Wednesday, August 11, 2021

ဂန္ဒီ ပြောသောစကား


နေ့လည်စာ  ထမင်းစားချိန်မှာ
ဂန္ဒီဟာ ပါမောက္ခထိုင်တဲ့ နေရာနဲ့တစ်တန်းထဲ
သွားထိုင်မိပါတယ်

ဒီတော့ ပါမောက္ခက.....
ဂန္ဒီကိုပြောလိုက်တယ်....

ဒီမှာ ဂန္ဒီ ငှက်တစ်ကောင်ဟာ  
ဝက်တစ်ကောင်နဲ့တစ်တန်းထဲရှိ မနေသင့်ဘူးဆိုတာ
မင်းမသိသေးဘူးထင်တယ် လို့ပြောလိုက်ပါတယ်

ဒါနဲ့ဂန္ဒီက.... စိတ်မပူမပါနဲ့ ပါမောက္ခကြီးရယ်
ကျနော်ပဲ အဝေးကိုပျံသန်းပေးပါ့မယ်ဆိုပြီး
နေရာရွှေ့ပေးလိုက်တယ်။

ဒီလို ပြောခံလိုက်ရတဲ့ ပါမောက္ခ ဟာ
စိတ်မကျေမနက်ဖြစ်သွားခဲ့တယ်

ဒါနဲ့  စာစစ်စာမေးနေရာရောက်တော့
ပါမေက္ခာဟာ ဂန္ဒီကို အင်မတန်ခက်ခဲတဲ့
မေးခွန်းတွေမေးပါတယ်

ပါမောက္ခ မေးတဲ့
မေးခွန်းပုစ္ဆာတွေကို ဂန္ဒီ က မဆိုင်းမတွ
ဖြေဆိုင်နိုင်သောအခါ .....

ပါမောက္ခဟာ အခဲမကျေပါဘူး
ဒါနဲ့ ကြံကြံဖန်ဖန်မေးခွန်းတစ်ခုကိုမေးပါတယ်

ဂန္ဒီ မင်းလျောက်လာတဲ့လမ်းမှာ
ငွေ  အပြည့်ထည့်ထားတဲ့အထုပ်တစ်ထုပ်နဲ့
ပညာတွေအပြည့်ထည့်ထားတဲ့အထုပ်တစ်ထုပ်
တွေ့ရင်  မင်းဘယ်အထုပ်ကိုကောက်ယူမလဲတဲ့

ဒါနဲ့  ဂန္ဒီက ငွေထုပ်ကိုယူမယ်လို့ဖြေလိုက်ပါတယ်

ဒီတော့ ပါမောက္ခဟာ သူ့အခွင့်ရေးထဲရောက်ပြီထင်လို့
ဟာ ဂန္ဒီ မင်းတော်တော်ညံ့တာပဲ

ငါသာဆို ပညာထုပ်ကိုယူမှာလို့ပြောလိုက်ပါတယ်
ဒီတော့မှ ဂန္ဒီက
မှန်ပါတယ် ပါမောက္ခကြီး .....

လူတွေရဲ့သဘာဝဟာ
ကိုယ့်မှာမရှိတာကိုပဲလိုချင်ကြတာမဟုတ်လား
ဟုပြန်ပြောလိုက်ပါတယ်။
**********************************
စေတနာဖြင့် ပြန်လည်ဖြန့်ဝေပေးလိုက်ပါသည်။

#Credit_

                    လေပြေနွေဦး (နွေ')

https://www.facebook.com/groups/402451327581584/?ref=share

https://www.facebook.com/groups/245597926648833/?ref=share