NLD လက်ထက်တုန်းက ရေးခဲ့ဖူးပါတယ် ။
တခါတုန်းက သိပ်ပြီး နာမည်ကြီးတဲ့ အကြားအမြင်ဆရာမကြီး တယောက်ရှိပါတယ် ။ သူက မေးခွန်း တခုပဲ မေး အတိအကျ မှန်အောင် ဟောနိုင်သတဲ့.... ။
တပည့်တယောက်လည်း ရှိတာပေါ့ ။ တနေ့ ကျောင်းသူ သုံးယောက်က အကြားအမြင်လာမေးကြပါတယ် ။ သူတို့က အကြားအမြင် ဟောခအဖြစ် တယောက်စာပဲ ပေးနိုင်မယ် မေးခွန်းကလည်း တခုထဲပဲ မေးမယ် သို့သော် မေးခွန်းက သုံးယောက်လုံး နဲ့ သက်ဆိုင်မယ် လို့ ညှိနှိုင်းလာပါတယ် ။
ဆရာမကြီးက သဘောတူတယ် ။ မေးခွန်းက သူတို့ သုံးယောက် စာမေးပွဲ ဖြေထားတယ် ဘယ်နှစ်ယောက်အောင်ပြီး ဘယ်နှစ်ယောက် ကျမှာလဲ တဲ့ ။
ဆရာမကြီးက အာရုံခဏခံပြီး လက်ညှိုးတချောင်း ထောင်ပြတယ် ။ ကလေးမတွေက ဟင် တယောက်ထဲ အောင်မှာလား လို့ ထပ်မေးကြတယ် ။
ဆရာမကြီးက ငါ့ရဲ့အာရုံအရ ဒါပဲ ဖြေခွင့်ရှိတယ် ကိုယ့်ဘာသာ စဉ်းစားပြပေတော့ ဆိုပြီး ပြန်ခိုင်းလိုက်ပါရော ။ အနီးနေ တပည့်က....
"ဆရာမကြီး ကျနော်လည်း နားမလည်ဖူး ဗျ အဖြေက ဘာလဲ ''
"အေး ငါ့တပည့် ဆရာမကြီး ဖြေလိုက်တာက သူတို့ သုံးယောက်လုံး ဘယ်လိုပဲ အဖြေထွက်ထွက် မှန်အောင် ဖြေပြလိုက်တာပဲ ''
"နားမလည်းသေးဖူး ဆရာမကြီး''
"ကဲ စာမေးပွဲ ဖြေလို့ ဖြစ်လာနိုင်တဲ့ အဖြေတွေကို မင်းမေးကြည့်စမ်းပါ ''
"သုံးယောက်လုံး အောင်တယ်ဆိုရင် ''
"ငါ့ရဲ့ လက်ညှိုးတချောင်းက တယောက်မှ မကျဖူး ဆိုတဲ့ အဓိပ္ပါယ်ပဲ တပည့်ကြီး ''
"ဒါဆို သုံးယောက်လုံး ကျရင်ကော''
"ငါ့ရဲ့ လက်ညှိုးက တယောက်မှ မအောင်ဖူး ငါ့တပည့်ကြီး ''
"ဒါဆို နှစ်ယောက်ပဲ အောင်ရင်ကော ''
"ငါ့ရဲ့ လက်ညှိုးတချောင်းက တယောက်တော့ ကျမယ်လို့ ပြောတာ တပည့်ကြီး ''
"ကဲ ဒါဆို တယောက်ပဲ အောင်ပြီး နှစ်ယောက်ကျရင်ရော ''
"ငါ့ရဲ့ လက်ညှိုးတချောင်းက တယောက်ပဲ အောင်မှာလို့ ပြောတာ တပည့်ကြီး ''
"ဟာ ဖြစ်နိုင်ချေ အားလုံးအတွက် လက်ညှိုးတချောင်းထဲနဲ့ မလွဲအောင် ဖြေပြသွားတာ နာမည်ကြီးထိုက်ပါတယ် ဆရာမကြီး ရယ် ''
