစီမိတ်ကာတွေ
ကိုယ့်လည်ပင်းကိုယ်ကြိုကွင်းစွတ်
ကြဖို့ ကောင်းပါတယ် ။
ဒီ အဖြစ်မှာ စစ်တပ်အနေနဲ့လည်း
တာဝန် မကင်းပါဘူး  ။
      စစ်တပ် အစိုးရလုပ်ခဲ့စဉ်က
" ဒီမိုကရေစီအလေ့အကျင့်" 
ဆိုတဲ့စကားတွင်တွင်ပြောခဲ့တာ
မှတ်မိမှာပါ ။  
      စစ်တပ်က အဲဒီ
ဒီမိုကရေစီအလေ့အကျင့် ကို
ပြည်သူတွေအတွက်ပဲစဉ်းစားပြီး
နိုင်ငံရေးသမားတွေအတွက်မစဉ်းစားခဲ့ဘူး။
အဲဒီ အမှားက ၂၁ရာစု ခေတ်ပြိုင်
ဒီမိုကရေစီထူထောင်တဲ့နိုင်ငံတွေအကြားမှာ
ရုပ်ပျက်ဆင်းပျက်
နောက်ကြောင်းပြန်တဲ့အခြေအနေမျိုးအထိ
ဖြစ်လာရတာပါပဲ ။ 
     ဒါကြောင့် စစ်တပ်တာဝန်
မကင်းဘူးလို့ ပြောတာပါ ။
  စစ်တပ်က
ဘာလုပ်သင့်သလဲမပြောခင်
ဒီမိုကရက်တိုက်ဇေးရှင်း
၁၀ နှစ်ကာလ
မြန်မာပြည်မှာပြောင်းလဲသွားတဲ့
ထူးခြားချက်အချို့ကို ပြောပါမယ် -
၁။  အနောက်စည်းရိုးပေါက်သွားပါတယ် ။
      အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေတွေ
     ဖျက်စီးခံရပါတယ် ။
၂။  ပြည်ပစွက်ဖက်ခံရမှု
     စံချိန်သစ်အဖြစ် ICJ မှာ
     တရားစွဲခံရပါတယ် ။
၃။  ဘာသာတရား နဲ့ ယဉ်ကျေးမှု ကို
     ပေါ်ပေါ်ထင်ထင် စော်ကားခံလာရ ပါတယ် ။
     လစ်ဘရယ်အယူအဆသစ်ကြောင့်
    သွေးနှောမှတိုးတက်မယ် စကားလုံးသစ်ကို
    လူငယ်တွေနားဝင်လာကြပါတယ် ။ 
၄။  လင်နဲ့မယား၊ အဖေနဲ့သား
     သားနဲ့ အမေ၊ အမေနဲ့သမီးအစ
     မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံး
     ပြိုကွဲသွားပါတယ် ။
၅။  ငြိမ်းချမ်းရေး
     နောက်ပြန်ဆုတ်သွားပါတယ် ။
    "ခွဲထွက်ခွင့်"အသံကို ပြန်ကြားလာရပါတယ် ။
     လက်နက်ကိုင်သစ်တွေပေါ်လာပါတယ် ။
၆။  ဒေါ်လာအရှုပ်တော်ပုံနဲ့
     ငွေမည်းစီးဆင်းမှုတွေ မှာ
     အစိုးရကိုယ်တိုင်ပတ်သက်လာပါတယ် ။ 
     အဂတိ လိုက်စားမှုတွေ ပိုများလာပါတယ် ။
၇။  မီဒီယာတွေ အားလုံးနီးနီး
     ပြည်ပသြဇာခံတွေဖြစ်သွားပါတယ် ။
၈။  အမျိုးသားရေး
     ကိုယ်ခံအားနည်းလာတာနဲ့အမျှ
