Wednesday, August 11, 2021

အဘတို့ အတွက် ခေါင်းလောင်းသံ


          ဒီနေ့ ဖောက်ခွဲရေး သမား ၅ ဦး ဗိုလ်တထောင် ၄၄ လမ်း တိုက်ပေါ်ကနေ ထွက်ပြေးရင်း ခုန်ချ သေသွားကြပါတယ် ။ တယောက် အရှင်မိတယ် ။ 

      ခုန်ချခဲ့တာ ကျား ၄ မ ၁ တဲ့ ။ တာဝန်ခံ ရဲအရာရှိက သက်ဆိုင်ရာ အထက်အဖွဲ့အစည်းတွေဆီကို သတင်းပို့နေတယ် ။ 

     အဲဒီ အသံဖိုင်ဟာ လိုင်းပေါ် ပျံ့နှံ့လာတာ ချက်ခြင်းပါပဲ ။ 

      အဲဒီ ရဲအရာရှိ နဲ့ အနီးကပ် တယောက်ယောက်ဟာ သစ္စာဖောက် ဖြစ်နေတာ ထင်ရှားပါတယ် ။ 

    အဲဒီ အသံဖိုင် ထွက်လာတာဟာ အဘ တို့ အတွက် အန္တရာယ် အချက်ပေး ခေါင်းလောင်းသံပဲ ဖြစ်ပါတယ် ။ 

       နောက်တဆက်တည်း ဘရွှေကြီး ဆေးရုံတက်ရတာ ကိုဗစ်ကြောင့် မဟုတ်ကြောင်း ၊ သာမန် လူကြီးရောဂါသာ ဖြစ်ပါသတဲ့ ။ သေဆုံးပြီ ဆိုတာလည်း မဟုတ်ပါဘူးတဲ့ ယခု သက်သာနေပြီလို့ လည်း သတင်းထွက်လာပြန်ပါတယ် ။ 

https://m.facebook.com/story.php?story_fbid=1558541357829366&id=100010205493778

        ကိုရွှေမျိုးဝင်း