Wednesday, August 11, 2021

သမိုင်းဝင် သမိုင်းတွင်မည့်စာ ၂ စောင် ( ဒေါ်စု ကြည်ရဲ့ယုတ်မာမှု ချိန်ကိုက်ဗုံး နဲ့ တပ်မတော်ရဲ့ စေတနာ )


ယနေ့အနီကင်းမဲ့ ဇုံထဲက ပြည်သူအများစု
အလွန်ပျော်ကြရတဲ့ ကာလပဲ ဖြစ်ပါတယ် ။
တိုက်ဆိုင်စွာပဲ ပြည်သူတွေ သိခွင့်မရတဲ့ နှစ်ဖက်ခေါင်းဆောင်တွေက ပြည်သူတွေ
အတွက် ရည်စူးပြီး စာတ စောင်စီ
ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ် ။

သူတို့ရေးခဲ့တဲ့ စာတွေရဲ့ အသွားအလာကို
ကြည့်ပြီး ပြည်သူ့အ ပေါ် ဘယ်သူက
စေတနာထားသလဲ ကြည့်ပါ ။

ဒေါ်စုကြည် ရေးခဲ့တဲ့စာက သူတို့ မဲနိုင် တာကို
စစ်တပ်က အသိအမှတ် မပြုပဲ အာဏာသိမ်းပါ
လိမ့်မယ် ။ ပြည်သူတွေ လမ်းပေါ်ထွက်ပြီး
စစ်တပ်နဲ့ ထိပ်တိုက်တွေ့ ဖို့ ကြေညာ
ထားတဲ့ စာပဲ ။

၈၈ တုန်းကလည်း ပြည်သူတွေကို မြောက်ပေးလို့ သေခဲ့ရတယ် ၊၊ သားသမီးခြင်း ကိုယ်ခြင်းမစာ ပဲ
က လေးတွေကို တောခိုခိုင်းတယ် ။ ဘဝ တွေ
ပျက်ခဲ့ရ အသက်တွေ ပေးခဲ့ရနဲ့ နစ်နာခဲ့တယ် ။

ဒီက နေ့လည်း ပြည်သူတွေကို အ မှောင်
တိုက်ထဲ ပြန်ထည့်ပြီး ဒုက္ခပေးဖို့ နောက်ဆုံး
သေခါနီး အချိန်ထိ နိုင် ငံရေး ဗုံးထောင်
ထားခဲ့ပါတယ် ။ ဒါဟာ ဒေါ်စုကြည်
ဘယ်လောက် ယုတ်မာသလဲ ဆိုတာ
အထင် အရှားဆုံး နမူနာပါပဲ ။

နောက်ထပ် စာတ စောင် က တော့
တပ်ချုပ်ကြီးက ဒေါ်စုကြည်ထံ
28-1-2021 က ပေးပို့ခဲ့တဲ့ စာပါပဲ ။

တပ်မ တော်က နေ ဥပ ဒေနဲ့ အညီ UEC ရဲ့ မဲစာရင်းတွေကို တိုက်ဆိုင် စစ်ဆေးဖို့
တောင်းဆိုခဲ့တာ မရခဲ့ဘူးတဲ့ ။

ဒါကြောင့် မဲစာရင်း စစ်ဆေးနိုင် ရန်
တပ်မ တော် အဆိုပြုမယ့် UEC အသစ်
ပြန်ဖွဲ့ပေးပါ ။ မလုပ်နိုင် ရင် ခြေ / ဥ အရ
ဆောင်ရွက် ရမယ်လို့ ရေးထားပါတယ် ။

နောက်ဆုံးထွက်ပေါက်အဖြစ် 28-1-2021
အထိ အသာဟ ပေးထားပြီး လက်ကမ်းခဲ့
ပေမယ့် မဲသူခိုးတွေဟာ ပြည်ပ အားကိုးပြီး
ထင် ရာ စိုင်းခဲ့ကြလို့ ယခုလို ဖြစ်ခဲ့ရတာပါ ။

တပ် မ တော်ဟာ အလွန်စိတ်ရှည်စွာ နဲ့
ဥပ ဒေလမ်းကြောင်း အတိုင်း စနစ်တကျနဲ့
ပြည်သူတွေ ထိခိုက်ခြင်း မရှိအောင်
ညင် သာစွာ ဆောင်ရွက် ခဲ့ကြတာ
အားလုံးအသိပါပဲ ။

တပ်ချုပ်ကြီးရဲ့ နောက်ဆုံး ၂၈ ရက်နေ့က
ဒေါ်စုကြည်ထံ ပေးစာဟာ အလွန်စွန့်စားပြီး
ပေးခဲ့ရတာပါ ။ အကယ်၍ NLD က လက်ခံပြီး
စေ့စပ်ခဲ့ရင် အမျိုးသားရေး အင် အားစုကြီးနဲ့
တပ်ချုပ်ကြီးတို့ ကြား အငြင်းပွားဖွယ် ဖြစ်လာပြီး
သူ့ရဲ့ ပုဂ္ဂိလိက ပုံရိပ် အကြီးအကျယ် ကျဆင်း
သွားမှာပါ ။

ဒါတွေကို တပ်ချုပ်ကြီး ကောင်းစွာ တွက်ဆ
နိုင်မှာ သေချာပါတယ် ။ ဒါပေမယ့် တိုင်းပြည်နဲ့
ပြည်သူရဲ့ အကျိုးကိုသာ ရှေးရှုပြီး နောက်ဆုံး
အ နေနဲ့ ရေးပေးလိုက်တဲ့ တပ်ချုပ်ကြီးရဲ့ စာဟာ
အင် မတန် တန်ဖိုးကြီးလှတဲ့ သူ့ရဲ့ စေတနာကို
ထင် ဟပ်စေပါတယ် ။

စာ ၂ စောင်ရဲ့ လားရာကိုလေ့လာပြီး ပိုင်ရှင်
၂ ဦးရဲ့ စိတ်ထားကို နှိုင်းယှဉ်ကြည့်ပြီး
ဘယ်သူက ပြည်သူကို တကယ်ချစ်တဲ့ သူ
ဘယ်သူက ပြည်သူကို ငရဲတွင်း တွန်းချပြီး
အာဏာအတွက် ခုတုံးလုပ်မယ့်သူလည်း
ဆိုတာ သိနိုင်ပါပြီ ဗျာ ။

#မျိုးဝင်း





1 , 2 , 2021