     အင်အားကြီးနိုင်ငံကြီးတွေရဲ့
     သြဇာတည် ဆောက်ရေးမဟာဗျူဟာ
     ခြေလှမ်းတွေ သိသိသာသာ
     ရှေ့တိုး လာကြပါတယ် ။
၉။  လူ့အခွင့်အရေး ဆိုတဲ့
     စကားလုံးအောက်မှာ
     တိုင်းရင်းသားအခွင့်အရေးတွေ
    ပျောက်သွားပါတယ် ။ 
၁၀။ ပါတီနိုင်ငံရေးသမားတွေ က
      ပညာရှင်တွေနေရာကိုယူကြတဲ့အတွက်
     တိုင်းပြည် အရည်အသွေးကျသွားပါတယ် ။ 
၁၁။ ဥပဒေပြုရေး ၊ တရားစီရင်ရေး၊
      အုပ်ချုပ်ရေး ကဏ္ဍတွေကြား
      မျှခြေတွေ ပျက်သွားပြီး ၊
      လူ ပုဂ္ဂိုလ်ကိုးကွယ်မှု ကြီးမားလာကာ
      ဒီမိုကရေစီအာဏာရှင်စနစ်ကို
      ဦးတည်လာပါတယ်။     
 ဒါတွေဟာ ဒီမိုကရေစီတည်ဆောက်မှု
ဒီကနေ့ မသေရင်လည်း 
မကြာခင်အချိန်မှာ သေသွားတော့မယ့်
အတွင်းကလီစာတွေ 
ပုတ်လာနေတာကိုတင်ပြတာပါ ။
 အခုတော့
စစ်တပ်က သူ့ပစ္စည်း သူပြန်ယူပြီး
အကြီးစားပြင်ဆင်မှုတွေလုပ်နေရပြီ ။
မြန်မာ့ဒီမိုကရေစီဟာ
စစ်တပ်ရဲ့ပစ္စည်းလို့ပြောရင်
ဝိုင်းပြီး သြဘာပေးကြဦးမယ် ။
ပေးချင်ပေး မပေးချင်နေ။
ဆိုရှယ်လစ်စနစ်ကိုဖျက်ပြီး
ဒီမိုကေရစီကို
အချက် ၇ ချက်ပါလမ်းညွှန်မြေပုံနဲ့
ဖွဲစည်းပုံဥပဒေဆွဲ ပြောင်းလဲပေးခဲ့တာ
စစ်တပ်ဆိုတာ မမေ့ကြပါနဲ့ ။
 စစ်တပ်လည်း
သင်ခန်းစာကောင်းကောင်းရလောက်ပါပြီ ။ 
  ဒီတစ်ခါ ဒီမိုကရေစီကို
ပြည်သူလက်ထဲပြန်အပ်ရင်
ဒီမိုကရေစီမတည်ဆောက်တတ်တဲ့
မြန်မာတွေလို့ ကမ္ဘာအလည်မှာ
သိက္ခာမက်ဖို့  ဒီမိုကေရစီသတို့သမီးကို 
ဗိုင်းကောင်းကျောက်ပိ ဖြစ်အောင်
ပြင်ဆင်သွန်သင်ပြီးမှ တိုင်းပြည်ပြန်အပ်မယ်လို့
ထင်ပါတယ် ။
   ရွေးကောက်ပွဲဖျက်သိမ်းပြီး
၂၀၁၀ ဒီမိုကရေစီရဲ့ ရေသောက်မြစ်ကို
နှုတ်လိုက်ပါပြီ ။
ဒီမိုကရေစီသစ်ကို "လက်ပူတိုက်တဲ့နည်း"နဲ့
အလောတကြီး ပြင်ပြီး ပြန်မပေးဖို့တော့
အကြံပြုလိုက်ချင်ပါတယ် ။
  စစ်တပ်ရဲ့ ဒီမိုကရေစီသဒ္ဓါလွန်မှုကြောင့်
ကျွန်တော်တို့အမျိုးသားရေးအင်အားစုတွေ
ဆက်ပြီးထောင်မကျချင်တော့ပါ ။
အသက်မပေးချင်တော့ပါခင်ဗျာ ။
credit
အမက်ဒိန်
29-7-2021