ဟဲ ဟဲ အဲဒီထဲက အကြားအမြင် ဆရာမကြီး ဘဝပြောင်းပြီး ယခုဘဝမှာ လော်ဘီဖြစ်နေပြီလို့ သရော်ခဲ့ဖူးတယ် ဗျ ။
အခုထိ အဲဒီ အကြားအမြင်ဆရာမကြီးတွေ လော်ဘီအဖြစ် ရှိနေတုန်းပါဗျာ ။ တပ်မတော် အကွက်တွေ လှနေဆဲ ၊ ဟိုလိုလုပ်တာ ဒါကြောင့် တွေ့လား အခု ဒီလို ဖြစ်နေပြီ နဲ့ လော်နေတာတွေ တွေ့ရတော့ အင်မတန် ရီချင်လှပါတယ် ဗျာ ။
ကျနော်တို့က အဲသလို လုပ်ကြရမှာ မဟုတ်ပါဖူး ၊ လုပ်မှား ကိုင်မှား တွေကို ထောက်ပြပေးကြရမှာပါ ။ ဒါမှသာ ကျနော်တို့ ချစ်တဲ့ တပ်မတော်ကြီးက ပြင်နိုင်မှာပေါ့ ဗျာ ။ အခုဆို ဖရဲသီးတွေ ဖော်ထုတ်ပြနေတာ အတော်ထိရောက်တာ တွေ့တယ် မဟုတ်လား ဗျ ။
ချစ်လို့ ဝေဖန်တာကို နားလည်းကြရပါမယ် ။ မဟုတ်တဲ့ လော်ချက်တွေ နဲ့ စိတ်ဓာတ်စစ်ဆင်ရေးပါဆိုပြီး လုပ်နေကြတာလည်း တွေ့ရပါတယ် ။ ဖြစ်စေချင်လို့ ပေါက်ကရ တင်နေတာတွေက ဖြစ်မလာရင် စိတ်ဒဏ်ရာ ရတတ်တာလည်း သတိပြုရပါမယ် ။
ဥပမာ ရဲဘော်တွေရဲ့ ဇနီးတွေကို လစာချီးမြှင့်မယ် တို့ ဘာတို့ ဆိုတာ အတော်မလွယ်သေးတဲ့ ကိစ္စပါ ဗျာ ။
နိုင်ငံသိ ကြေညာထားတဲ့ ပညာရေး ဝန်ထမ်းတွေကို ဆုငွေချီးမြှင့်မယ် ဆိုတာတောင် လေထဲတင် ပျောက်နေတဲ့ အစိုးရက ဘယ်ပေးနိုင်အုံးမလဲ ဗျ ။ မျှော်လင့်သလို ဖြစ်မလာမှ ရဲမေတွေ စိတ်ဓာတ်ကျကုန်ရင် ငဖွလော်ဘီတွေက တရားခံပဲ ဗျ ။
မမေးသေးပဲ ပြောပါအုံးမယ် ဗျာ ယနေ့ထွက်လာတဲ့ NLD ဖျက်သိမ်းခြင်းဆိုတဲ့ စာဟာ အတုကြီးပါ ။
၁ ။ ပါတီ ဖျက်ကြောင်း ကြေညာရင် UEC ကသာ ကြေညာခွင့် ရှိပါတယ် ။ ပုံ အောင်လင်းဒွေး ဆိုတဲ့ ကိုယ်ပျောက်အတွင်းရေးမှူး လက်မှတ်ထိုးလို့ မရပါဘူး ။
၂ ။ စာအမှတ် ၁၆၁ / ၂၀၂၁ ဆိုတာ ယခင်က လူမှုရေးဝန်ကြီးတွေ ခန့်အပ်ခဲ့တဲ့ စာအမှတ်လို့ ဆရာထိန်က ပြောသွားပါတယ် ။
လက်ညှိုးတချောင်း အကြားအမြင် ဆရာများနဲ့ ကောလဟာလ အန္တရာယ်မှ ကင်းဝေးကြပါစေ ဗျာ ။
ကိုရွှေမျိုးဝင်း